[Zawgyi/Unicode]
တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္ရင္းျမစ္ စုံစမ္းဖို႔ေရာက္ေနတဲ့ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက စုံစမ္းစစ္ေဆးသူေတြ ၂ ပတ္ၾကာ Quarantine ၿပီးလို႔ လုပ္ငန္းေတြစေနပါၿပီ။
ဒီႏိုင္ငံတကာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ဝင္ေတြအေနနဲ႔ သူတို႔ Quarantine အသြားအလာ ကန႔္ေနထိုင္ခဲ့တဲ့ ဟိုတယ္ကေန ဘတ္စ္ကားနဲ႔ ဒီေန႔ထြက္လာခဲ့ၾကပါတယ္။
တ႐ုတ္ႏိုင္ငံအေနနဲ႔ ဒီ ႏိုင္ငံတကာစစ္ေဆးေရး ေတာင္းဆိုခ်က္ေတြကို လေတြနဲ႔ခ်ီ ပယ္ခ်ထားခဲ့ၿပီးမွ အခုေနာက္ဆုံး သုေတသီေတြအတြက္ လုံေလာက္တဲ့ေလ့လာခြင့္ျပဳဖို႔ ကတိေပး ခြင့္ျပဳခဲ့တာပါ။
ဒီစုံစမ္းေရးအဖြဲ႕အေနနဲ႔ သုေနသနအဖြဲ႕ေတြ၊ ေဆး႐ုံေတြနဲ႔ ပထမဆုံးစေတြ႕ခဲ့တဲ့ ေဈးတစ္ခုက လူေတြကို သီတင္းပတ္ေပါင္းမ်ားစြာ ေတြ႕ဆုံေမးျမန္းဖို႔ ရွိေနပါတယ္။
WHO ဘက္ကလည္း အခု သြားစုံစမ္းရတဲ့ ရည္႐ြယ္ခ်က္က ဒီကမာၻ႔ကပ္ေရာဂါပ်ံႏွံ႔မူအတြက္ အျပစ္တင္ဖို႔မဟုတ္ဘဲ ေနာက္ေရာဂါေတြ က်ေရာက္လာရင္ ပိုၿပီး ကာကြယ္တိုက္ဖ်က္ႏိုင္ဖို႔၊ အခုစၿပီး ပ်ံ႕ႏွံ႔ပုံကို အေျဖရွာႏိုင္ဖို႔ပါလို႔ ဆိုပါတယ္။
WHO အေရးေပၚအေျခအေနဆိုင္ရာအႀကီးအကဲ Mike Ryan က သူတို႔အေနနဲ႔ အခုစုံစမ္းေနတာက အနာဂတ္မွာ အက်ိဳးျပဳႏိုင္ဖို႔ျဖစ္တယ္။ တရားခံရွာတာမဟုတ္ဘူး။ အျပစ္တင္လႊဲခ်ဖို႔ လူရွာတာမဟုတ္ပါဘူးလို႔ ဒီလထဲေျပာခဲ့ပါတယ္။
[Unicode Version]
တရုတ်ရောက် WHO စုံစမ်းရေးအဖွဲ့ လုပ်ငန်းစပြီ
တရုတ်နိုင်ငံမှာ ကိုဗစ်ရင်းမြစ် စုံစမ်းဖို့ရောက်နေတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စုံစမ်းစစ်ဆေးသူတွေ ၂ ပတ်ကြာ Quarantine ပြီးလို့ လုပ်ငန်းတွေစနေပါပြီ။
ဒီနိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်တွေအနေနဲ့ သူတို့ Quarantine အသွားအလာ ကန့်နေထိုင်ခဲ့တဲ့ ဟိုတယ်ကနေ ဘတ်စ်ကားနဲ့ ဒီနေ့ထွက်လာခဲ့ကြပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ဒီ နိုင်ငံတကာစစ်ဆေးရေး တောင်းဆိုချက်တွေကို လတွေနဲ့ချီ ပယ်ချထားခဲ့ပြီးမှ အခုနောက်ဆုံး သုတေသီတွေအတွက် လုံလောက်တဲ့လေ့လာခွင့်ပြုဖို့ ကတိပေး ခွင့်ပြုခဲ့တာပါ။
ဒီစုံစမ်းရေးအဖွဲ့အနေနဲ့ သုနေသနအဖွဲ့တွေ၊ ဆေးရုံတွေနဲ့ ပထမဆုံးစတွေ့ခဲ့တဲ့ ဈေးတစ်ခုက လူတွေကို သီတင်းပတ်ပေါင်းများစွာ တွေ့ဆုံမေးမြန်းဖို့ ရှိနေပါတယ်။
WHO ဘက်ကလည်း အခု သွားစုံစမ်းရတဲ့ ရည်ရွယ်ချက်က ဒီကမ္ဘာ့ကပ်ရောဂါပျံနှံ့မူအတွက် အပြစ်တင်ဖို့မဟုတ်ဘဲ နောက်ရောဂါတွေ ကျရောက်လာရင် ပိုပြီး ကာကွယ်တိုက်ဖျက်နိုင်ဖို့၊ အခုစပြီး ပျံ့နှံ့ပုံကို အဖြေရှာနိုင်ဖို့ပါလို့ ဆိုပါတယ်။
WHO အရေးပေါ်အခြေအနေဆိုင်ရာအကြီးအကဲ Mike Ryan က သူတို့အနေနဲ့ အခုစုံစမ်းနေတာက အနာဂတ်မှာ အကျိုးပြုနိုင်ဖို့ဖြစ်တယ်။ တရားခံရှာတာမဟုတ်ဘူး။ အပြစ်တင်လွှဲချဖို့ လူရှာတာမဟုတ်ပါဘူးလို့ ဒီလထဲပြောခဲ့ပါတယ်။