သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးထိုးေပးဖို႔ ျမန္မာပညာေရးဝန္ထမ္းစာရင္း ေကာက္ယူေန


ရန္ကုန္ၿမိဳ႕ ဧရာဝတီကိုဗစ္စင္တာတခုမွာ ကိုဗစ္ကာကြယ္ေဆးထိုးႏွံေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ဇန္နဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါေၾကာင့္ ပိတ္ထားရတဲ့ ေက်ာင္းေတြ ျပန္မဖြင့္ေသးခင္မွာပဲ ပညာေရးဝန္ထမ္းေတြကို ကိုဗစ္ကာကြယ္ေဆး ထိုးေပးဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ကိုဗစ္ေရာဂါကာကြယ္ေဆး စတင္ထုိးေပးေနတဲ့ ျမန္မာႏုိင္ငံမွာ ပညာေရး၀န္ထမ္းေတြကုိပါ ထုိးႏွံေပးႏုိင္ဖုိ႔ သက္ဆုိင္ရာ ပညာေရးဌာနေတြကုိ စာရင္းေကာက္ယူေနပါတယ္။ ေရာဂါကူးစက္မႈ ဒုတိယအမ်ားဆုံးျဖစ္တဲ့ မႏၱေလးတုိင္းမွာ ဆုိရင္လည္း ကာကြယ္ေဆးထုိးႏုိင္ဖုိ႔ ပညာေရးဝန္ထမ္း စာရင္းေတြကုိ က်န္းမာေရး၀န္ႀကီးဌာနထံ ေပးပုိ႔ထားတယ္လုိ႔လည္း တိုင္းပညာေရးမွဴး၊ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေမာင္ၾကယ္က ေျပာပါတယ္။

“က်ေနာ္တို႔ ပညာေရးဌာနက ဆရာ၊ ဆရာမေပါင္း ၄၉,၆၆၇ ပါခင္ဗ်ာ၊ အကုန္လံုးပါခင္ဗ်။ ပို႔လိုက္ၿပီ၊ မေန႔က ေနာက္ဆံုးပို႔လိုက္ၿပီ.. မေန႔ကခ်ဳပ္လိုက္တာ၊ ဆရာမေတြေရာ ႐ုံးဝန္ထမ္းေတြေရာ ဝန္ထမ္းေပါင္းေပါ့။ က်ေနာ္တို႔ကို ဒီစာရင္းေလပဲေတာင္းတယ္ဆိုေတာ့ က်ေနာ္တို႔ကို ဘယ္အဆင့္သတ္မွတ္သလဲေတာ့ က်ေနာ္တို႔လည္း ေျပာလို႔မရပါဘူးခင္ဗ်ာ။ က်ေနာ္တို႔ ထိုးႏိုင္မယ့္ေနရာကေတာ့ က်ေနာ္တို႔ရဲ႕ ၿမိဳ႕နယ္ဆိုၿမိဳ႕နယ္ပညာေရးမွဴး၊ ခ႐ုိင္ဆိုရင္ ခ႐ုိင္ပညာေရးမွဴး႐ုံး၊ တိုင္းဆိုရင္ တိုင္းပညာေရးမွဴး႐ုံးပါ စာရင္းအေနနဲ႔ က်ေနာ္တို႔ အဲ့လိုမ်ဳိးပို႔လိုက္ပါတယ္။”

အိႏၵိယႏုိင္ငံက ခ်စ္ၾကည္ေရးလက္ေဆာင္အျဖစ္ ေပးအပ္ထားတဲ့ Covishield ကုိဗစ္ကာကြယ္ေဆး ၁,၅၀၀,၀၀၀ ကုိ အသုံးျပဳၿပီး စတင္လုိက္တဲ့ အစီအစဥ္မွာေတာ့ ကပ္ေရာဂါတုိက္ဖ်က္ေရး ေရွ႕တန္းက ေဆာင္ရြက္ေနတဲ့ က်န္းမာေရး၀န္ထမ္းေတြကုိ ဦးစားေပးခဲ့တာပါ။ ေနာက္တဆင့္ အေနနဲ႔ အစုိးရအရာရွိေတြ၊ သက္ႀကီးရြယ္အုိေတြ ၀န္ထမ္းေတြကုိလည္း ကာကြယ္ေဆးထုိးေပးမွာ ျဖစ္ပါတယ္။ တိုင္းရင္းသားဘာသာ သင္ၾကားေပးေနတဲ့ ဆရာ၊ ဆရာမအပါအဝင္ ပညာေရးနဲ႔ဆက္စပ္တဲ့ ႐ုံးဝန္ထမ္း ၁၈,၀၀၀ ေက်ာ္ရွိတဲ့ မြန္ျပည္နယ္မွာလည္း စာရင္းျပဳစုၿပီး တင္ျပထားတယ္လို႔ ျပည္နယ္ပညာေရးမွဴး ေဒါက္တာခ်ဳိခ်ဳိျမတ္ေအာင္ကေျပာပါတယ္။

“ဟုတ္ကဲ့။ စာရင္း ဇယားေတြ က်မတို႔ ျပဳစုလို႔ၿပီးေနပါၿပီ၊ ေပးပို႔ၿပီးေနပါၿပီးရွင္။ ပညာေရးဝန္ထမ္း ၁၈,၀၀၀ ေက်ာ္ရွိပါတယ္ရွင္။ အားလံုးပါရွင္ က်မတို႔ ျပည္နယ္ပညာေရးမွဴ႐ုံး၊ ခ႐ုိင္ပညာေရးမွဴး႐ုံး၊ ၿမိဳ႕နယ္ပညာေရးမွဴး႐ုံး ၿပီးေတာ့အေျခခံပညာေက်ာင္း အားလံုးေပါ့ေနာ္။ အဲ့ဒါအျပင္ကို အဲ့ဒီမွာ ရွိေနတဲ့ ႐ုံးဝန္ထမ္း၊ သင္ၾကားေရးဝန္ထမ္း၊ စီမံေရးရာဝန္ထမ္း အားလံုးအျပင္ကို ေန႔စားလေပးနဲ႔ေဆာင္ရြက္ေနတဲ့ တိုင္းရင္းသားဘာသာသင္ ဆရာ၊ ဆရာမမ်ားစာရင္းလည္း ပါပါတယ္ေနာ္။ အဲ့ဒါေတြ အားလံုးက်မတို႔ေပးပို႔ထားပါတယ္ရွင္။”

ျမန္မာႏုိင္ငံမွာ ပုံမွန္ထက္ ေနာက္က်ၿပီးမွ ဖြင့္ခဲ့တဲ့ ေက်ာင္းေတြကုိေတာ့ ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ ျပန္ပိတ္ခဲ့ရတာ အခုဆုိရင္ ပညာသင္ႏွစ္ ၁ ႏွစ္နီးပါး ရွိေနပါၿပီ။ ေက်ာင္းေတြျပန္ဖြင့္မယ့္အခ်ိန္ အတိအက်မေၾကညာေသးေပမဲ့ ျပန္ဖြင့္တဲ့အခါ အသင့္ျဖစ္ေအာင္ ျပင္ဆင္ေနတယ္လုိ႔လည္း မႏၱေလးတိုင္းပညာေရးမွဴး ဦးေမာင္ၾကယ္က ေျပာပါတယ္။

“ေက်ာင္းဖြင့္ႏိုင္ေရးကေတာ့ က်ေနာ္တို႔ရဲ႕ ဒီကုိဗစ္ကာကြယ္ထိန္းခ်ဳပ္ေရးက ညႊန္ၾကားခ်က္နဲ႔ပဲ လုပ္သြားမွာဆိုေတာ့ က်ေနာ္တို႔ရဲ႕ အေျခခံပညာဦးစီးဌာနကေတာ့ ဖြင့္မွာဆိုရင္ အဆင္သင့္ျဖစ္ေအာင္လို႔ က်ေနာ္တို႔ ျပင္ဆင္ထားဖို႔ အဲ့ဒီလိုပဲ ညႊန္ၾကားထားလို႔ က်ေနာ္တို႔လည္း ေက်ာင္းေတြမွာေတာ့ အဲ့ဒီလို ႏိႈးေဆာ္ထားပါတယ္ခင္ဗ်။”

ကိုဗစ္ကာကြယ္ေဆး စထိုးေပးေနေပမဲ့လည္း ေရာဂါအႏၱရာယ္ကုိ သတိျပဳဖုိ႔နဲ႔ အျပင္သြားရင္ ႏွာေခါင္းစည္းတပ္တာ၊ လက္ေဆးတာ၊ လူစုလူေ၀း ေရွာင္တာေတြလုိ က်န္းမာေရးဆုိင္ရာ ညႊန္ၾကားခ်က္ေတြကုိ ဆက္လက္ လုိက္နာၾကဖုိ႔လည္း မေန႔တုန္းက က်န္းမာေရး ၀န္ထမ္းေတြကို ကာကြယ္ေဆးစထုိးေပးတဲ့ ေနျပည္ေတာ္က အခမ္းအနားမွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တြန္းတိုက္ထားပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ အေစာပိုင္းအထိ ထုတ္ျပန္ထားတဲ့စာရင္းအရဆုိရင္ေတာ့ ျမန္မာႏုိင္ငံမွာ ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၃,၀၀၀ ေက်ာ္နဲ႔ ကူးစက္ခံရသူ အတည္ျပဳလူနာေပါင္းက ၁၃၈,၀၀၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ မြန်မာပညာရေးဝန်ထမ်းစာရင်း ကောက်ယူနေ

မြန်မာနိုင်ငံမှာ ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ ကျောင်းတွေ ပြန်မဖွင့်သေးခင်မှာပဲ ပညာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ရောဂါကာကွယ်ဆေး စတင်ထိုးပေးနေတဲ့ မြန်မာနိုင်ငံမှာ ပညာရေးဝန်ထမ်းတွေကိုပါ ထိုးနှံပေးနိုင်ဖို့ သက်ဆိုင်ရာ ပညာရေးဌာနတွေကို စာရင်းကောက်ယူနေပါတယ်။ ရောဂါကူးစက်မှု ဒုတိယအများဆုံးဖြစ်တဲ့ မန္တလေးတိုင်းမှာ ဆိုရင်လည်း ကာကွယ်ဆေးထိုးနိုင်ဖို့ ပညာရေးဝန်ထမ်း စာရင်းတွေကို ကျန်းမာရေးဝန်ကြီးဌာနထံ ပေးပို့ထားတယ်လို့လည်း တိုင်းပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ကြယ်က ပြောပါတယ်။

“ကျနော်တို့ ပညာရေးဌာနက ဆရာ၊ ဆရာမပေါင်း ၄၉,၆၆၇ ပါခင်ဗျာ၊ အကုန်လုံးပါခင်ဗျ။ ပို့လိုက်ပြီ၊ မနေ့က နောက်ဆုံးပို့လိုက်ပြီ.. မနေ့ကချုပ်လိုက်တာ၊ ဆရာမတွေရော ရုံးဝန်ထမ်းတွေရော ဝန်ထမ်းပေါင်းပေါ့။ ကျနော်တို့ကို ဒီစာရင်းလေပဲတောင်းတယ်ဆိုတော့ ကျနော်တို့ကို ဘယ်အဆင့်သတ်မှတ်သလဲတော့ ကျနော်တို့လည်း ပြောလို့မရပါဘူးခင်ဗျာ။ ကျနော်တို့ ထိုးနိုင်မယ့်နေရာကတော့ ကျနော်တို့ရဲ့ မြို့နယ်ဆိုမြို့နယ်ပညာရေးမှူး၊ ခရိုင်ဆိုရင် ခရိုင်ပညာရေးမှူးရုံး၊ တိုင်းဆိုရင် တိုင်းပညာရေးမှူးရုံးပါ စာရင်းအနေနဲ့ ကျနော်တို့ အဲ့လိုမျိုးပို့လိုက်ပါတယ်။”

အိန္ဒိယနိုင်ငံက ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးအပ်ထားတဲ့ Covishield ကိုဗစ်ကာကွယ်ဆေး ၁,၅၀၀,၀၀၀ ကို အသုံးပြုပြီး စတင်လိုက်တဲ့ အစီအစဉ်မှာတော့ ကပ်ရောဂါတိုက်ဖျက်ရေး ရှေ့တန်းက ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးခဲ့တာပါ။ နောက်တဆင့် အနေနဲ့ အစိုးရအရာရှိတွေ၊ သက်ကြီးရွယ်အိုတွေ ဝန်ထမ်းတွေကိုလည်း ကာကွယ်ဆေးထိုးပေးမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားဘာသာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမအပါအဝင် ပညာရေးနဲ့ဆက်စပ်တဲ့ ရုံးဝန်ထမ်း ၁၈,၀၀၀ ကျော်ရှိတဲ့ မွန်ပြည်နယ်မှာလည်း စာရင်းပြုစုပြီး တင်ပြထားတယ်လို့ ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်ကပြောပါတယ်။

“ဟုတ်ကဲ့။ စာရင်း ဇယားတွေ ကျမတို့ ပြုစုလို့ပြီးနေပါပြီ၊ ပေးပို့ပြီးနေပါပြီးရှင်။ ပညာရေးဝန်ထမ်း ၁၈,၀၀၀ ကျော်ရှိပါတယ်ရှင်။ အားလုံးပါရှင် ကျမတို့ ပြည်နယ်ပညာရေးမှူရုံး၊ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံး ပြီးတော့အခြေခံပညာကျောင်း အားလုံးပေါ့နော်။ အဲ့ဒါအပြင်ကို အဲ့ဒီမှာ ရှိနေတဲ့ ရုံးဝန်ထမ်း၊ သင်ကြားရေးဝန်ထမ်း၊ စီမံရေးရာဝန်ထမ်း အားလုံးအပြင်ကို နေ့စားလပေးနဲ့ဆောင်ရွက်နေတဲ့ တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများစာရင်းလည်း ပါပါတယ်နော်။ အဲ့ဒါတွေ အားလုံးကျမတို့ပေးပို့ထားပါတယ်ရှင်။”

မြန်မာနိုင်ငံမှာ ပုံမှန်ထက် နောက်ကျပြီးမှ ဖွင့်ခဲ့တဲ့ ကျောင်းတွေကိုတော့ ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ပြန်ပိတ်ခဲ့ရတာ အခုဆိုရင် ပညာသင်နှစ် ၁ နှစ်နီးပါး ရှိနေပါပြီ။ ကျောင်းတွေပြန်ဖွင့်မယ့်အချိန် အတိအကျမကြေညာသေးပေမဲ့ ပြန်ဖွင့်တဲ့အခါ အသင့်ဖြစ်အောင် ပြင်ဆင်နေတယ်လို့လည်း မန္တလေးတိုင်းပညာရေးမှူး ဦးမောင်ကြယ်က ပြောပါတယ်။

“ကျောင်းဖွင့်နိုင်ရေးကတော့ ကျနော်တို့ရဲ့ ဒီကိုဗစ်ကာကွယ်ထိန်းချုပ်ရေးက ညွှန်ကြားချက်နဲ့ပဲ လုပ်သွားမှာဆိုတော့ ကျနော်တို့ရဲ့ အခြေခံပညာဦးစီးဌာနကတော့ ဖွင့်မှာဆိုရင် အဆင်သင့်ဖြစ်အောင်လို့ ကျနော်တို့ ပြင်ဆင်ထားဖို့ အဲ့ဒီလိုပဲ ညွှန်ကြားထားလို့ ကျနော်တို့လည်း ကျောင်းတွေမှာတော့ အဲ့ဒီလို နှိုးဆော်ထားပါတယ်ခင်ဗျ။”

ကိုဗစ်ကာကွယ်ဆေး စထိုးပေးနေပေမဲ့လည်း ရောဂါအန္တရာယ်ကို သတိပြုဖို့နဲ့ အပြင်သွားရင် နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေး ရှောင်တာတွေလို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို ဆက်လက် လိုက်နာကြဖို့လည်း မနေ့တုန်းက ကျန်းမာရေး ဝန်ထမ်းတွေကို ကာကွယ်ဆေးစထိုးပေးတဲ့ နေပြည်တော်က အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တွန်းတိုက်ထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ အစောပိုင်းအထိ ထုတ်ပြန်ထားတဲ့စာရင်းအရဆိုရင်တော့ မြန်မာနိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၃,၀၀၀ ကျော်နဲ့ ကူးစက်ခံရသူ အတည်ပြုလူနာပေါင်းက ၁၃၈,၀၀၀ ကျော်ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG