သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ယူေကေရာက္ျမန္မာေတြရဲ႕ မိခင္တိုင္းျပည္အတြက္ ကိုဗစ္ကာကြယ္ေရး အလွဴ 


ဓါတ္ပံု -Myanmar Community UK (Justgiving.com)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံကျပည္သူေတြအတြက္ ကိုဗစ္ကာကြယ္ေဆးရန္ပံုေငြကို ၿဗိတိန္ေရာက္ ျမန္မာတခ်ဳိ႕က Online ေပၚကေန ေကာက္ခံတာ စတာလင္ေပါင္း ၆ ေသာင္းေက်ာ္၊ ျမန္မာက်ပ္ေငြနဲ႔ဆို သိန္း ၁ ေထာင္ေက်ာ္ရ႐ွိထားပါတယ္။ JustGiving ဆိုတဲ့ အြန္လိုင္းေပၚမွာ ရန္ပံုေငြ႐ွာႏိုင္တဲ့ ဝဘ္ဆိုဒ္ေပၚမွာ အလွဴေကာက္ခံခဲ့တာပါ။ ဒီအလွဴေငြေတြကို သက္ဆိုသူေတြလက္ထဲေရာက္ေအာင္ ဘယ္လိုပို႔မလဲဆိုတာကိုသိရေအာင္ စီစဥ္သူတေယာက္ျဖစ္တဲ့ Barnsley ၿမိဳ႕ Barnsley ေဆး႐ံုက သမားေတာ္ႀကီး ေဒါက္တာသင္းသင္းကို မစုျမတ္မြန္က ဆက္သြယ္ေမးထားပါတယ္။

အခုလို အြန္လိုင္းေပၚကေန အလွဴေငြေကာက္မယ္လို႔ စလုပ္တုန္းက ဒီေလာက္ပမာဏမ်ားမ်ားရဖုိ႔ ရည္မွန္းၿပီး လုပ္ခဲ့သလားလို႔ စၿပီးေမးတဲ့အခါ ေဒါက္တာသင္းသင္းက ခုလိုေျပာပါတယ္။

ေဒါက္တာသင္းသင္း။ ။ အဲေလာက္ရမယ္လို႔ လံုး၀ မေမွ်ာ္လင့္ခဲ့ပါဘူး။ က်မတို႔ အရင္တုန္းက Target ဆိုရင္ ၂ ေသာင္းအထိပဲ ထားထားတယ္။ Maximum ၂ ေသာင္းအထိပဲရမယ္လို႔ ထင္ထားခဲ့ေပမယ့္ တေျဖးေျဖးနဲ႔ Target က ျမင့္လာတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ အလွဴေတြက အရမ္းမ်ားလာၾကတယ္။ ေနာက္ ကမာၻအရပ္ရပ္က ၾသစေတးလ်၊ အေမရိကားက သူငယ္ခ်င္းေတြ အကုန္လံုးက ဒါကို လွဴၾကတဲ့ အခါက်ေတာ့ Target က ပိုပိုၿပီး ျမင့္လာေတာ့ အလွဴေငြေတြကလည္း အမ်ားႀကီး ရလာတာပါ။ ေစတနာ ထက္သန္စြာနဲ႔ လွဴတဲ့ အေၾကာင္းေတြကလည္း သူတို႔က အေ၀းမွာ ေရာက္ေနၾကတယ္ေပါ့ေနာ္ ၊ ျမန္မာႏိုင္ငံမွာ မရွိေနေပမယ့္ တဖက္တလွမ္းက ကူညီခ်င္တဲ့ စိတ္ေပ့ါေနာ္၊ အဲဒီစိတ္က အဓိကပါပဲ။ အဲလိုဟာမိ်ဳး ယံုၾကည္ရတဲ့အေထာက္အပံ႔ေလးတခုကို ေရြးလိုက္ၿပီးေတာ့မွ က်မတို႔ဆီကို Link ရလာတယ္။ ေနာက္ၿပီးေတာ့ အဲဒီ Link ရလာတဲ့ က်မတို႔ေတြက သံရံုးကို အကူအညီ ေတာင္းလိုက္တယ္။ ဘာေၾကာင့္လဲဆိုေတာ ့ ဒီလိုမ်ိဳး Funding ေတြကို ေတာင္းခံေနတဲ့ အဖြဲ႔အစည္းေတြ ရွိတဲ့ကာလက်ရင္ လူတိုင္းက ယံုၾကည္ရပါ့မလားဆိုတဲ့ စိတ္က အျမဲရွိတယ္ေပါ့ေနာ္။ အဲလိုဆိုတဲ့အခါက်ေတာ့ သံရံုးက သံအမတ္ႀကီးဦးေဆာင္တဲ့ သံရံုးကို ေမးလိုက္တဲ့အခါက်ေတာ့ သံရံုးကလည္း လိႈက္လိႈက္လွဲလွဲပဲ အရမ္း၀မ္းေျမာက္ၿပီးေတာ့မွ ပါ၀င္ဆင္ႏြဲတယ္။ သူတို႔ရဲ႕ သံရံုးအေကာင့္ကိုလည္း ေပးၿပီးေတာ့မွ အဲဒီမွာလည္း တိုက္ရိုက္လွဴလို႔ရပါတယ္ ဆိုၿပီးမွ ေျပာတဲ့အခါက်ေတာ့ အမတို႔က “JustGiving” ဆိုတဲ့ Funding နဲ႔ သံရံုးနဲ႔ ေပါင္းၿပီးေတာ့မွ ျပဳလုပ္တာပါ။ သံရံုးကိုလည္း လွဴခ်င္ရင္လည္းရတယ္။ ဒီဟာကေတာ့ Easier ျဖစ္တဲ့ ဒီလိုဟာမ်ိဳး တခါတည္း ၀င္ၿပီး ကိုယ္ထည့္လိုက္ရင္ အခုခ်က္ခ်င္းေတြ႔ရတဲ့ ဟာမ်ိဳးေပါ့ေနာ္။ ဒါမ်ိဳးကို ဆက္လုပ္လုိ႔လည္းရပါတယ္ဆိုၿပီး Facebook ကေန၊ သူငယ္ခ်င္းေတြ Messenger ေတြကေနတဆင့္၊ ဖုန္းကေန တဆင့္၊ အကုန္အခ်င္းခ်င္း ေ၀မွ်ၿပီးေတာ့ လုပ္ရာကမွ တေျဖးေျဖးနဲ႔ အမ်ားႀကီးျဖစ္လာတာပါ။ အဲဒီအခါက်ေတာ့ က်မတို႔ရဲ႕ Target ကိုလည္း တေျဖးေျဖးခ်င္းနဲ႔ တင္လိုက္ပါတယ္။

မစုျမတ္မြန္။ ။ အဲလိုမ်ိဳး ဒီလိုေကာက္ခံတဲ့ အလွဴေငြေတြက ရည္ရြယ္တာက ျမန္မာျပည္ကျပည္သူေတြ ကိုဗစ္ကာကြယ္ေဆးအတြက္ကို ေဒါက္တာသင္းသင္းတုိ႔က ရည္ရြယ္ၿပီးေတာ့ လွဴတာေပါ့ေလ။ ဆိုေတာ့ ဒီရတဲ့ အလွဴေငြေတြကို ျမန္မာျပည္သူ သက္ဆိုင္တဲ့လူေတြလက္ထဲ တိုက္ရိုက္ရေအာင္အတြက္ကုိ ဘယ္လိုမ်ိဳး စီစဥ္ထားပါသလဲ။

ေဒါက္တာသင္းသင္း။ ။ ဟုတ္ကဲ့ပါ။ အဲဒါကေလ က်မတို႔ဒီ JustGiving ကေန ရလာတာက တကယ္ေတာ့ ၅ ေသာင္းေက်ာ္ ေပါ့ေနာ္။ သံရံုးကို တိုက္ရိုက္လွဴလိုက္တာက အခုေလာေလာဆည္ သံရံုးမွာရေနတာက ၁၂၅၀၀ ေပါ့ေနာ္။ အဲဒီေတာ့ အမတို႔ JustGiving ကေန ရလာတဲ့ပိုက္ဆံကို သံရံုးကို လႊဲလိုက္တယ္။ အဲဒီေတာ့ သံရံုးအေကာင့္ထဲ၀င္သြားၿပီးရင္ သံရံုးကေန ဦးစီးၿပီးမွပဲ ရန္ကုန္ကို တိုက္ရိုက္ COVID ေကာက္ခံေနတဲ့ ဌာနကို သူတို႔ လႊဲေပးမွာပါရွင့္။

မစုျမတ္မြန္။ ။ ဆိုေတာ့ ဘယ္ေတာ့ေလာက္ ဒီပိုက္ဆံ အလွဴေငြေတြကို လႊဲႏိုင္မယ္လို႔ ခန္႔မွန္းထားပါသလဲရွင့္။

ေဒါက္တာသင္းသင္း။ ။ ဟုတ္ကဲ့၊ အဲဒါကလည္း ၅ ရက္ေန႔မွာ က်မတုိ႔ရဲ႕ JustGiving ေရာ သံရံုးက အလွဴေငြေတြအကုန္လံုးကို စာရင္းပိတ္ပါမယ္။ အဲဒီအခါက်ရင္ ေဖေဖာ္၀ါရီ ၅ ရက္မွာ ပိတ္သြားၿပီးတဲ့အခါက်ရင္ ၆ ရက္ေန႔က်ရင္ ပိုက္ဆံအကုန္လံုးကို သံရံုးကေန ရန္ကုန္ကို ခ်က္ခ်င္းလြဲႏိုင္ပါၿပီ။

မစုျမတ္မြန္။ ။ ဟုတ္ကဲ့ပါရွင့္။ ဆိုေတာ့ အခုလိုမ်ိဳး လွဴခ်င္တဲ့သူေတြ ျမန္မာျပည္က COVID ရန္ပံုေငြအတြက္ ေဒါက္တာသင္းသင္းတို႔ လုပ္ေနတဲ့ အလွဴမွာ အလွဴထည့္ ခ်င္တယ္ဆိုရင္ ဘယ္လိုမ်ိဳး ထည့္လို႔ရႏိုင္ပါသလဲရွင့္။

ေဒါက္တာသင္းသင္း။ ။ JustGiving ၀က္ဘ္ဆိုက္ကို ၀င္လိုက္ပါ။ ၀င္လိုက္ၿပီးတဲ့အခါက်ရင္ အဲဒီ ဝက္ဘ္ဆိုက္ထဲမွာ Myanmar COVID လို႔ ရိုက္လိုက္ရင္ေတာင္မွ ေပၚလာပါတယ္။ ဒါမွ မဟုတ္ရင္ Alternative ေပါ့ေနာ္၊ က်မတို႔ဆီက Facebook မွာျဖစ္ျဖစ္ ၊ အလွဴေကာက္ခံေနတဲ့ ဒီလူေတြထဲကေနမွ Link ေလးကို ရလာရင္လည္း အဲဒါမွာက်ေတာ့ တိုက္ရိုက္ႏွိပ္ၿပီးေတာ့ ၀င္လို႔ရပါတယ္။ ေနာက္ၿပီးတဲ့အခါက်ရင္ သံရံုးကိုလည္း တိုက္ရိုက္ဆက္သြယ္ၿပီးေတာ့မွ သံရံုးအကာင့္ကလည္း ပါတယ္ဆိုေတာ့ သံရံုးအကာင့္ကို တခါတည္း တိုက္ရိုက္ ထည့္လိုက္လို႔ ရပါတယ္။ သံရံုးအကာင့္ကို တိုက္ရိုက္ထည့္ျခင္းအားျဖင့္ တခုေကာင္းတာကေတာ့ က်မတို႔ရဲ႕ ဒီ ၀န္ေဆာင္ခ ေပါ့ေနာ္ JustGiving ကို ေပးရတဲ့ ရာခိုင္ႏႈန္းကို မျပေတာ့ဘူးေပါ့ေနာ္။

Barnsley ၿမိဳ႕ Barnsley ေဆး႐ံုက သမားေတာ္ႀကီး ေဒါက္တာသင္းသင္းကို မစုျမတ္မြန္က ဆက္သြယ္ေမးခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


...............

ယူကေရောက်မြန်မာတွေရဲ့ မိခင်တိုင်းပြည်အတွက် ကိုဗစ်ကာကွယ်ရေး အလှူ
(Unicode)

မြန်မာနိုင်ငံကပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေကို ဗြိတိန်ရောက် မြန်မာတချို့က Online ပေါ်ကနေ ကောက်ခံတာ စတာလင်ပေါင်း ၆ သောင်းကျော်၊ မြန်မာကျပ်ငွေနဲ့ဆို သိန်း ၁ ထောင်ကျော်ရရှိထားပါတယ်။ JustGiving ဆိုတဲ့ အွန်လိုင်းပေါ်မှာ ရန်ပုံငွေရှာနိုင်တဲ့ ဝဘ်ဆိုဒ်ပေါ်မှာ အလှူကောက်ခံခဲ့တာပါ။ ဒီအလှူငွေတွေကို သက်ဆိုသူတွေလက်ထဲရောက်အောင် ဘယ်လိုပို့မလဲဆိုတာကိုသိရအောင် စီစဉ်သူတယောက်ဖြစ်တဲ့ Barnsley မြို့ Barnsley ဆေးရုံက သမားတော်ကြီး ဒေါက်တာသင်းသင်းကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။

အခုလို အွန်လိုင်းပေါ်ကနေ အလှူငွေကောက်မယ်လို့ စလုပ်တုန်းက ဒီလောက်ပမာဏများများရဖို့ ရည်မှန်းပြီး လုပ်ခဲ့သလားလို့ စပြီးမေးတဲ့အခါ ဒေါက်တာသင်းသင်းက ခုလိုပြောပါတယ်။

ဒေါက်တာသင်းသင်း။ ။ အဲလောက်ရမယ်လို့ လုံး၀ မမျှော်လင့်ခဲ့ပါဘူး။ ကျမတို့ အရင်တုန်းက Target ဆိုရင် ၂ သောင်းအထိပဲ ထားထားတယ်။ Maximum ၂ သောင်းအထိပဲရမယ်လို့ ထင်ထားခဲ့ပေမယ့် တဖြေးဖြေးနဲ့ Target က မြင့်လာတာပါ။ ဘာကြောင့်လဲဆိုတော့ အလှူတွေက အရမ်းများလာကြတယ်။ နောက် ကမ္ဘာအရပ်ရပ်က သြစတေးလျ၊ အမေရိကားက သူငယ်ချင်းတွေ အကုန်လုံးက ဒါကို လှူကြတဲ့ အခါကျတော့ Target က ပိုပိုပြီး မြင့်လာတော့ အလှူငွေတွေကလည်း အများကြီး ရလာတာပါ။ စေတနာ ထက်သန်စွာနဲ့ လှူတဲ့ အကြောင်းတွေကလည်း သူတို့က အဝေးမှာ ရောက်နေကြတယ်ပေါ့နော် ၊ မြန်မာနိုင်ငံမှာ မရှိနေပေမယ့် တဖက်တလှမ်းက ကူညီချင်တဲ့ စိတ်ပေ့ါနော်၊ အဲဒီစိတ်က အဓိကပါပဲ။ အဲလိုဟာမျိုး ယုံကြည်ရတဲ့အထောက်အပံ့လေးတခုကို ရွေးလိုက်ပြီးတော့မှ ကျမတို့ဆီကို Link ရလာတယ်။ နောက်ပြီးတော့ အဲဒီ Link ရလာတဲ့ ကျမတို့တွေက သံရုံးကို အကူအညီ တောင်းလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး Funding တွေကို တောင်းခံနေတဲ့ အဖွဲ့အစည်းတွေ ရှိတဲ့ကာလကျရင် လူတိုင်းက ယုံကြည်ရပါ့မလားဆိုတဲ့ စိတ်က အမြဲရှိတယ်ပေါ့နော်။ အဲလိုဆိုတဲ့အခါကျတော့ သံရုံးက သံအမတ်ကြီးဦးဆောင်တဲ့ သံရုံးကို မေးလိုက်တဲ့အခါကျတော့ သံရုံးကလည်း လှိုက်လှိုက်လှဲလှဲပဲ အရမ်းဝမ်းမြောက်ပြီးတော့မှ ပါဝင်ဆင်နွဲတယ်။ သူတို့ရဲ့ သံရုံးအကောင့်ကိုလည်း ပေးပြီးတော့မှ အဲဒီမှာလည်း တိုက်ရိုက်လှူလို့ရပါတယ် ဆိုပြီးမှ ပြောတဲ့အခါကျတော့ အမတို့က “JustGiving” ဆိုတဲ့ Funding နဲ့ သံရုံးနဲ့ ပေါင်းပြီးတော့မှ ပြုလုပ်တာပါ။ သံရုံးကိုလည်း လှူချင်ရင်လည်းရတယ်။ ဒီဟာကတော့ Easier ဖြစ်တဲ့ ဒီလိုဟာမျိုး တခါတည်း ဝင်ပြီး ကိုယ်ထည့်လိုက်ရင် အခုချက်ချင်းတွေ့ရတဲ့ ဟာမျိုးပေါ့နော်။ ဒါမျိုးကို ဆက်လုပ်လို့လည်းရပါတယ်ဆိုပြီး Facebook ကနေ၊ သူငယ်ချင်းတွေ Messenger တွေကနေတဆင့်၊ ဖုန်းကနေ တဆင့်၊ အကုန်အချင်းချင်း ဝေမျှပြီးတော့ လုပ်ရာကမှ တဖြေးဖြေးနဲ့ အများကြီးဖြစ်လာတာပါ။ အဲဒီအခါကျတော့ ကျမတို့ရဲ့ Target ကိုလည်း တဖြေးဖြေးချင်းနဲ့ တင်လိုက်ပါတယ်။

မစုမြတ်မွန်။ ။ အဲလိုမျိုး ဒီလိုကောက်ခံတဲ့ အလှူငွေတွေက ရည်ရွယ်တာက မြန်မာပြည်ကပြည်သူတွေ ကိုဗစ်ကာကွယ်ဆေးအတွက်ကို ဒေါက်တာသင်းသင်းတို့က ရည်ရွယ်ပြီးတော့ လှူတာပေါ့လေ။ ဆိုတော့ ဒီရတဲ့ အလှူငွေတွေကို မြန်မာပြည်သူ သက်ဆိုင်တဲ့လူတွေလက်ထဲ တိုက်ရိုက်ရအောင်အတွက်ကို ဘယ်လိုမျိုး စီစဉ်ထားပါသလဲ။

ဒေါက်တာသင်းသင်း။ ။ ဟုတ်ကဲ့ပါ။ အဲဒါကလေ ကျမတို့ဒီ JustGiving ကနေ ရလာတာက တကယ်တော့ ၅ သောင်းကျော် ပေါ့နော်။ သံရုံးကို တိုက်ရိုက်လှူလိုက်တာက အခုလောလောဆည် သံရုံးမှာရနေတာက ၁၂၅၀၀ ပေါ့နော်။ အဲဒီတော့ အမတို့ JustGiving ကနေ ရလာတဲ့ပိုက်ဆံကို သံရုံးကို လွှဲလိုက်တယ်။ အဲဒီတော့ သံရုံးအကောင့်ထဲဝင်သွားပြီးရင် သံရုံးကနေ ဦးစီးပြီးမှပဲ ရန်ကုန်ကို တိုက်ရိုက် COVID ကောက်ခံနေတဲ့ ဌာနကို သူတို့ လွှဲပေးမှာပါရှင့်။

မစုမြတ်မွန်။ ။ ဆိုတော့ ဘယ်တော့လောက် ဒီပိုက်ဆံ အလှူငွေတွေကို လွှဲနိုင်မယ်လို့ ခန့်မှန်းထားပါသလဲရှင့်။

ဒေါက်တာသင်းသင်း။ ။ ဟုတ်ကဲ့၊ အဲဒါကလည်း ၅ ရက်နေ့မှာ ကျမတို့ရဲ့ JustGiving ရော သံရုံးက အလှူငွေတွေအကုန်လုံးကို စာရင်းပိတ်ပါမယ်။ အဲဒီအခါကျရင် ဖေဖော်ဝါရီ ၅ ရက်မှာ ပိတ်သွားပြီးတဲ့အခါကျရင် ၆ ရက်နေ့ကျရင် ပိုက်ဆံအကုန်လုံးကို သံရုံးကနေ ရန်ကုန်ကို ချက်ချင်းလွဲနိုင်ပါပြီ။

မစုမြတ်မွန်။ ။ ဟုတ်ကဲ့ပါရှင့်။ ဆိုတော့ အခုလိုမျိုး လှူချင်တဲ့သူတွေ မြန်မာပြည်က COVID ရန်ပုံငွေအတွက် ဒေါက်တာသင်းသင်းတို့ လုပ်နေတဲ့ အလှူမှာ အလှူထည့် ချင်တယ်ဆိုရင် ဘယ်လိုမျိုး ထည့်လို့ရနိုင်ပါသလဲရှင့်။

ဒေါက်တာသင်းသင်း။ ။ JustGiving ဝက်ဘ်ဆိုက်ကို ဝင်လိုက်ပါ။ ဝင်လိုက်ပြီးတဲ့အခါကျရင် အဲဒီ ဝက်ဘ်ဆိုက်ထဲမှာ Myanmar COVID လို့ ရိုက်လိုက်ရင်တောင်မှ ပေါ်လာပါတယ်။ ဒါမှ မဟုတ်ရင် Alternative ပေါ့နော်၊ ကျမတို့ဆီက Facebook မှာဖြစ်ဖြစ် ၊ အလှူကောက်ခံနေတဲ့ ဒီလူတွေထဲကနေမှ Link လေးကို ရလာရင်လည်း အဲဒါမှာကျတော့ တိုက်ရိုက်နှိပ်ပြီးတော့ ဝင်လို့ရပါတယ်။ နောက်ပြီးတဲ့အခါကျရင် သံရုံးကိုလည်း တိုက်ရိုက်ဆက်သွယ်ပြီးတော့မှ သံရုံးအကာင့်ကလည်း ပါတယ်ဆိုတော့ သံရုံးအကာင့်ကို တခါတည်း တိုက်ရိုက် ထည့်လိုက်လို့ ရပါတယ်။ သံရုံးအကာင့်ကို တိုက်ရိုက်ထည့်ခြင်းအားဖြင့် တခုကောင်းတာကတော့ ကျမတို့ရဲ့ ဒီ ဝန်ဆောင်ခ ပေါ့နော် JustGiving ကို ပေးရတဲ့ ရာခိုင်နှုန်းကို မပြတော့ဘူးပေါ့နော်။

Barnsley မြို့ Barnsley ဆေးရုံက သမားတော်ကြီး ဒေါက်တာသင်းသင်းကို မစုမြတ်မွန်က ဆက်သွယ်မေးခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG