[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ အတည္ျပဳလူနာသစ္ ၃၆၀ ေက်ာ္နဲ႔ ေသဆံုးသူ ေနာက္ထပ္ ၁၂ ေယာက္႐ွိပါတယ္။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇန္နဝါရီလ ၂၉ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္အရ အတည္ျပဳလူနာသစ္ ၃၆၃ ေယာက္႐ွိပါတယ္။ ေသဆံုးသူ ၁၂ ေယာက္ထဲမွာ ၁၁ ေယာက္က ေရာဂါအခံ႐ွိသူေတြျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။
ေဆး႐ံုဆင္းခြင့္ရသူ ၅၀၈ ေယာက္ျဖစ္ၿပီး ဒီေန႔ ေသာၾကာေန႔အတြက္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာ စုစုေပါင္းက ၁၈,၂၇၁ ခုျဖစ္ပါတယ္။
ေလာေလာဆယ္အထိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါ အတည္ျပဳလူနာစုစုေပါင္း ၁၃၉,၅၁၅ ေယာက္၊ ေသဆံုးလူနာ ၃,၁၁၅ ေယာက္နဲ႔ ေဆး႐ံုက ဆင္းႏိုင္သူ ၁၂၄,၀၆၄ ေယာက္ျဖစ္ပါတယ္။
အိမ္နီးခ်င္း အိႏၵိယႏိုင္ငံက လက္ေဆာင္ေပးထားတဲ့ Covishield ကိုဗစ္ကာကြယ္ေဆးကို ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက စလို႔ စတင္ထိုးေနပါတယ္။
ခုလို တျခားႏိုင္ငံေတြက လွဴဒါန္းတဲ့ ကိုဗစ္ကာကြယ္ေဆးအျပင္ အစိုးရက ဝယ္ယူထားတဲ့ ကိုဗစ္ကာကြယ္ေဆးေတြ ျမန္မာႏိုင္ငံကို ေရာက္လာတဲ့အေပၚ မူတည္ၿပီး ျပည္သူအားလံုးကို ကာကြယ္ေဆးထိုးေပးဖုိ႔ အစီအစဥ္လုပ္ထားတယ္လို႔ ႏုိင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားထားပါတယ္။
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူ ၃၆၀ ကျော်၊ သေဆုံးသူ ၁၂ ယောက်ထပ်တိုး
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာသစ် ၃၆၀ ကျော်နဲ့ သေဆုံးသူ နောက်ထပ် ၁၂ ယောက်ရှိပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၉ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၃၆၃ ယောက်ရှိပါတယ်။ သေဆုံးသူ ၁၂ ယောက်ထဲမှာ ၁၁ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဆေးရုံဆင်းခွင့်ရသူ ၅၀၈ ယောက်ဖြစ်ပြီး ဒီနေ့ သောကြာနေ့အတွက် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ စုစုပေါင်းက ၁၈,၂၇၁ ခုဖြစ်ပါတယ်။
လောလောဆယ်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာစုစုပေါင်း ၁၃၉,၅၁၅ ယောက်၊ သေဆုံးလူနာ ၃,၁၁၅ ယောက်နဲ့ ဆေးရုံကဆင်းနိုင်သူ ၁၂၄,၀၆၄ ယောက်ဖြစ်ပါတယ်။
အိမ်နီးချင်း အိန္ဒိယနိုင်ငံက လက်ဆောင်ပေးထားတဲ့ Covishield ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စလို့ စတင်ထိုးနေပါတယ်။
ခုလို တခြားနိုင်ငံတွေက လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေးအပြင် အစိုးရက ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ရောက်လာတဲ့အပေါ် မူတည်ပြီး ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးပေးဖို့ အစီအစဉ်လုပ်ထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါတယ်။