သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပဋိပကၡဒဏ္သင့္ ျမန္မာလူထု ၁ သန္းနီးပါး လူသားစာနာမႈအကူအညီ လုိအပ္ေန


တပ္မေတာ္နဲ႔ TNLA နမ့္ဆန္တိုက္ပြဲေၾကာင့္ တိမ္းေရွာင္ထြက္ေျပးခဲ့ၾကရတဲ့ စစ္ေရွာင္မ်ား။ (မွတ္တမ္းဓာတ္ပံု - ဦးေအာင္ျမင့္)

[Zawgyi/Unicode]

ျမန္မာႏုိ္င္ငံမွာ ပဋိပကၡေဘးဒဏ္သင့္ေဒသက လူထု ၁,၀၀၀,၀၀၀ နီးပါးဟာ လူသားစာနာမႈအကူအညီေတြ လိုအပ္ေနတယ္လို႔ ကုလသမဂၢကေျပာပါတယ္။

ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ ဌာေနကိုယ္စားလွယ္နဲ႔ လူသားစာနာမႈလုပ္ငန္းမ်ားအတြက္ ျမန္မာႏုိင္ငံဆိုင္ရာ လုပ္ငန္းညွိႏိႈင္းေရးမွဴး Ola Almgren (ယာ)
ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ ဌာေနကိုယ္စားလွယ္နဲ႔ လူသားစာနာမႈလုပ္ငန္းမ်ားအတြက္ ျမန္မာႏုိင္ငံဆိုင္ရာ လုပ္ငန္းညွိႏိႈင္းေရးမွဴး Ola Almgren (ယာ)

ကခ်င္၊ ကရင္၊ ပဲခူးအေရွ႕ပိုင္း၊ ရခုိင္၊ ခ်င္းေတာင္ပိုင္းနဲ႔ ရွမ္းေျမာက္ပိုင္းတို႔က ဒုကၡသည္ ၉၄၅,၀၀၀ ပတ္ဝန္းက်င္ကို လူသားစာနာမႈအကူအညီနဲ႔ အကာအကြယ္ေပးေရးဆိုင္ရာ အကူအညီေတြေပးဖို႔ ရန္ပံုေငြ အေမရိကန္ေဒၚလာ ၂၇၆.၅ သန္း ပန္ၾကားထားတဲ့ ၂၀၂၁ ခုႏွစ္၊ လူသားစာနာမႈ တုံ႔ျပန္ေဆာင္ရြက္ေရးစီမံကိန္း (HRP) ထဲမွာ ကုလသမဂၢနဲ႔ လူသားစာနာမႈလုပ္ငန္း မိတ္ဘက္အဖြဲ႔ေတြက အဲဒီလိုေျပာထားတာပါ။

ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢ ဌာေနကိုယ္စားလွယ္နဲ႔ လူသားစာနာမႈလုပ္ငန္းမ်ားအတြက္ ျမန္မာႏုိင္ငံဆိုင္ရာ လုပ္ငန္းညွိႏိႈႈင္းေရးမွဴး Ola Almgren က "လူသားစာနာမႈအကူအညီ အလိုအပ္ဆံုးသူေတြကို ျပည့္စံုတဲ့အကူအကူအညီ ေပးအပ္သြားေရး က်ေနာ္တုိ႔ ဘယ္လိုရည္ရြယ္ထားတယ္ဆိုတာ HRP ထဲမွာ ရွင္းျပထားပါတယ္။" လို႔ေျပာပါတယ္။ HRP အစီအစဥ္အရ လူ႔အခြင့္အေရးကို အကာအကြယ္ေပးေရးနဲ႔ ေလးစားလို္က္နာေရးဟာ အားလံုးအက်ဳံးဝင္တဲ့ တု႔ံျပန္ေဆာင္ရြက္ေရးလုပ္ငန္းရဲ႕ အဓိကေနရာမွာ ရွိတယ္လို႔လည္း မစၥတာ Ola Almgren ကေျပာပါတယ္။

လက္ရွိအခ်ိန္မွာ COVID-19 ကပ္ေရာဂါ က်ေရာက္ေနခ်ိန္ျဖစ္တဲ့အတြက္ HRP စီမံကိန္းကိုလည္း ကပ္ေရာဂါကူးစက္မႈ တားဆီးေရး သတ္မွတ္ခ်က္ေတြနဲ႔အညီ ေရးဆြဲထားတယ္လို႔ ကုလသမဂၢကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပဋိပက္ခဒဏ်သင့် မြန်မာလူထု ၁ သန်းနီးပါး လူသားစာနာမှုအကူအညီ လိုအပ်နေ

မြန်မာနိုင်ငံမှာ ပဋိပက္ခဘေးဒဏ်သင့်ဒေသက လူထု ၁,၀၀၀,၀၀၀ နီးပါးဟာ လူသားစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။

ကချင်၊ ကရင်၊ ပဲခူးအရှေ့ပိုင်း၊ ရခိုင်၊ ချင်းတောင်ပိုင်းနဲ့ ရှမ်းမြောက်ပိုင်းတို့က ဒုက္ခသည် ၉၄၅,၀၀၀ ပတ်ဝန်းကျင်ကို လူသားစာနာမှုအကူအညီနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ အကူအညီတွေပေးဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၇၆.၅ သန်း ပန်ကြားထားတဲ့ ၂၀၂၁ ခုနှစ်၊ လူသားစာနာမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံကိန်း (HRP) ထဲမှာ ကုလသမဂ္ဂနဲ့ လူသားစာနာမှုလုပ်ငန်း မိတ်ဘက်အဖွဲ့တွေက အဲဒီလိုပြောထားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နဲ့ လူသားစာနာမှုလုပ်ငန်းများအတွက် မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းညှိနှိုှုင်းရေးမှူး Ola Almgren က "လူသားစာနာမှုအကူအညီ အလိုအပ်ဆုံးသူတွေကို ပြည့်စုံတဲ့အကူအကူအညီ ပေးအပ်သွားရေး ကျနော်တို့ ဘယ်လိုရည်ရွယ်ထားတယ်ဆိုတာ HRP ထဲမှာ ရှင်းပြထားပါတယ်။" လို့ပြောပါတယ်။ HRP အစီအစဉ်အရ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေးနဲ့ လေးစားလိုက်နာရေးဟာ အားလုံးအကျုံးဝင်တဲ့ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းရဲ့ အဓိကနေရာမှာ ရှိတယ်လို့လည်း မစ္စတာ Ola Almgren ကပြောပါတယ်။

လက်ရှိအချိန်မှာ COVID-19 ကပ်ရောဂါ ကျရောက်နေချိန်ဖြစ်တဲ့အတွက် HRP စီမံကိန်းကိုလည်း ကပ်ရောဂါကူးစက်မှု တားဆီးရေး သတ်မှတ်ချက်တွေနဲ့အညီ ရေးဆွဲထားတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG