သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ေတာင္ပိုင္းေဒသေတြမွာ ကိုဗစ္ေၾကာင့္ ေဆး႐ုံလူနာအေရအတြက္မ်ားျပားလာ


ကိုွဗစ္ပိုးကူးမခံရေအာင္ နယူးေယာက္ၿမိဳ႔က ႏွာေခါင္းစည္းတပ္ထားသူ၊ ဂ်ဴလုိင္ ၃၀၊ ၂၀၂၁။

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု ေတာင္ပိုင္းျပည္နယ္တခ်ိဳ႕မွာ COVID-19 ေရာဂါနဲ႔ ေဆး႐ုံေရာက္လာသူေတြ ျပန္မ်ားလာေနပါတယ္။ မ်ိဳးဗီဇ ဆင့္ကဲေျပာင္းလဲလာတဲ့ Delta ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈေတြ ႀကဳံေနရတာျဖစ္ၿပီး ျပည္နယ္တခ်ိဳ႕မွာ ကူးစက္မႈေတြ စံခ်ိန္တင္ ျပန္မ်ားလာေနပါတယ္။ လူဝီစီယားနား၊ဖေလာရီဒါ နဲ႔အာကန္ေဆာ့ ျပည္နယ္ေတြမွာ Delta ဗိုင္းရပ္စ္ပိုး ကူးစက္မႈေတြ ေတြ႕လာခ်ိန္ကစလို႔ ကိုဗစ္ေၾကာင့္ ေဆး႐ုံေရာက္လာသူေတြ တေက်ာ့ျပန္ မ်ားလာေနတာလို႔ အဲ့ဒီျပည္နယ္ေတြက တာဝန္ရွိသူေတြက ေျပာပါတယ္။

အထင္ကရ ရီပတ္ဘလစ္ကန္ အထက္လႊတ္ေတာ္အမတ္တဦးျဖစ္တဲ့ Lindsey Graham လည္း ကိုဗစ္ကာကြယ္ေဆး ထိုးၿပီးမွာကိုပဲ ေရာဂါ ကူးစက္ခံေနရပါတယ္။ ကာကြယ္ေဆးထိုးလို႔သာ သူ႔အေနနဲ႔ ေရာဂါ လကၡဏာ ျပင္းျပင္းထန္ထန္ မခံစားရတာ ျဖစ္တယ္လို႔လည္း မစၥတာ Graham က သူ႔ရဲ႕ တြီတာလူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးထားပါတယ္။ ခုကေတာ့ တုပ္ေကြးလကၡဏာေလာက္သာ ခံစားရၿပီး ေနအိမ္မွာ ၁၀ ရက္ သီးျခား ကြာရမ္တင္း ေနသြားမယ္လို႔ မစၥတာ Graham က ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ကာကြယ္ေဆးထိုးၿပီးသူ အေရအတြက္ ပိုမ်ားလာေနတယ္ဆိုေပမဲ့ ကာကြယ္ေဆး မထိုးရေသးသူေတြလည္း အမ်ားအျပား က်န္ေနပါေသးတယ္။ ဒီလိုကာကြယ္ေဆး မထိုးေသးတဲ့ေနရာေတြမွာ ဗိုင္းရပ္စ္ပိုးကူးစက္မႈ ပို မ်ားတယ္လို႔ိ အိမ္ျဖဴေတာ္ရဲ႕ COVID-19 ကပ္ေဘး တုံ႔ျပန္ကိုင္တြယ္ေရးဆိုင္ရာ အဖြဲ႕ တာဝန္ခံ Jeff Zients က ေျပာပါတယ္။ ကာကြယ္ေဆးထိုးဖို႔ တိုက္တြန္းမႈေတြအျပင္ ကူးစက္မႈေတြ ပိုဆိုးလာေနတဲ့ ေနရာေတြမွာ ႏွာေခါင္းစည္း မျဖစ္မေန တပ္ဖို႔နဲ႔ လုပ္ငန္းဌာနေတြမွာ လိုက္နာရမယ့္ ကိုဗစ္ ကာကြယ္ေဆးစည္းကမ္းခ်က္သစ္ေတြလည္း တာဝန္ရွိသူေတြက ျပန္လည္ ထုတ္ျပန္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


(Unicode)

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းပြည်နယ်တချို့မှာ COVID-19 ရောဂါနဲ့ ဆေးရုံရောက်လာသူတွေ ပြန်များလာနေပါတယ်။ မျိုးဗီဇ ဆင့်ကဲပြောင်းလဲလာတဲ့ Delta ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ ကြုံနေရတာဖြစ်ပြီး ပြည်နယ်တချို့မှာ ကူးစက်မှုတွေ စံချိန်တင် ပြန်များလာနေပါတယ်။ လူဝီစီယားနား၊ဖလောရီဒါ နဲ့အာကန်ဆော့ ပြည်နယ်တွေမှာ Delta ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ တွေ့လာချိန်ကစလို့ ကိုဗစ်ကြောင့် ဆေးရုံရောက်လာသူတွေ တကျော့ပြန် များလာနေတာလို့ အဲ့ဒီပြည်နယ်တွေက တာဝန်ရှိသူတွေက ပြောပါတယ်။

အထင်ကရ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ Lindsey Graham လည်း ကိုဗစ်ကာကွယ်ဆေး ထိုးပြီးမှာကိုပဲ ရောဂါ ကူးစက်ခံနေရပါတယ်။ ကာကွယ်ဆေးထိုးလို့သာ သူ့အနေနဲ့ရောဂါ လက္ခဏာ ပြင်းပြင်းထန်ထန် မခံစားရတာ ဖြစ်တယ်လို့လည်း မစ္စတာ Graham က သူ့ရဲ့ တွီတာလူမှုကွန်ရက် စာမျက်နှာမှာ ရေးထားပါတယ်။ ခုကတော့ တုပ်ကွေးလက္ခဏာလောက်သာ ခံစားရပြီး နေအိမ်မှာ ၁၀ ရက် သီးခြား ကွာရမ်တင်း နေသွားမယ်လို့ မစ္စတာ Graham က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ဆေးထိုးပြီးသူ အရေအတွက် ပိုများလာနေတယ်ဆိုပေမဲ့ ကာကွယ်ဆေး မထိုးရသေးသူတွေလည်း အများအပြား ကျန်နေပါသေးတယ်။ဒီလိုကာကွယ်ဆေး မထိုးသေးတဲ့နေရာတွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ပို များတယ်လို့ိ အိမ်ဖြူတော်ရဲ့ COVID-19 ကပ်ဘေး တုံ့ပြန်ကိုင်တွယ်ရေးဆိုင်ရာ အဖွဲ့ တာဝန်ခံ Jeff Zients က ပြောပါတယ်။ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းမှုတွေအပြင် ကူးစက်မှုတွေ ပိုဆိုးလာနေတဲ့ နေရာတွေမှာ နှာခေါင်းစည်း မဖြစ်မနေ တပ်ဖို့နဲ့ လုပ်ငန်းဌာနတွေမှာ လိုက်နာရမယ့် ကိုဗစ် ကာကွယ်ဆေးစည်းကမ်းချက်သစ်တွေလည်း တာဝန်ရှိသူတွေက ပြန်လည် ထုတ်ပြန်ထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG