သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး ၃ ႀကိမ္ထိုးမွ အသက္အႏၱရာယ္ စိတ္ခ်ရ


ကိုဗစ္ကာကြယ္ေဆး ၃ ႀကိမ္ထိုးမွ အသက္အႏၱရာယ္ စိတ္ခ်ရ
please wait

No media source currently available

0:00 0:04:57 0:00

ကိုဗစ္ေရာဂါပိုး မ်ဳိးကဲြသစ္ တခုၿပီးတခု ေပၚလာေနတဲ့ အေျခအေနကို အေမရိကန္ျပည္ေထာင္စုမွာ ဘယ္လိုရင္ဆိုင္ေနၾကသလဲ။ အေမရိကန္ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ကို ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အေၾကာင္းစံုကို ေျပာျပမွာပါ။

အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကာကြယ္ေဆးသံုးလံုး ထိုးသူေတြပါ ဗိုင္းရပ္စ္ပိုးကူးစက္မႈ ျမင့္မားေနရာမွာ ေရွ႕တန္းက ကုသေပးေနတဲ့ ျမန္မာဆရာဝန္ တခ်ဳိ႕လည္း ကူးစက္ခံခဲ့ရပါတယ္။ ကာကြယ္ေဆး ထိုးၿပီးသူေတြမွာ ကိုဗစ္ျဖစ္တဲ့ ေဝဒနာလကၡဏာ ဘယ္လိုရွိသလဲ။ ကာကြယ္ေဆး အျပည့္ထိုးသူေတြကိုပါ လက္ရွိ COVID-19 မ်ိဳးကြဲသစ္ Omicron ပိုး ကူးစက္ေနတာ ဘာေၾကာင့္လဲ။
ကိုဗစ္ေရာဂါပိုး မ်ဳိးကဲြသစ္ တခုၿပီးတခု ေပၚလာေနတဲ့ အေျခအေနကို အေမရိကန္ျပည္ေထာင္စုမွာ ဘယ္လိုရင္ဆိုင္ေနၾကသလဲ။ အေမရိကန္ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ကို ဆက္သြယ္ေမးျမန္းထားတဲ့ မအင္ၾကင္းႏိုင္က အေၾကာင္းစံုကို ေျပာျပမွာပါ။
အေမရိကန္ႏုိင္ငံမွာ ဒီဇင္ဘာ ဒုတိယပတ္ကစၿပီး Omicron ပိုး ကူးစက္မႈႏႈန္း တရွိန္ထိုး ျမင့္တက္ခဲ့ရာမွာ ဇန္နဝါရီလ တတိယပတ္မွာေတာ့ ျပည္နယ္အလိုက္ အတက္အက် ရွိလာေနပါတယ္။ နယူးေယာက္မွာေတာ့ လက္ရွိ ကူးစက္မႈႏႈန္း အနည္းငယ္ က်ဆင္းလာတယ္လို႔ နယူးေယာက္ၿမိဳ႕ Wyckoff Heights ဒုေဆး႐ုံအုပ္ ကူးစက္ေရာဂါ အထူးကု ေဒါက္တာေဇယ်ာသက္က ဗီြအိုေအကို ေျပာပါတယ္။
အေမရိကန္မွာ ကိုဗစ္ကာကြယ္ေဆး ထိုးၿပီးသူေပါင္း ၇၀ ရာခုိင္ႏႈန္းေလာက္ ရွိလာခ်ိန္မွာေတာင္ COVID-19 မ်ိဳးကြဲသစ္ Omicron ပိုး ကူးစက္မႈႏႈန္း အရင္အႀကိမ္ေတြထက္ အဆမတန္ ျမင့္မားေနတာပါ။ ေရွ႕တန္းက ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြလည္း ဒီတႀကိမ္မွာ အစုလိုက္အၿပံဳလိုက္ ကူးစက္ခံရသလို ျမန္မာဆရာဝန္တခ်ဳိ႕လည္း ပါဝင္ေၾကာင္း ေဒါက္တာေဇယ်ာသက္က ဆိုပါတယ္။ ကိုဗစ္ကာကြယ္ေဆး အျပည့္ သံုးလံုးထိုးထားသူေတြေတာင္ Omicron ပိုး ကူးစက္ခံရတာ ဘာေၾကာင့္ပါလဲ။ ေဒါက္တာေဇယ်ာသက္က အခုလို ရွင္းျပပါတယ္။
“သူတုိ႔က ဘာေခၚတာလဲဆုိေတာ့ Immune Escape လို႔ က်ေနာ္တုိ႔က သုံးတာေပါ့ေနာ္။ အဲဒါေၾကာင့္ ဟိုတေန႔က Meeting တခုမွာ သူတုိ႔ ေျပာၾကတယ္။ ဒါကေတာ့ ပညာရွင္ေတြက ခန္႔မွန္းတာေပါ့ေလ။ Immune Escape ဆုိတာ ဘာလဲဆုိေတာ့ ဒီဗုိင္းရပ္စ္ဟာ အမ ေဆးထိုးထားတယ္၊ က်ေနာ္တုိ႔လည္း ေဆးထိုးထားတယ္၊ တကယ္တမ္းေတာ့ ေရာဂါ မျဖစ္ရဘူးေပါ့၊ ဒီလိုမျဖစ္ရတဲ့ဟာကို ဒီေကာင္က Escape လုပ္ခ်သြားတာ။ ကြင္းထဲကေန လြတ္ထြက္သြားတာေပါ့။ အေပါက္တခုရွာၿပီး အျပင္ကို ထြက္သြားႏုိင္တဲ့ အေျခအေနတခု ရသြားတယ္။ ဒါေပမယ့္ ဒီေကာင္က ေကာင္းတဲ့တခ်က္က Tropism လုိ႔ေခၚတဲ့ ႀကိဳက္တဲ့ေနရာေပါ့၊ အရင္ ဒီဗုိင္းရပ္စ္က အဆုတ္ကုိ အရမ္းႀကိဳက္တယ္။ အဆုတ္ကုိ ဒုကၡသြားေပးတယ္။ ဒီေကာင္က ဒီတေခါက္က်ေတာ့ Lungs Tropism ကုိ ဒီေလာက္မရွိဘူး။ မရွိဘူးဆုိတာ သေဘာက က်ေနာ္တို႔ Vaccine ေတြ ထုိးထားတဲ့အတြက္ေၾကာင့္ အဆုတ္ကုိေတာ့ ဒုကၡမေပးသြားဘူး။
“သုံးလုံးထုိးထားတဲ့လူေတြ အမေတြ႔ပါတယ္။ ေအးေအးေဆးေဆးပဲ၊ ၃ ရက္ေလာက္ လည္ပင္းနာတယ္၊ ၂ ရက္ေလာက္ လည္ပင္းနာမယ္၊ ကိုယ္ေတြလက္ေတြ ကိုက္မယ္၊ ႏုံးမယ္။ က်ေနာ့္ရဲ႕ တပည့္ေတြေတာင္ ျဖစ္တာပဲ။ ႏုံးၿပီးျဖစ္သြားတယ္။ ေလးရက္ ငါးရက္ေလာက္ေနေတာ့ ပုံမွန္အတုိင္း ျပန္ျဖစ္သြားတယ္။ လူက အေကာင္း ျပန္ျဖစ္သြားတယ္။ သူက အေပါက္ကေနေတာ့ ဒီေကာင္က ထြက္သြားတယ္။ ထြက္သြားတဲ့အတြက္ေၾကာင့္ ေရာဂါကေတာ့ ရလာႏုိင္တယ္။ ဒါေပမယ့္ အဆုတ္ကုိေတာ့ Protection လုပ္ေပးထားတဲ့အတြက္ေၾကာင့္ အဆုတ္မွာသြားၿပီးေတာ့ ဗုိင္းရပ္စ္က Attach မလုပ္ဘူး။ ဒါေပမယ့္လည္း တျခားေနရာေတြမွာေတာ့ Still Attach သြားလုပ္ေသးတယ္။ ဒီတေခါက္ လည္ပင္းနာတဲ့လူေတြ လည္ပင္းအရမ္းနာတယ္၊ ဝမ္းသြားတဲ့လူက အရမ္းဝမ္းသြားတယ္၊ ၿပီးသြားရင္ ႏုံးတာေပါ့။ ႏုံးတဲ့လူေတြက အရမ္းႏုံးတယ္။ က်ေနာ့္ဆီမွာ သုံးလုံးထုိးထားတဲ့လူ ရွိတယ္။ ကေ်နာ့္အလုပ္ထဲက လူေတြလည္း Recovery ေကာင္းေကာင္း မရေသးဘူး။ Recovery ေကာင္းေကာင္း မရေသးဘူးဆိုတာ တပတ္ေက်ာ္ၿပီ၊ ႏွစ္ပတ္ေက်ာ္ၿပီ၊ သုံးပတ္ေက်ာ္ၿပီ။ ခုနလုိမ်ဳိး ဖ်ားေနတာ မဟုတ္ဘူးေနာ္။ ကိုယ္ထဲမွာ Energy မရွိဘူး။ မစားခ်င္ မေသာက္ခ်င္ဘူး။ က်ေနာ့္တပည့္ဆုိရင္ တပတ္ေက်ာ္ၿပီ၊ သူက ငယ္ပါတယ္၊ ဒီေန႔အထိ ေခ်ာင္းဆုိးေနတုန္းပဲ၊ တဟြတ္ဟြတ္နဲ႔ကို ဆုိးေနတာ။”

SEE ALSO:
အေမရိကန္မွာ ကိုဗစ္ေရာဂါပိုး စစ္ေဆးမႈေတြ အရွိန္ျမႇင့္


တကယ္တမ္း Omicron လို႔ ေယဘုယ် ေျပာေနၾကေပမယ့္ သူ႔အရင္ပိုးျဖစ္တဲ့ Delta လည္း ျဖစ္ႏိုင္တယ္လို႔ ေဒါက္တာေဇယ်ာသက္က ဆုိပါတယ္။
“ဒီ CDC ကုိယ္တုိင္ကကို ေျပာတာပဲ၊ ၈၀ ရာခုိင္ႏႈန္း Omicron မဟုတ္ေသးပါဘူး။ ၅၀ နဲ႔ ၆၀ အမ်ားဆုံးျဖစ္လွမွ ဒီေလာက္ပဲ ရွိပါေသးတယ္။ Delta ကလည္း ရွိေနေသးတယ္ေပါ့၊ ဆုိတာ့ ေျပာခ်င္တဲ့သေဘာကေတာ့ ဒီဗုိင္းရပ္စ္က ေပါ့ေပါ့ေသးေသး ဗုိင္းရပ္စ္ဆိုတာေတာ့ မဟုတ္ဘူး။ သူ႔ဟာသူ Immune Escape ဆုိတဲ့ဟာကို လုပ္ႏုိင္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူက ၅၀ အထက္မွာ Mutation ျဖစ္သြားတဲ့အတြက္ေၾကာင့္ ကိုယ္ခႏၶာထဲမွာရွိတဲ့ ဆဲလ္ေတြကို သြားၿပီး Attack လုပ္လုိက္တယ္။ ဒါေၾကာင့္မို႔ ေရာဂါေတာ့ ရမွာပဲ။”
ဒါေၾကာင့္ ကာကြယ္ေဆးသံုးလံုးထိုးလို႔ ေရာဂါမရဘူး ဆိုတာမ်ဳိး မရွိေပမယ့္ အသက္ဆံုး႐ႈံးမႈ မရွိသေလာက္ ျဖစ္လာတဲ့အတြက္ ကာကြယ္ေဆး ႏွစ္လံုးအစား သံုးလံုးထိ ထိုးၾကဖို႔ အေမရိကန္ CDC က ညႊန္ၾကားခ်က္ေတြ ထုတ္ျပန္တဲ့ အေၾကာင္းအရင္းကို ေဒါက္တာေဇယ်ာသက္က ရွင္းျပပါတယ္။
“ႏွစ္လုံးထုိးထားတဲ့လူမွာ Serious Illness ဆုိတာ ျဖစ္ႏုိင္တယ္။ ႏွစ္လုံးထိုးထားၿပီး Booster မရေသးရင္။ ဒါေၾကာင့္မို႔ ဒီႏုိင္ငံမွာ Booster ကို ခ်က္ခ်င္းကို ခ်ပစ္လုိက္တာ။ အရင္တုန္းက ၆ လလုိ႔ေျပာတယ္၊ ၉ လလုိ႔ေျပာတယ္၊ အခု ခ်က္ခ်င္းကို ေနာက္ဆုံး ၅ လဆုိတဲ့ဟာကို ခ်ေပးလိုက္တဲ့ဟာ၊ ၿပီးေတာ့ ကေလးေတြမွာအစ ၅ ႏွစ္ကအထက္ အကုန္လုံး သူတုိ႔မွာလည္း Booster ထုိးလို႔ရပါတယ္ ဆုိၿပီးေတာ့။ ဘာေၾကာင့္လဲဆုိေတာ့ Three Dose is Enough ဆုိတဲ့ဟာ သူတုိ႔သိသြားတယ္။ ဒါက ေသခ်ာတယ္။ 3 Dose ထိုးထားတဲ့လူေတြမွာ Lungs ကုိသြားၿပီး Attack လုပ္လုိ႔မရဘူးဆိုတာေတာ့ သေခ်ာတယ္။ အဲဒီအတြက္ေၾကာင့္ အသက္အႏၱရာယ္ စုိးရိမ္ရတဲ့ အေနအထားေတာ့ မဟုတ္ဘူးေပါ့။ ဒါေပမယ့္လည္း သုံးလုံးထုိးထားလို႔ ေရာဂါမျဖစ္ဘူး ဆုိတာေတာ့ မဟုတ္ဘူး။”
Omicron ပိုး ကူးစက္မႈႏႈန္း အႀကီးအက်ယ္ ရင္ဆိုင္ေနရတဲ့ အေမရိကန္ျပည္ေထာင္စုမွာ ေရာဂါထိန္းခ်ဳပ္ႏိုင္ေရး ဒီသီတင္းပတ္ကစၿပီး အရည္အေသြးျမင့္ ႏွာေခါင္းစည္းေပါင္း သန္းနဲ႔ခ်ီၿပီး သမၼတ ဘိုင္ဒန္ အစိုးရက အခမဲ့ ျဖန္႔ေဝမွာ ျဖစ္ပါတယ္။ N95 အမ်ိဳးအစား ႏွာေခါင္းစည္းေပါင္း သန္း ၄၀၀ ကို အေမရိကန္ႏိုင္ငံတဝန္းရွိ ေထာင္နဲ႔ခ်ီတဲ့ ေဆးဆိုင္ေတြ၊ ေဒသအလိုက္ က်န္းမာေရးဌာနေတြကို ပို႔ေဆာင္ေပးသြားမွာျဖစ္ၿပီး အရြယ္ေရာက္ၿပီးသူ တဦးကို ႏွာေခါင္းစည္းသုံးမ်ိဳး ရရွိႏိုင္ေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္ အိမ္ျဖဴေတာ္ရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
Embed share
ကိုဗစ္ကာကြယ္ေဆး ၃ ႀကိမ္ထိုးမွ အသက္အႏၱရာယ္ စိတ္ခ်ရ
by ဗီြအိုေအ

Embed share
The code has been copied to your clipboard.

