သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တႏိုင္ငံလံုး ကိုဗစ္ကာကြယ္ေဆး ရရွိႏိုင္ေျခ အတိုင္ပင္ခံပုဂၢိဳလ္ ရွင္းျပ 


နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ (ဓါတ္ပံု-Myanmar State Counsellor Office )

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြကို ကိုဗစ္ ကာကြယ္ေဆးစၿပီး ထိုးေပးေနတာကေန တတိုင္းျပည္လုံး အတိုင္းအတာနဲ႔ ကာကြယ္ေဆးထိုးႏွံဖို႔အတြက္ ကာကြယ္ေဆးေတြ ရရွိဖို႔က ေပးတဲ့ နိုင္ငံေတြ အေပၚ မူတည္ေနတယ္လို႔ နိုင္ငံ ေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

“က်မတို႔ ကာကြယ္ေဆးေတြ ရရွိေရးကေတာ့ ေပးတဲ့ ႏိုင္ငံေတြေပၚမွာ အမ်ားႀကီး မူတည္ေနပါတယ္။ က်မတို႔ ၀ယ္ေနတာလည္း ရွိပါတယ္။ လွဴမယ့္သူေတြကလည္း လွဴမယ့္ဟာေတြ ရွိပါတယ္။ ဒါေပမယ့္လည္း ဟိုဘက္ကေပးႏိုင္မွပဲ က်မတို႔က ရမွာပါ။ ဒါေပမယ့္ ပံုမွန္ေပါ့ တျဖည္းျဖည္း၊ တျဖည္းျဖည္း၊ ၁ လ ၿပီး ၁ လ ဆက္ၿပီးေတာ့ ျပည္သူေတြ အားလံုးကို ကာကြယ္ေဆးထိုးေပးႏိုင္မယ္လို႔ က်မတို႔ ခန္႔မွန္းထားပါတယ္။ အဲဒါအတြက္လည္း အစီအစဥ္ေတြလည္း လုပ္ထားပါတယ္။”

ကိုဗစ္ ေနာက္ဆုံးအေျခအေနကို မေန႔ ၾကာသပေတးေန႔က ျပည္သူေတြကို အစီရင္ခံတဲ့ မိန္႔ခြန္းမွာ ေဒၚေအာင္ဆန္းစုၾကည္ ေျပာသြားတာ ျဖစ္ပါတယ္။

ျပည္သူေတြအေနနဲ႔ကာကြယ္ေဆးထိုးတဲ့ အစီအစဥ္မွာ ပူးေပါင္းပါဝင္ဖို႔ကိုလည္း ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းလိုက္ပါတယ္။ ကာကြယ္ေဆးကိစၥက ျပည္သူေတြ အေနနဲ႔ နိုင္ငံရဲ႕ လုံျခဳံေရး အတြက္ လုပ္ေနတာ ျဖစ္ၿပီး ျပည္သူေတြ က်မ္းမာ၊ ခ်မ္းသာမွ နိုင္ငံက လည္း​ လုံျခဳံမွာ တိုးတက္မွာလို႔ သူက ေျပာပါတယ္။

တခ်ိန္တည္းမွာပဲ ျပည္သူေတြကို ထိခိုက္နိုင္တဲ့ စီးပြားေရး အက်ိဳးဆက္ေတြ ကာကြယ္နိုင္ဖို႔အတြက္ က်ပ္ေငြ စုစုေပါင္း ဘီလီယံ ၂,၆၀၀ ေက်ာ္ သုံးစြဲခဲ့ေၾကာင္းနဲ႔စီးပြားေရး ပုံမွန္လည္ပတ္သြားဖို႔အတြက္ လိုအပ္ရင္ ထပ္ၿပီးသုံးစြဲမယ္လို႔လည္း အစီရင္ခံေျပာၾကား ပါတယ္။

ျမန္မာနိုင္ငံမွာ မေန႔တုန္းကကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္သူ ၃၅၀ ေယာက္ထပ္မံ ေတြ႕ရွိတာေၾကာင့္ ကူးစက္သူ စုစုေပါင္း ၁၃၉,၁၅၂ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID – 19 ေၾကာင့္ ေသဆုံးသူက ၁၄ ေယာက္ ရွိလို႔ ေသဆုံးသူေပါင္း က ၃,၁၀၃ ေယာက္ ရွိပါတယ္။

ဇန္နဝါရီလ ၂၆ ရက္ေန႔အတြက္ ဓာတ္ခြဲနာမူနာေပါင္း ၁ ေသာင္း ၆ ေထာင္ေက်ာ္ (၁၆,၃၇၈) စစ္ေဆးခဲ့ တာပါ။ မတ္လေႏွာင္းပိုင္းက စလို႔ ဒီကေန႔အထိစစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္းက ၂ သန္းနဲ႔ ၃ သိန္းေက်ာ္ (၂,၃၀၆,၅၃၈ ခု) ရွိသြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

တနိုင်ငံလုံး ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်ခြေ အတိုင်ပင်ခံပုဂ္ဂိုလ် ရှင်းပြ

(Unicode)

မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ကိုဗစ် ကာကွယ်ဆေးစပြီး ထိုးပေးနေတာကနေ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ကာကွယ်ဆေးထိုးနှံဖို့အတွက် ကာကွယ်ဆေးတွေ ရရှိဖို့က ပေးတဲ့ နိုင်ငံတွေ အပေါ် မူတည်နေတယ်လို့ နိုင်ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့ ကာကွယ်ဆေးတွေ ရရှိရေးကတော့ ပေးတဲ့ နိုင်ငံတွေပေါ်မှာ အများကြီး မူတည်နေပါတယ်။ ကျမတို့ ဝယ်နေတာလည်း ရှိပါတယ်။ လှူမယ့်သူတွေကလည်း လှူမယ့်ဟာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း ဟိုဘက်ကပေးနိုင်မှပဲ ကျမတို့က ရမှာပါ။ ဒါပေမယ့် ပုံမှန်ပေါ့ တဖြည်းဖြည်း၊ တဖြည်းဖြည်း၊ ၁ လ ပြီး ၁ လ ဆက်ပြီးတော့ ပြည်သူတွေ အားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်မယ်လို့ ကျမတို့ ခန့်မှန်းထားပါတယ်။ အဲဒါအတွက်လည်း အစီအစဉ်တွေလည်း လုပ်ထားပါတယ်။”

ကိုဗစ် နောက်ဆုံးအခြေအနေကို မနေ့ ကြာသပတေးနေ့က ပြည်သူတွေကို အစီရင်ခံတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်မှာ ပူးပေါင်းပါဝင်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ကာကွယ်ဆေးကိစ္စက ပြည်သူတွေ အနေနဲ့ နိုင်ငံရဲ့ လုံခြုံရေး အတွက် လုပ်နေတာ ဖြစ်ပြီး ပြည်သူတွေ ကျမ်းမာ၊ ချမ်းသာမှ နိုင်ငံက လည်း လုံခြုံမှာ တိုးတက်မှာလို့ သူက ပြောပါတယ်။

တချိန်တည်းမှာပဲ ပြည်သူတွေကို ထိခိုက်နိုင်တဲ့ စီးပွားရေး အကျိုးဆက်တွေ ကာကွယ်နိုင်ဖို့အတွက် ကျပ်ငွေ စုစုပေါင်း ဘီလီယံ ၂,၆၀၀ ကျော် သုံးစွဲခဲ့ကြောင်းနဲ့စီးပွားရေး ပုံမှန်လည်ပတ်သွားဖို့အတွက် လိုအပ်ရင် ထပ်ပြီးသုံးစွဲမယ်လို့လည်း အစီရင်ခံပြောကြား ပါတယ်။

မြန်မာနိုင်ငံမှာ မနေ့တုန်းကကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ ၃၅၀ ယောက်ထပ်မံ တွေ့ရှိတာကြောင့် ကူးစက်သူ စုစုပေါင်း ၁၃၉,၁၅၂ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID – 19 ကြောင့် သေဆုံးသူက ၁၄ ယောက် ရှိလို့ သေဆုံးသူပေါင်း က ၃,၁၀၃ ယောက် ရှိပါတယ်။

ဇန်နဝါရီလ ၂၆ ရက်နေ့အတွက် ဓာတ်ခွဲနာမူနာပေါင်း ၁ သောင်း ၆ ထောင်ကျော် (၁၆,၃၇၈) စစ်ဆေးခဲ့ တာပါ။ မတ်လနှောင်းပိုင်းက စလို့ ဒီကနေ့အထိစစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်းက ၂ သန်းနဲ့ ၃ သိန်းကျော် (၂,၃၀၆,၅၃၈ ခု) ရှိသွားပြီဖြစ်ပါတယ်။

XS
SM
MD
LG