သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် ရန်ကုန်မှာ အခက်ကြုံရသူတွေကို စေတနာရှင်တွေကူညီ


ရန်ကုန်မှာ အခက်ကြုံရသူတွေကို စေတနာရှင်တွေကူညီ
ရန်ကုန်မှာ အခက်ကြုံရသူတွေကို စေတနာရှင်တွေကူညီ

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် နေအိမ်တွေမှာပဲ နေကြဖို့ မြန်မာအစိုးရအာဏာပိုင်တွေက တိုက်တွန်းထားချိန်မှာ စားဝတ်နေရေးကြောင့် အပြင်ထွက်နေကြရတဲ့သူတွေကို စေတနာရှင် အလှူရှင်တွေက တပိုင်တနိုင် လှူဒါန်းနေကြပါတယ်။ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ထဲက အနှေးယာဉ်လုပ်သား ဆိုက်ကားဆရာတွေကို aစတနာရှင်တချို့ လှူဒါန်းကြတဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုစည်သူက ပြောပြပါမယ်။

COVID–19 ရောဂါခံစားနေရသူတွေ ပြည်တွင်းမှာ တွေ့ရှိထားတာကြောင့် မဟာသင်္ကြန်ကာလမှာလည်း အိမ်မှာပဲနေကြဖို့ အစိုးရကညွှန်ကြားထားတာကြောင့် လက်လုပ်လက်စားတွေအတွက် အခက်အခဲဖြစ်နေရတာပါ။ အဲဒီအထဲမှာ ရန်ကုန်မြို့က အနှေးယာဉ်လုပ်သား ဆိုက်ကားဆရာတွေလည်း ပါပါတယ်။ အွန်လိုင်းကနေ စိတ်တူကိုယ်တူ မိတ်ဆွေတွေစုပေါင်းပြီး တောင်ဥက္ကလာပမြို့အတွင်းက အနှေးယာဉ်လုပ်သား ဆိုက်ကားဆရာတွေကို အခြေခံစားသောက်ကုန်တွေ လှူဖြစ်တဲ့အကြောင်း အလှူကို ကမကထလုပ်တဲ့ ကိုဇော်နိုင်က ပြောပါတယ်။

ရန်ကုန်မှာ အခက်ကြုံရသူတွေကို စေတနာရှင်တွေကူညီ
ရန်ကုန်မှာ အခက်ကြုံရသူတွေကို စေတနာရှင်တွေကူညီ

“ပုံမှန်ဝင်ငွေ မရှိတဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေအတွက်ကြတော့ သူတို့က COVID-19 ကပ်ရောဂါကြီးကို ကြားတယ် သိတယ်။ ဒါပေမဲ့ မထွက်လို့မရဘူး။ ကျနော်တို့အနေနဲ့ စဖြစ်တာကတော့ ရပ်ကွက်ထဲမှာ ဒီလိုပဲ လမ်းလျှောက်ရင်းနဲ့ ဆိုက်ကားဆရာတစ်ယောက်နဲ့တွေ့ရင်း ဆွဲမကောင်းဘူး ဆရာတဲ့ သူပြောလိုက်တဲ့ အပြောလေးကို ခံစားမိပြီးတော့ အဲဒါနဲ့ ဆိုက်ကားဆရာတွေကနေ စမယ်လို့ဖြစ်သွားတာပါ အမှန်တကယ်တော့ ခေါင်းရွက်ဖျတ်ထိုးဈေးသည်တွေ၊ တခြား တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစား အားလုံးအတွက် ကူချင်ပါတယ်”

ပြည်သူမှ ပြည်သူသို့ မျှဝေခြင်းအဖွဲ့လို့ အမည်ပေးထားတဲ့ စေတနာရှင်အဖွဲ့ကနေ ဆန်၊ ဆီ၊ ဆား ၊ ငရုတ် ၊ကြက်သွန် နဲ့ ကြက်ဥ လို အခြေခံစားသောက်ကုန်တွေအပြင် ကော်ဖီမှုန့်နဲ့ မုန့်တစ်ချို့လည်း လှူဒါန်းခဲ့ကြတာပါ။

စေတနာရှင်ရဲ့ လှူဒါန်းမှုအပေါ်ဆိုက်ကားဆရာတွေရဲ့ တုံ့ပြန်မှုက

“၁၀ ရက်နေ့က စပိတ်မှာလေ ၁၉ ရက်နေ့ထိဆိုတော့ လောလောဆယ် အိမ်မှာ စားရေးတော့ အဆင်ပြေသွားတာပေါ့ ကျေးဇူးတင်ပါတယ်။”

“အခုလိုလှူတဲ့အတွက် နောင်လည်းလှူနိုင်ပါစေလို့ ဆုတောင်းပါတယ်။”

အခုအလှူဟာ တောင်ဥက္ကလာမြို့နယ်တွင်းမှာ အနှေးယာဉ်လုပ်သား ၄၀၀ ကို ပထမဆုံးလှူဒါန်းတာဖြစ်ပြီးတော့ နောက်ရက်တွေမှာ အင်းစိန်၊ လှိုင်သာယာ၊ မြောက်ဥက္ကလာနဲ့ တခြားမြို့နယ်တွေမှာ အလားတူ လှူဒါန်းသွားဦးမယ်လို့ အလှူရှင်တွေက ပြောပါတယ်။ လာမယ့် ဧပြီလ ၁၀ ရက်နေ့ကစပြီး ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အခြေခံစားသောက်ကုန်တွေ အခမဲ့ဖြန့်ဝေပေးမယ်လို့ အစိုးရက အင်္ဂါနေ့မှာ ကြေငြာခဲ့ပါတယ်။

အလှူရှင်အဖွဲ့တွေ လှူဒါန်းတာအပြင် အစိုးရရဲ့ စားသောက်ကုန်ဖြန့်ဝေဖို့ အစီအစဉ်တွေလည်း စတင်အကောင်အထည်ဖော်နေပြီလို့ တောင်ဥက္ကလာစည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်းက ပြောပါတယ်။

“ဒီအစီအစဉ်ကတော့ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက ဆွဲထားတဲ့အစီအစဉ်ကို ဒီနေ့ အကောင်အထည်ဖော်ရခြင်း ဖြစ်ပါတယ်၊ အစိုးရရဲ့ အစီအစဉ်ကတော့ မနေ့ကမှ ထွက်တဲ့အစီအစဉ်ဖြစ်ပါတယ်၊ ဒါကတော့ ကျွန်တော်တို့ ထွေအုပ်နဲ့ မြို့နယ် COVID-19 ထိန်းချုပ်ကာကွယ်ရေးအဖွဲ့က ခဏကြာရင် လက်ရှိ စီစဉ်ထားတာရှိပါတယ် ၊ ဒါကတော့ ထွေအုပ်က ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။”

အစိုးရက ဆန်၊ ဆီ၊ ကြက်သွန်တွေ အခမဲ့ဝေငှမယ်ဆိုပေမဲ့ တတ်နိုင်သူတွေက ဆက်လက်လှူဒါန်းနေကြဖို့လည်း ကိုဇော်နိုင်က တိုက်တွန်းပါတယ်။

ရန်ကုန်မှာ အခက်ကြုံရသူတွေကို စေတနာရှင်တွေကူညီ
ရန်ကုန်မှာ အခက်ကြုံရသူတွေကို စေတနာရှင်တွေကူညီ

“ကိုယ့်ပတ်ဝန်းကျင်မှာ တတ်နိုင်တဲ့သူတွေကို တတ်နိုင်သလောက် ကူညီပေးကြစေချင်ပါတယ်၊နောက်တစ်ခုကတော့ အစိုးရက အရမ်းမချမ်းသာပါဘူး၊ ကျနော်တို့နိုင်ငံကလည်း အရမ်းမချမ်းသာပါဘူး၊ အစိုးရအနေနဲ့ အခက်အခဲတွေ အကန့်အသတ်တွေရှိမှာပါ၊ အဲဒီတော့ အရေးကြီးတာက ပြည်သူတွေပေ့ါနော် ပြည်သူတွေထဲမှာ တတ်နိုင်တဲ့သူတွေရှိပါတယ် နည်းနည်းမျှဝေနိုင်တဲ့သူတွေရှိပါတယ် ပြည်သူတွေကနေ ပြည်သူတွေကို တတ်နိုင်သလောက် မျှဝေကြပါလို့ ကျနော် တိုက်တွန်းချင်ပါတယ်”

မဟာသင်္ကြန်ကာလ အတွင်း အခမ်းအနားတွေ သင်္ကြန်မဏ္ဍပ်တွေ မလုပ်ဖို့ အစိုးရက ညွှန်ကြားထားပါတယ်။ ဒါ့အပြင် အများပြည်သူရုံးပိတ်ရက်အတွင်း မလိုအပ်ပဲ ခရီးမသွားကြဖို့ အိမ်ထဲမှာပဲနေဖို့နဲ့ မဖြစ်မနေကျန်းမာရေးနဲ့ စားနပ်ရိက္ခာဝယ်ယူဖို့ကလွဲရင် အပြင်မထွက်ကြဖို့ ဒေသအစိုးရတွေက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG