သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ကုိဗစ္ကာကြယ္ေဆး ျမန္မာက်န္းမာေရး၀န္ထမ္းေတြကုိ စတင္ထုိးႏွံ


ေနျပည္ေတာ္က က်န္းမာေရးဝန္ထမ္းတဦး ကိုဗစ္ကာကြယ္ေဆးထိုးႏွံေနတဲ့ ျမင္ကြင္း။ (ဇန္နဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi/Unicode)
ျမန္မာနိုင္ငံမွာ မေန႔ ဇန္နဝါရီလ ၂၇ ရက္ေန႔ကစလို႔ က်န္းမာေရး ဝန္ထမ္းေတြကို ကိုဗစ္ ကာကြယ္ေဆးေတြ စတင္ထိုးႏွံေပးေနၿပီျဖစ္ ပါတယ္။ ရန္ကုန္တိုင္းအတြင္းမွာေတာ့ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးက သူနာျပဳအုပ္ ေဒၚသက္သက္သက္သိန္းက ကိုဗစ္ 19 ကာကြယ္ ေဆး ပထမဆုံးထိုးႏွံခံရသူ ျဖစ္တယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာနက ေၾကညာထားပါတယ္။

က်န္းမာေရးဝန္ထမ္းေတြလိုပဲ ကိုဗစ္ တိုက္ဖ်က္ေရးမွာ ပါဝင္ ေဆာင္ရြက္ေနတဲ့ ေစတနာ့ ဝန္ထမ္း volunteer ေတြ လည္း ပထမဆုံးအသုတ္ ကာကြယ္ထိုးေဆးထိုးႏွံခြင့္ရၾကပါတယ္။ ပထမဆုံးအသုတ္ထဲ ထိုးႏွံခြင့္ရတဲ့အေပၚ ေစတနာ့ရွင္ေတြကဝမ္းေျမာက္ မိတယ္လို႔ ေျပာပါတယ္။

“ဒီလိုမ်ိဳးက်ေနာ္တို႔ လုပ္ကိုင္ေပးခဲ့တဲ့အတြက္၊ က်ေနာ္တို႔ကို ဦးစားေပးၿပီးေတာ့ ကာကြယ္ေဆးထိုးႏိုင္တဲ့ စာရင္းထဲမွာ ထည့္ေပးတဲ့အတြက္ ၀မ္းလည္း၀မ္းသာပါတယ္၊ ဂုဏ္လည္းယူပါတယ္ခင္ဗ်။ ႏိုင္ငံေတာ္ကေနလည္း ဒါေတြကို လူတန္းေစ့ထိုးႏိုင္ေအာင္လို႔ ေဆာင္ရြက္ေပးေနတဲ့အတြက္ ဒီကာလႀကီးျမန္ျမန္ၿပီးသြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္ခင္ဗ်။”

ရန္ကုန္တိုင္းေဒသႀကီးက ေစတနာ ဝန္ထမ္း တစ္ဦးျဖစ္တဲ့ အသက္ ၂၅ ႏွစ္အရြယ္ ကိုၿငိမ္းခ်မ္းစိုးက AFP သတင္းဌာနကို ေျပာ သြား တာပါ။

အားနည္းခ်ိနဲ႔ေနတဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ စနစ္ေၾကာင့္ ျမန္မာနိုင္ငံအေနနဲ႔ COVID 19 ေရာဂါကို တုံ႔ျပန္ရာမွာ က်န္းမာေရး ဝန္ထမ္းေတြ အျပင္ ေစတနာ့ ဝန္ထမ္းေတြကိုလည္း အႀကီးအက်ယ္ မွီခိုေနရတာ ျဖစ္ပါတယ္။

ေနာက္တစ္သုတ္အေနနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို ကာကြယ္ေဆးထိုးႏွံေပးသြားမယ္လို႔က်န္းမာေရးဝန္ႀကီးဌာနကေၾကညာ ထားပါတယ္။

မေန႔ကစလို႔ ရန္ကုန္တိုင္းအပါအဝင္ တိုင္းနဲ႔ ျပည္နယ္ အသီးသီးမွာ ကာကြယ္ေဆးေတြ စတင္ထိုးေပးေနတာ ျဖစ္ပါတယ္။

မေန႔တုန္းက ကိုရိုနာဗိုင္းရပ္စ္ပိုးကူးစက္သူ အသစ္ ၄၃၄ ေယာက္ထပ္တိုး ေတြ႕ရွိခဲ့ပါတယ္။ ဒါေၾကာင့္ ကူးစက္သူ စုစုေပါင္း ၁၃၈,၈၀၂ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID- 19 ေၾကာင့္ ေသဆုံးသူက ၇ ေယာက္ ရွိပါတယ္။ ဒီ သီတင္းပတ္ေတြ အတြင္း ပထမဆုံးအႀကိမ္ ေသဆုံးသူ ဆယ္ ဂဏန္းေအာက္ က်ဆင္းသြားတာ ျဖစ္ပါတယ္။အခုအခ်ိန္အထိ ကိုဗစ္ေၾကာင့္ ေသဆုံး သူ စုစုေပါင္း ၃,၀၈၉ ေယာက္ရွိၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္




.................

ကိုဗစ်ကာကွယ်ဆေး မြန်မာကျန်းမာရေးဝန်ထမ်းတွေကို စတင်ထိုးနှံ

(Unicode)
မြန်မာနိုင်ငံမှာ မနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကစလို့ ကျန်းမာရေး ဝန်ထမ်းတွေကို ကိုဗစ် ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးနေပြီဖြစ် ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက သူနာပြုအုပ် ဒေါ်သက်သက်သက်သိန်းက ကိုဗစ် 19 ကာကွယ် ဆေး ပထမဆုံးထိုးနှံခံရသူ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေလိုပဲ ကိုဗစ် တိုက်ဖျက်ရေးမှာ ပါဝင် ဆောင်ရွက်နေတဲ့ စေတနာ့ ဝန်ထမ်း volunteer တွေ လည်း ပထမဆုံးအသုတ် ကာကွယ်ထိုးဆေးထိုးနှံခွင့်ရကြပါတယ်။ ပထမဆုံးအသုတ်ထဲ ထိုးနှံခွင့်ရတဲ့အပေါ် စေတနာ့ရှင်တွေကဝမ်းမြောက် မိတယ်လို့ ပြောပါတယ်။

“ဒီလိုမျိုးကျနော်တို့ လုပ်ကိုင်ပေးခဲ့တဲ့အတွက်၊ ကျနော်တို့ကို ဦးစားပေးပြီးတော့ ကာကွယ်ဆေးထိုးနိုင်တဲ့ စာရင်းထဲမှာ ထည့်ပေးတဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်၊ ဂုဏ်လည်းယူပါတယ်ခင်ဗျ။ နိုင်ငံတော်ကနေလည်း ဒါတွေကို လူတန်းစေ့ထိုးနိုင်အောင်လို့ ဆောင်ရွက်ပေးနေတဲ့အတွက် ဒီကာလကြီးမြန်မြန်ပြီးသွားမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။”

ရန်ကုန်တိုင်းဒေသကြီးက စေတနာ ဝန်ထမ်း တစ်ဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုငြိမ်းချမ်းစိုးက AFP သတင်းဌာနကို ပြော သွား တာပါ။

အားနည်းချိနဲ့နေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြောင့် မြန်မာနိုင်ငံအနေနဲ့ COVID 19 ရောဂါကို တုံ့ပြန်ရာမှာ ကျန်းမာရေး ဝန်ထမ်းတွေ အပြင် စေတနာ့ ဝန်ထမ်းတွေကိုလည်း အကြီးအကျယ် မှီခိုနေရတာ ဖြစ်ပါတယ်။

နောက်တစ်သုတ်အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ကာကွယ်ဆေးထိုးနှံပေးသွားမယ်လို့ကျန်းမာရေးဝန်ကြီးဌာနကကြေညာ ထားပါတယ်။

မနေ့ကစလို့ ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ကာကွယ်ဆေးတွေ စတင်ထိုးပေးနေတာ ဖြစ်ပါတယ်။

မနေ့တုန်းက ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူ အသစ် ၄၃၄ ယောက်ထပ်တိုး တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ကူးစက်သူ စုစုပေါင်း ၁၃၈,၈၀၂ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID- 19 ကြောင့် သေဆုံးသူက ၇ ယောက် ရှိပါတယ်။ ဒီ သီတင်းပတ်တွေ အတွင်း ပထမဆုံးအကြိမ် သေဆုံးသူ ဆယ် ဂဏန်းအောက် ကျဆင်းသွားတာ ဖြစ်ပါတယ်။ အခုအချိန်အထိ ကိုဗစ်ကြောင့် သေဆုံး သူ စုစုပေါင်း ၃,၀၈၉ ယောက်ရှိပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG