သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရးဆံုးျဖတ္ခ်က္ ကုလသမဂၢ မဲခြဲအတည္ျပဳ


ကုလသမဂၢ ႏွစ္ပတ္လည္ အေထြေထြညီလာခံ က်င္းပေနတဲ့ျမင္ကြင္း။ (စက္တင္ဘာ ၂၀၂၀၊ ဓာတ္ပုံ - United Nations)

(Zawgyi / Unicode)

ဒီဇင္ဘာလ ၃၁ ရက္ေန႔က က်င္းပခဲ့တဲ့ ကုလသမဂၢ အေထြေထြညီလာခံမွာ ျမန္မာႏုိင္ငံဆိုင္ရာ ဆုံးျဖတ္ခ်က္မူၾကမ္းတရပ္ကို ကုလသမဂၢအဖြဲ႔ဝင္ႏုိင္ငံ မဲအမ်ားစုနဲ႔ အတည္ျပဳခဲ့ပါတယ္။ အဲဒီဆုံးျဖတ္ခ်က္မွာ ျမန္မာႏုိင္ငံအတြင္းက ႐ုိဟင္ဂ်ာမြတ္စလင္ လူနည္းစုနဲ႔ တျခားလူနည္းစုေတြရဲ႕ လူ႔အခြင့္အေရး အေျခအေနနဲ႔ ပတ္သက္လို႔ တင္ျပ ေတာင္းဆိုထားတာျဖစ္ၿပီး EU ဥေရာပသမဂၢနဲ႔ အစၥလာမၼစ္ႏုိင္ငံမ်ားအဖြဲ႔ (OIC) တို႔ကေန ဦးေဆာင္တင္သြင္းခဲ့ပါတယ္။ အျပည့္အစုံကို ကိုရဲမင္းထြန္းက စုစည္းတင္ျပထားပါတယ္။

အဲဒီ ျမန္မာႏုိင္ငံ လူ႔အခြင့္အေရးဆိုင္ရာ ဆုံးျဖတ္ခ်က္မူၾကမ္းကို ႏုိဝင္ဘာလအတြင္းက က်င္းပခဲ့တဲ့ ကုလသမဂၢ တတိယေကာ္မတီမွာ အတည္ျပဳထားခဲ့တာျဖစ္ၿပီး အခုက်င္းပေနတဲ့ ၇၅ ႀကိမ္ေျမာက္ အေထြေထြညီလာခံကို တင္သြင္းခဲ့ရာမွာ ၄၈ ႀကိမ္ေျမာက္ အစည္းအေဝးမွာ မဲခြဲဆုံးျဖတ္ အတည္ျပဳလိုက္တာ ျဖစ္ပါတယ္။

“ဆုံးျဖတ္ခ်က္မူၾကမ္းကို ေထာက္ခံမဲ ၁၃၀၊ ကန္႔ကြက္မဲ ၉ မဲ၊ ၾကားေနမဲ ၂၆ မဲနဲ႔ အတည္ျပဳတာျဖစ္ေၾကာင္း” ကုလသမဂၢ အေထြေထြညီလာခံ သဘာပတိ၊ ဝါရင့္ တူရကီသံတမန္ Volkan Bozkır က ေၾကညာခဲ့တာ ျဖစ္ပါတယ္။

ဒီဆုံးျဖတ္ခ်က္ကို ႐ုရွားနဲ႔ တ႐ုတ္ႏုိင္ငံ အပါအဝင္ ဘယ္လာ႐ုစ္၊ ကေမၻာဒီးယား၊ လာအို၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ ဇင္ဘာေဘြနဲ႔ ျမန္မာႏုိင္ငံ စုစုေပါင္း ႏုိင္ငံ ၉ ႏုိင္ငံက ဆန္႔က်င္မဲေပးခဲ့ပါတယ္။ အိႏၵိယ၊ ဂ်ပန္၊ သီရိလကၤာနဲ႔ စင္ကာပူ အပါအဝင္ ႏုိင္ငံေပါင္း ၂၆ ႏုိင္ငံကေတာ့ မဲမေပးဘဲ ၾကားေနခဲ့ၾကပါတယ္။

ကုလသမဂၢက အတည္ျပဳခဲ့တဲ့ ဒီဆုံးျဖတ္ခ်က္မွာ ျမန္မာစစ္တပ္နဲ႔ လုံၿခဳံေရးတပ္ဖြဲ႔ေတြက ႐ုိဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ၊ ကခ်င္၊ ရခိုင္၊ ခ်င္းျပည္နယ္ေတာင္ပိုင္းနဲ႔ ရွမ္းျပည္နယ္ေတြမွာ အလားတူ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ႐ုိဟင္ဂ်ာနဲ႔ တျခားလူနည္းစုေတြ သိန္းခ်ီၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကို ထြက္ေျပးခဲ့ရမႈေတြအေပၚမွာ စိုးရိမ္ပူပန္မိေၾကာင္း ေဖာ္ျပပါရွိပါတယ္။

ကုလသမဂၢ အေထြေထြညီလာခံက ျမန္မာႏုိင္ငံဆိုင္ရာ ဆုံးျဖတ္ခ်က္ကို အတည္ျပဳလိုက္တဲ့အေပၚ ကုလသမဂၢဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ျပန္လည္ တုံ႔ျပန္ ေျပာၾကားခဲ့ပါတယ္။

“ႏုိင္ငံေရးရည္ရြယ္ခ်က္အတြက္ လူ႔အခြင့္အေရးကို အသုံးခ်တာကုိ ေရွာင္ရွားသင့္ေၾကာင္း၊ ဒီဆုံးျဖတ္ခ်က္ဟာ လူ႔အခြင့္အေရးကို အေၾကာင္းျပၿပီး ကုလသမဂၢႀကီးရဲ႕ ယႏၲရားကို အသုံးခ်ေနတာျဖစ္ေၾကာင္း၊ ျမန္မာႏုိင္ငံရဲ႕ တရားစီရင္ေရး ဥပေဒေဘာင္အတြင္းက ကိစၥကို အခု အတည္ျပဳလိုက္တဲ့ ဆုံးျဖတ္ခ်က္က ေဘာင္ေက်ာ္ေဆာင္ရြက္တာျဖစ္လို႔ ျမန္မာႏုိင္ငံအေနနဲ႔ လက္မခံဘဲ ကန္႔ကြက္ေၾကာင္း” ဦးေက်ာ္မိုးထြန္းက ေျပာပါတယ္။

ဒါ့အျပင္ တိုင္းရင္းသား လူနည္းစုဆိုင္ရာ ကိစၥရပ္အေနနဲ႔ လက္ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) အစိုးရက တိုင္းရင္းသား လူနည္းစုေတြနဲ႔ ေဆြးေႏြးေနၿပီး အစိုးရသစ္ဖြဲ႔စည္းေရး ေဆာင္ရြက္ေနတယ္လို႔လည္း သူက ေျပာပါတယ္။ ဒါေပမယ့္ လက္ရွိ ျမန္မာႏုိင္ငံရဲ႕ ႏုိင္ငံျခားေရးရာ မူဝါဒနဲ႔အညီ ျမန္မာျပည္သူေတြရဲ႕ အက်ိဳးအတြက္ ကုလသမဂၢနဲ႔ေရာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္႐ုံးနဲ႔ေရာ ဆက္လက္ ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔လည္း ေျပာပါတယ္။

အခုအတည္ျပဳလိုက္တဲ့ ကုလသမဂၢရဲ႕ ဆုံးျဖတ္ခ်က္မူၾကမ္းကို EU ဥေရာပသမဂၢအဖြဲ႔ဝင္ႏုိင္ငံေတြ အပါအဝင္ ဥေရာပႏုိင္ငံေတြနဲ႔အတူ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု (ယူေအအီး) က ကုလသမဂၢအဖြဲ႔ဝင္ ႏုိင္ငံေတြျဖစ္တဲ့ အစၥလာမၼစ္ႏုိင္ငံမ်ားအဖြဲ႔ (OIC) ႏုိင္ငံေတြကိုယ္စား ကမကထျပဳ ဦးေဆာင္တင္သြင္းခဲ့တာ ျဖစ္ပါတယ္။ တတိယေကာ္မတီမွာ တင္သြင္းစဥ္က ေနာက္ပိုင္းမွာ အေမရိကန္ႏုိင္ငံကလည္း ကမကထျပဳတဲ့ႏုိင္ငံအေနနဲ႔ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

ကန္႔ကြက္ခဲ့တဲ့ ႏုိင္ငံေတြအေနနဲ႔ကေတာ့ လုံၿခဳံေရးေကာင္စီအဖြဲ႔ဝင္ ၂ ႏုိင္ငံျဖစ္တဲ့ တ႐ုတ္နဲ႔ ႐ုရွားတို႔ ပါဝင္ခဲ့ပါတယ္။

ကုလသမဂၢရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ေထာက္ခံမဲေပးခဲ့တဲ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံက ႐ုိဟင္ဂ်ာေတြအေရးနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ လုံၿခံဳေရးေကာင္စီမွာ စဥ္းစားေဆြးေႏြးဖို႔ကိုလည္း တိုက္တြန္း ေတာင္းဆိုေနတာ ျဖစ္ပါတယ္။

ဒါေပမယ့္ အခုေနာက္ဆုံး ကုလသမဂၢက အတည္ျပဳလိုက္တဲ့ ျမန္မာႏုိင္ငံဆိုင္ရာ ကုလသမဂၢရဲ႕ ဆုံးျဖတ္ခ်က္ကိုလည္း အရင္လိုပဲ လုံၿခဳံေရးေကာင္စီဝင္ တ႐ုတ္နဲ႔ ႐ုရွားတို႔က ကန္႔ကြက္မဲေပးခဲ့ၾကသလို အၿမဲတမ္းမဟုတ္တဲ့ လုံၿခဳံေရးေကာင္စီ အဖြဲ႔ဝင္ႏုိင္ငံသစ္ျဖစ္တဲ့ အိႏၵိယႏုိင္ငံက ၾကားေနခဲ့ပါတယ္။

႐ုိဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံတဲ့ ျမန္မာႏုိင္ငံကေတာ့ ဘဂၤလားေဒ့ရွ္ေရာက္ ႐ုိဟင္ဂ်ာဒုကၡသည္ေတြကို ျပန္လည္စိစစ္လက္ခံမယ္လို႔ ေျပာထားေပမယ့္ အခုအခ်ိန္အထိ အေကာင္အထည္ေပၚလာျခင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

မြန်မာ့အရေးဆုံးဖြတ်ချက် ကုလသမဂ္ဂ မဲခွဲအတည်ပြု

ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ မဲအများစုနဲ့ အတည်ပြုခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာမွတ်စလင် လူနည်းစုနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ တင်ပြ တောင်းဆိုထားတာဖြစ်ပြီး EU ဥရောပသမဂ္ဂနဲ့ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (OIC) တို့ကနေ ဦးဆောင်တင်သွင်းခဲ့ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက စုစည်းတင်ပြထားပါတယ်။

အဲဒီ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ တတိယကော်မတီမှာ အတည်ပြုထားခဲ့တာဖြစ်ပြီး အခုကျင်းပနေတဲ့ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံကို တင်သွင်းခဲ့ရာမှာ ၄၈ ကြိမ်မြောက် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

“ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂၆ မဲနဲ့ အတည်ပြုတာဖြစ်ကြောင်း” ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၊ ဝါရင့် တူရကီသံတမန် Volkan Bozkır က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံ အပါအဝင် ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဇင်ဘာဘွေနဲ့ မြန်မာနိုင်ငံ စုစုပေါင်း နိုင်ငံ ၉ နိုင်ငံက ဆန့်ကျင်မဲပေးခဲ့ပါတယ်။ အိန္ဒိယ၊ ဂျပန်၊ သီရိလင်္ကာနဲ့ စင်ကာပူ အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံကတော့ မဲမပေးဘဲ ကြားနေခဲ့ကြပါတယ်။

ကုလသမဂ္ဂက အတည်ပြုခဲ့တဲ့ ဒီဆုံးဖြတ်ချက်မှာ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ကချင်၊ ရခိုင်၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရမှုတွေအပေါ်မှာ စိုးရိမ်ပူပန်မိကြောင်း ဖော်ပြပါရှိပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တဲ့အပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြန်လည် တုံ့ပြန် ပြောကြားခဲ့ပါတယ်။

“နိုင်ငံရေးရည်ရွယ်ချက်အတွက် လူ့အခွင့်အရေးကို အသုံးချတာကို ရှောင်ရှားသင့်ကြောင်း၊ ဒီဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးကို အကြောင်းပြပြီး ကုလသမဂ္ဂကြီးရဲ့ ယန္တရားကို အသုံးချနေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ဥပဒေဘောင်အတွင်းက ကိစ္စကို အခု အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်က ဘောင်ကျော်ဆောင်ရွက်တာဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့ လက်မခံဘဲ ကန့်ကွက်ကြောင်း” ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လူနည်းစုဆိုင်ရာ ကိစ္စရပ်အနေနဲ့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက တိုင်းရင်းသား လူနည်းစုတွေနဲ့ ဆွေးနွေးနေပြီး အစိုးရသစ်ဖွဲ့စည်းရေး ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးရာ မူဝါဒနဲ့အညီ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ကုလသမဂ္ဂနဲ့ရော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးနဲ့ရော ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

အခုအတည်ပြုလိုက်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် ဥရောပနိုင်ငံတွေနဲ့အတူ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (OIC) နိုင်ငံတွေကိုယ်စား ကမကထပြု ဦးဆောင်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ တတိယကော်မတီမှာ တင်သွင်းစဉ်က နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကလည်း ကမကထပြုတဲ့နိုင်ငံအနေနဲ့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ကန့်ကွက်ခဲ့တဲ့ နိုင်ငံတွေအနေနဲ့ကတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ ပါဝင်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် ထောက်ခံမဲပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စဉ်းစားဆွေးနွေးဖို့ကိုလည်း တိုက်တွန်း တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံး ကုလသမဂ္ဂက အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကိုလည်း အရင်လိုပဲ လုံခြုံရေးကောင်စီဝင် တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်မဲပေးခဲ့ကြသလို အမြဲတမ်းမဟုတ်တဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံက ကြားနေခဲ့ပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်စိစစ်လက်ခံမယ်လို့ ပြောထားပေမယ့် အခုအချိန်အထိ အကောင်အထည်ပေါ်လာခြင်း မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG