သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ စတင်ကူညီ

COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)

(Zawgyi/Unicode)

COVID-19 ကြောင့် မြန်မာတနိုင်ငံလုံး အသွားအလာတွေ ကန့်သတ်ပြီး စီးပွားရေးလုပ်ငန်းအများစု ယာယီရပ်နားထားချိန် အခြေခံ လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေး စိုးရိမ်စရာဖြစ်လာတယ်လို့ လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

သင်္ကြန်ရုံးပိတ်ရက်မှာ နေအိမ်ပြင်ပ မထွက်ဘဲ အသွားအလာတွေ ကန့်သတ်ဖို့ အစိုးရက နှိုးဆော်ထားပြီး ဒီကာလအတောအတွင်း လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေးကို COVID ဗဟိုကော်မတီ ရန်ပုံငွေနဲ့ ထောက်ပံ့ဖို့ စီစဉ်နေသလို တခြား အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေကလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်လှူဒါန်းတာတွေ စလုပ်နေပါတယ်။

ဒီအတောအတွင်း အလုပ်လက်မဲ့ဖြစ်သွားတဲ့၊ အလုပ်မသွားရတဲ့ အခြေခံလူတန်းစားတွေအတွက် သတ်မှတ်ချက်တွေ မထားဘဲ လှူဒါန်းနေကြောင်း Clean Yangon တာဝန်ခံ ကိုဇေယျာထွန်းက ပြောပါတယ်။

COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ ကူညီနေပုံ

COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
1/9 COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
2/9 COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
3/9 COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
4/9 COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
5/9 COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
6/9 COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
7/9 COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
8/9 COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
9/9 COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ လိုက်လံ ကူညီနေပုံ (သတင်းဓာတ်ပုံ - Clean Yangon)
Previous slide
Next slide

“အရင်ဦးဆုံး ကျနော်တို့က အခြေခံလူတန်းစား အများဆုံးရှိတဲ့ လှိုင်သာယာမှာ ကျနော်တို့ ဝေငှဖြစ်တယ်၊ ပန်းလှိုင်တံတားအောက်တို့၊ ဘုရင့်နောင်တံတား အောက်တွေမှာ အင်မတန်များတယ်ဗျ။ ပြောရမယ်ဆိုရင် ကျူးကျော်တွေပေါ့၊ အခြေခံလူတန်းစားတွေပေါ့။ နောက်တခုက တောင်ဒဂုံ မြို့နယ်ထဲမှာရှိတဲ့ အခြေခံလူတန်းစားတွေ၊ ရတနာလမ်းမပေါ့ အဲတောက်လျှောက် ကျနော်တို့ လိုက်ဝေဖြစ်တယ်။ မနက်ဖြန်လည်း ကျနော်တို့ ထပ်ဝေဖို့ အစီအစဉ်ရှိပါတယ်။”

အခြေခံလုပ်သားတွေနဲ့ စုဖွဲ့ထားတဲ့ H2M ပရဟိတကလည်း အစားအသောက်လိုအပ်တဲ့ အိမ်တွေကို ဧပြီလ ၁ ရက်က စပြီး ကိုယ်တိုင်သွားရောက် လှူဒါန်းတာတွေ လုပ်နေပါတယ်။

“ကုန်စုံဆိုင်ကြီးတွေ ဘာတွေ၊ ညာတွေက ဖုန်းလေးတချက်သာ ဆက်လိုက်ပါ ပစ္စည်းဈေးနှုန်း မတင်ပါဘူး အိမ်အရောက်ဝန်ဆောင်မှု ပေးပါမယ်ဆိုတော့ ပိုက်ဆံရှိတဲ့သူက မှာစားလို့ရတယ်လေ။ ပိုက်ဆံမရှိတဲ့သူက ဘယ်လိုစားမလဲ။ ဈေးတွေကလည်း ပိတ်တယ်၊ စက်ရုံတွေကလည်း ပိတ်တယ်၊ အလုပ်ရုံတွေလည်း ပိတ်တယ်၊ construction site တွေကလည်းရပ်တယ်။ အခက်အခဲဖြစ်တော့ တချို့လူတွေက ကျနော်တို့ကို ဆက်သွယ်လာတဲ့ အခါကျတော့ ကျနော်တို့က တရက်ကို မိသားစု ၃၀ စာလောက် နေ့စဉ်အိမ်အရောက် ပစ္စည်း delivery လိုက်ပို့ပေးတာပေါ့။”

H2M ပရဟိတအဖွဲ့တာဝန်ခံ ကိုညီညီပြောပြသွားတာပါ။

ကုန်သည်အသင်းချုပ်ကတော့ အခြေခံလူတန်းစားတွေအတွက် အစားအသောက်ထောက်ပံ့ဖို့ ကျပ်သိန်း ၁,၅၀၀ မတည်ပြီး လှူဒါန်းသွားမယ့် အစီအစဉ်ကို ဒီနေ့စတင်လိုက်ပါတယ်။

“နဂိုကတည်းက စီးပွားရေးတွေက အတိုင်းအတာတခုအထိ ထိခိုက်နေပြီ၊ အဲဒီတော့ ကျနော်တို့ အခြေခံလူတန်းစား ဘာပဲဖြစ်ဖြစ် စားဝတ်နေရေးက အခက်အခဲတွေ ရှိလာပြီ။ အဲဒီလို အနေအထားမျိုးမှာ သင်္ကြန်ပိတ်တယ်၊ Quarantine ရော လုပ်မယ်ဆိုရင် ပြည်သူတွေက အတော်လေးခက်ခဲမှာ။ အဲဒီအတွက် ကျနော်တို့က အသင်းချုပ်က ရံပုံငွေစပြီး မတည်မယ်၊ ပြီးရင် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား ဝယ်မယ်။ ဝယ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ရပ်ကွက်အလိုက် ဖြန့်မယ်ဆိုတဲ့ ဟာမျိုးတွေ စီစဉ်ထားပါတယ်။”

ကုန်သည်စက်မှုအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း ပြောသွားတာပါ။ ကုန်ဈေးနှုန်း ထိန်းညှိနိုင်အောင် စက်မှုဇုံတွေရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံအရှေ့ပိုင်း တောင်ပိုင်းမြို့နယ်တွေမှာ အခြေခံစားသောက်ကုန်တွေကို လက်ကားဈေးနဲ့ ရောင်းချတာကိုလည်း လုပ်နေကြောင်း သူက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကလည်း လက်လုပ်လက်စားတွေရဲ့ စားဝတ်နေရေးအတွက် COVID ဗဟိုကော်မတီရံပုံငွေနဲ့ ထောက်ပံ့ပေးဖို့ ရှိပြီး ဒီကော်မတီ ရန်ပုံငွေအတွက် လှူဒါန်းကြဖို့လည်း သူ့ရဲ့ Facebook စာမျက်နှာကနေ မေတ္တာရပ်ခံထားပါတယ်။

COVID-19 ကြောင့် အကူအညီလိုသူတွေကို လူမှုရေးအဖွဲ့တွေ စတင်ကူညီ
please wait

No media source currently available

0:00 0:03:00 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG