သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ေရာဂါကူးစက္သူ ၃၅၀၊ ေသဆံုးသူ ၁၄ ဦး ထပ္တိုး


ရန္ကုန္ၿမိဳ႕ရွိ ရပ္ကြက္တခုမွာေတြ႔ရတဲ့ PPE ဝတ္စံုျပည့္ ပရဟိတ လုပ္သားတဦး။ (ေအာက္တိုဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၃၅၀ ေယာက္ ထပ္တိုးၿပီး ေသဆုံးသူ ၁၄ ေယာက္ ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီေန႔ထုတ္ျပန္ခ်က္မွာပါတဲ့ ေသဆုံးသူေတြထဲမွာ ၁၃ ဦးက ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ က်န္းမာေရးဌာနက ေျပာပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၁၆,၃၇၈ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုး ကူးစက္ထားသူေတြ ေတြ႔ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၂,၃၃၉,၄၇၂ ခု ရွိသြားၿပီျဖစ္ပါတယ္။

ေသဆုံးသူအေရအတြက္က ၃,၁၀၃ ေယာက္ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၃၉,၁၅၂ ေယာက္ ရွိသြားပါၿပီ။

ဒီကေန႔ည ထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူ အေရအတြက္ ၃၈၆ ေယာက္ ရွိတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသူ စုစုေပါင္း ၁၂၃,၅၅၆ ေယာက္ ရွိသြားပါၿပီ။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၂.၁၄% ရွိၿပီး ျပန္ေကာင္းလာသူ ၈၈.၇၉ % ၊ ေသဆုံးႏႈန္းက ၂.၂၃% ရွိပါတယ္။

ေသဆုံးသူေတြထဲမွာ ၉၂.၈၆% က ေနာက္ခံေရာဂါရွိသူေတြပါ။

ဇန္နဝါရီလ ၁၉ ရက္ေန႔ကေန ၂၈ ရက္ေန႔အတြင္း ပ်မ္းမွ်ပိုးေတြ႕ႏႈန္း ၂.၃၁% ျဖစ္ၿပီး ဒီ ၁၀ ရက္အတြင္း ဇန္နဝါရီလ ၂၆ ရက္ေန႔ကေတာ့ ပိုးေတြ႕ႏႈန္း ၂.၀၉ % နဲ႔ အနိမ့္ဆုံးရွိခဲ့တယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။

ဒီကေန႔အေရအတြက္ကို မေန႔ကနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ စစ္ေဆးတဲ့ ဓာတ္ခြဲနမူနာအေရအတြက္က ၁၇၀ ေက်ာ္ပဲကြာၿပီး ကူးစက္သူအေရအတြက္ ပိုနည္းေပမဲ့ ေသဆံုးသူက ပိုမ်ားပါတယ္။ ေရာဂါေပ်ာက္ကင္းသူအေရအတြက္ကေတာ့ အမ်ားႀကီးကြာျခားမႈမရွိပါဘူး။

[Unicode Version]

မြန်မာ COVID-19 ရောဂါကူးစက်သူ ၃၅၀၊ သေဆုံးသူ ၁၄ ဦး ထပ်တိုး

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၃၅၀ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၄ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ ၁၃ ဦးက ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၁၆,၃၇၈ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၃၃၉,၄၇၂ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၃,၁၀၃ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၃၉,၁၅၂ ေယာက် ရှိသွားပါပြီ။

ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၃၈၆ ယောက် ရှိတာကြောင့် ရောဂါပျောက်ကင်းသူ စုစုပေါင်း ၁၂၃,၅၅၆ ယောက် ရှိသွားပါပြီ။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၂.၁၄% ရှိပြီး ပြန်ကောင်းလာသူ ၈၈.၇၉ % ၊ သေဆုံးနှုန်းက ၂.၂၃% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ ၉၂.၈၆% က နောက်ခံရောဂါရှိသူတွေပါ။

ဇန်နဝါရီလ ၁၉ ရက်နေ့ကနေ ၂၈ ရက်နေ့အတွင်း ပျမ်းမျှပိုးတွေ့နှုန်း ၂.၃၁% ဖြစ်ပြီး ဒီ ၁၀ ရက်အတွင်း ဇန်နဝါရီလ ၂၆ ရက်နေ့ကတော့ ပိုးတွေ့နှုန်း ၂.၀၉ % နဲ့ အနိမ့်ဆုံးရှိခဲ့တယ်လို့ ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

ဒီကနေ့အရေအတွက်ကို မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာအရေအတွက်က ၁၇၀ ကျော်ပဲကွာပြီး ကူးစက်သူအရေအတွက် ပိုနည်းပေမဲ့ သေဆုံးသူက ပိုများပါတယ်။ ရောဂါပျောက်ကင်းသူအရေအတွက်ကတော့ အများကြီးကွာခြားမှုမရှိပါဘူး။

XS
SM
MD
LG