The URL has been copied to your clipboard
Facebook တြင္ျဖန္႔ေ၀ရန္
Twitter တြင္ျဖန္႔ေ၀ရန္


No media source currently available
0:00 5:30
4:43
တိုက္႐ိုက္ လင့္ခ္
----------------------
(Unicode)
ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးမှ အသက်အန္တရာယ် စိတ်ချရ
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကာကွယ်ဆေးသုံးလုံး ထိုးသူတွေပါ ဗိုင်းရပ်စ်ပိုးကူးစက်မှု မြင့်မားနေရာမှာ ရှေ့တန်းက ကုသပေးနေတဲ့ မြန်မာဆရာဝန် တချို့လည်း ကူးစက်ခံခဲ့ရပါတယ်။ ကာကွယ်ဆေး ထိုးပြီးသူတွေမှာ ကိုဗစ်ဖြစ်တဲ့ ဝေဒနာလက္ခဏာ ဘယ်လိုရှိသလဲ။ ကာကွယ်ဆေး အပြည့်ထိုးသူတွေကိုပါ လက်ရှိ COVID-19 မျိုးကွဲသစ် Omicron ပိုး ကူးစက်နေတာ ဘာကြောင့်လဲ။
ကိုဗစ်ရောဂါပိုး မျိုးကွဲသစ် တခုပြီးတခု ပေါ်လာနေတဲ့ အခြေအနေကို အမေရိကန်ပြည်ထောင်စုမှာ ဘယ်လိုရင်ဆိုင်နေကြသလဲ။ အမေရိကန် ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို ပြောပြမှာပါ။
အမေရိကန်နိုင်ငံမှာ ဒီဇင်ဘာ ဒုတိယပတ်ကစပြီး Omicron ပိုး ကူးစက်မှုနှုန်း တရှိန်ထိုး မြင့်တက်ခဲ့ရာမှာ ဇန်နဝါရီလ တတိယပတ်မှာတော့ ပြည်နယ်အလိုက် အတက်အကျ ရှိလာနေပါတယ်။ နယူးယောက်မှာတော့ လက်ရှိ ကူးစက်မှုနှုန်း အနည်းငယ် ကျဆင်းလာတယ်လို့ နယူးယောက်မြို့ Wyckoff Heights ဒုဆေးရုံအုပ် ကူးစက်ရောဂါ အထူးကု ဒေါက်တာဇေယျာသက်က ဗွီအိုအေကို ပြောပါတယ်။
အမေရိကန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူပေါင်း ၇၀ ရာခိုင်နှုန်းလောက် ရှိလာချိန်မှာတောင် COVID-19 မျိုးကွဲသစ် Omicron ပိုး ကူးစက်မှုနှုန်း အရင်အကြိမ်တွေထက် အဆမတန် မြင့်မားနေတာပါ။ ရှေ့တန်းက ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ဒီတကြိမ်မှာ အစုလိုက်အပြုံလိုက် ကူးစက်ခံရသလို မြန်မာဆရာဝန်တချို့လည်း ပါဝင်ကြောင်း ဒေါက်တာဇေယျာသက်က ဆိုပါတယ်။ ကိုဗစ်ကာကွယ်ဆေး အပြည့် သုံးလုံးထိုးထားသူတွေတောင် Omicron ပိုး ကူးစက်ခံရတာ ဘာကြောင့်ပါလဲ။ ဒေါက်တာဇေယျာသက်က အခုလို ရှင်းပြပါတယ်။
“သူတို့က ဘာခေါ်တာလဲဆိုတော့ Immune Escape လို့ ကျနော်တို့က သုံးတာပေါ့နော်။ အဲဒါကြောင့် ဟိုတနေ့က Meeting တခုမှာ သူတို့ ပြောကြတယ်။ ဒါကတော့ ပညာရှင်တွေက ခန့်မှန်းတာပေါ့လေ။ Immune Escape ဆိုတာ ဘာလဲဆိုတော့ ဒီဗိုင်းရပ်စ်ဟာ အမ ဆေးထိုးထားတယ်၊ ကျနော်တို့လည်း ဆေးထိုးထားတယ်၊ တကယ်တမ်းတော့ ရောဂါ မဖြစ်ရဘူးပေါ့၊ ဒီလိုမဖြစ်ရတဲ့ဟာကို ဒီကောင်က Escape လုပ်ချသွားတာ။ ကွင်းထဲကနေ လွတ်ထွက်သွားတာပေါ့။ အပေါက်တခုရှာပြီး အပြင်ကို ထွက်သွားနိုင်တဲ့ အခြေအနေတခု ရသွားတယ်။ ဒါပေမယ့် ဒီကောင်က ကောင်းတဲ့တချက်က Tropism လို့ခေါ်တဲ့ ကြိုက်တဲ့နေရာပေါ့၊ အရင် ဒီဗိုင်းရပ်စ်က အဆုတ်ကို အရမ်းကြိုက်တယ်။ အဆုတ်ကို ဒုက္ခသွားပေးတယ်။ ဒီကောင်က ဒီတခေါက်ကျတော့ Lungs Tropism ကို ဒီလောက်မရှိဘူး။ မရှိဘူးဆိုတာ သဘောက ကျနော်တို့ Vaccine တွေ ထိုးထားတဲ့အတွက်ကြောင့် အဆုတ်ကိုတော့ ဒုက္ခမပေးသွားဘူး။
“သုံးလုံးထိုးထားတဲ့လူတွေ အမတွေ့ပါတယ်။ အေးအေးဆေးဆေးပဲ၊ ၃ ရက်လောက် လည်ပင်းနာတယ်၊ ၂ ရက်လောက် လည်ပင်းနာမယ်၊ ကိုယ်တွေလက်တွေ ကိုက်မယ်၊ နုံးမယ်။ ကျနော့်ရဲ့ တပည့်တွေတောင် ဖြစ်တာပဲ။ နုံးပြီးဖြစ်သွားတယ်။ လေးရက် ငါးရက်လောက်နေတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ လူက အကောင်း ပြန်ဖြစ်သွားတယ်။ သူက အပေါက်ကနေတော့ ဒီကောင်က ထွက်သွားတယ်။ ထွက်သွားတဲ့အတွက်ကြောင့် ရောဂါကတော့ ရလာနိုင်တယ်။ ဒါပေမယ့် အဆုတ်ကိုတော့ Protection လုပ်ပေးထားတဲ့အတွက်ကြောင့် အဆုတ်မှာသွားပြီးတော့ ဗိုင်းရပ်စ်က Attach မလုပ်ဘူး။ ဒါပေမယ့်လည်း တခြားနေရာတွေမှာတော့ Still Attach သွားလုပ်သေးတယ်။ ဒီတခေါက် လည်ပင်းနာတဲ့လူတွေ လည်ပင်းအရမ်းနာတယ်၊ ဝမ်းသွားတဲ့လူက အရမ်းဝမ်းသွားတယ်၊ ပြီးသွားရင် နုံးတာပေါ့။ နုံးတဲ့လူတွေက အရမ်းနုံးတယ်။ ကျနော့်ဆီမှာ သုံးလုံးထိုးထားတဲ့လူ ရှိတယ်။ ကျေနာ့်အလုပ်ထဲက လူတွေလည်း Recovery ကောင်းကောင်း မရသေးဘူး။ Recovery ကောင်းကောင်း မရသေးဘူးဆိုတာ တပတ်ကျော်ပြီ၊ နှစ်ပတ်ကျော်ပြီ၊ သုံးပတ်ကျော်ပြီ။ ခုနလိုမျိုး ဖျားနေတာ မဟုတ်ဘူးနော်။ ကိုယ်ထဲမှာ Energy မရှိဘူး။ မစားချင် မသောက်ချင်ဘူး။ ကျနော့်တပည့်ဆိုရင် တပတ်ကျော်ပြီ၊ သူက ငယ်ပါတယ်၊ ဒီနေ့အထိ ချောင်းဆိုးနေတုန်းပဲ၊ တဟွတ်ဟွတ်နဲ့ကို ဆိုးနေတာ။”

SEE ALSO:
ကမၻာတလႊား ကုိဗစ္ေရာဂါ ကူးစက္မႈေတြ ဆက္လက္မ်ားျပား


တကယ်တမ်း Omicron လို့ ယေဘုယျ ပြောနေကြပေမယ့် သူ့အရင်ပိုးဖြစ်တဲ့ Delta လည်း ဖြစ်နိုင်တယ်လို့ ဒေါက်တာဇေယျာသက်က ဆိုပါတယ်။
“ဒီ CDC ကိုယ်တိုင်ကကို ပြောတာပဲ၊ ၈၀ ရာခိုင်နှုန်း Omicron မဟုတ်သေးပါဘူး။ ၅၀ နဲ့ ၆၀ အများဆုံးဖြစ်လှမှ ဒီလောက်ပဲ ရှိပါသေးတယ်။ Delta ကလည်း ရှိနေသေးတယ်ပေါ့၊ ဆိုတာ့ ပြောချင်တဲ့သဘောကတော့ ဒီဗိုင်းရပ်စ်က ပေါ့ပေါ့သေးသေး ဗိုင်းရပ်စ်ဆိုတာတော့ မဟုတ်ဘူး။ သူ့ဟာသူ Immune Escape ဆိုတဲ့ဟာကို လုပ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက ၅၀ အထက်မှာ Mutation ဖြစ်သွားတဲ့အတွက်ကြောင့် ကိုယ်ခန္ဓာထဲမှာရှိတဲ့ ဆဲလ်တွေကို သွားပြီး Attack လုပ်လိုက်တယ်။ ဒါကြောင့်မို့ ရောဂါတော့ ရမှာပဲ။”
ဒါကြောင့် ကာကွယ်ဆေးသုံးလုံးထိုးလို့ ရောဂါမရဘူး ဆိုတာမျိုး မရှိပေမယ့် အသက်ဆုံးရှုံးမှု မရှိသလောက် ဖြစ်လာတဲ့အတွက် ကာကွယ်ဆေး နှစ်လုံးအစား သုံးလုံးထိ ထိုးကြဖို့ အမေရိကန် CDC က ညွှန်ကြားချက်တွေ ထုတ်ပြန်တဲ့ အကြောင်းအရင်းကို ဒေါက်တာဇေယျာသက်က ရှင်းပြပါတယ်။
“နှစ်လုံးထိုးထားတဲ့လူမှာ Serious Illness ဆိုတာ ဖြစ်နိုင်တယ်။ နှစ်လုံးထိုးထားပြီး Booster မရသေးရင်။ ဒါကြောင့်မို့ ဒီနိုင်ငံမှာ Booster ကို ချက်ချင်းကို ချပစ်လိုက်တာ။ အရင်တုန်းက ၆ လလို့ပြောတယ်၊ ၉ လလို့ပြောတယ်၊ အခု ချက်ချင်းကို နောက်ဆုံး ၅ လဆိုတဲ့ဟာကို ချပေးလိုက်တဲ့ဟာ၊ ပြီးတော့ ကလေးတွေမှာအစ ၅ နှစ်ကအထက် အကုန်လုံး သူတို့မှာလည်း Booster ထိုးလို့ရပါတယ် ဆိုပြီးတော့။ ဘာကြောင့်လဲဆိုတော့ Three Dose is Enough ဆိုတဲ့ဟာ သူတို့သိသွားတယ်။ ဒါက သေချာတယ်။ 3 Dose ထိုးထားတဲ့လူတွေမှာ Lungs ကိုသွားပြီး Attack လုပ်လို့မရဘူးဆိုတာတော့ သချောတယ်။ အဲဒီအတွက်ကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့်လည်း သုံးလုံးထိုးထားလို့ ရောဂါမဖြစ်ဘူး ဆိုတာတော့ မဟုတ်ဘူး။”
Omicron ပိုး ကူးစက်မှုနှုန်း အကြီးအကျယ် ရင်ဆိုင်နေရတဲ့ အမေရိကန်ပြည်ထောင်စုမှာ ရောဂါထိန်းချုပ်နိုင်ရေး ဒီသီတင်းပတ်ကစပြီး အရည်အသွေးမြင့် နှာခေါင်းစည်းပေါင်း သန်းနဲ့ချီပြီး သမ္မတ ဘိုင်ဒန် အစိုးရက အခမဲ့ ဖြန့်ဝေမှာ ဖြစ်ပါတယ်။ N95 အမျိုးအစား နှာခေါင်းစည်းပေါင်း သန်း ၄၀၀ ကို အမေရိကန်နိုင်ငံတဝန်းရှိ ထောင်နဲ့ချီတဲ့ ဆေးဆိုင်တွေ၊ ဒေသအလိုက် ကျန်းမာရေးဌာနတွေကို ပို့ဆောင်ပေးသွားမှာဖြစ်ပြီး အရွယ်ရောက်ပြီးသူ တဦးကို နှာခေါင်းစည်းသုံးမျိုး ရရှိနိုင်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ် အိမ်ဖြူတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG