သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ေတြကို ရက္ပိုင္းအတြင္း ကိုဗစ္ကာကြယ္ေဆး ထိုးေပးမည္


ရန္ကုန္ၿမိဳ႕ ဧရာဝတီကိုဗစ္စင္တာတခုမွာ ကိုဗစ္ကာကြယ္ေဆးထိုးႏွံေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ဇန္နဝါရီ ၂၇၊ ၂၀၂၁)

(Zawgyi/Unicode)

တတိယအႀကိမ္ေျမာက္ လႊတ္ေတာ္ညီလာခံေတြ ျပန္မစခင္ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ဇန္နဝါရီ ၂၉ နဲ႔ ၃၀ ရက္ေန႔ေတြမွာ ကိုဗစ္ကာကြယ္ေဆး ထိုးဖုိ႔ စီစဥ္ထားေၾကာင္း ကိုယ္စားလွယ္ေတြက ေျပာပါတယ္။ တိုင္းနဲ႔ ျပည္နယ္ အေတာ္မ်ားမ်ားက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုေတာ့ ေဖေဖၚဝါရီလဆန္းပိုင္းမွာ ကာကြယ္ေဆးထိုးေပးဖို႔ ျပင္ဆင္ေနတဲ့ အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

၂၀၂၀ ေရြးေကာက္ပဲြမွာ ေရြးခ်ယ္တင္ေျမႇာက္ခံရတဲ့ ကုိယ္စားလွယ္ေတြ တက္ေရာက္ၾကမယ့္ တတိယေျမာက္ ျပည္သူ႔လႊတ္ေတာ္ ညီလာခံကို ေဖေဖၚဝါရီ (၁)ရက္ေန႔နဲ႔ အမ်ဳိးသားလႊတ္ေတာ္ကို ေဖေဖၚဝါရီ (၂)ရက္ေန႔မွာ အသီးသီး က်င္းပသြားဖို႔ ရွိပါတယ္။

လႊတ္ေတာ္စည္းေဝးပြဲေတြ ျပန္မစခင္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ေတြကို ဇန္နဝါရီ ၂၉ ရက္ေန႔နဲ႔ အမ်ဳိးသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြကိုေတာ့ ဇန္နဝါရီ ၃၀ ရက္ေန႔မွာ ကုိဗစ္ ကာကြယ္ေဆး ထိုးေပးဖို႔ အေၾကာင္းၾကားထားၿပီျဖစ္ေၾကာင္း မႏၱေလးတုိင္း မဲဆႏၵနယ္ေျမ အမွတ္(၆) NLD ပါတီရဲ႕ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ သန္းဝင္းက VOA ကို ေျပာပါတယ္။

“ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ေတြကေတာ့ (၂၉)(၃၀)မွာ စထိုးပါမယ္။ က်ေနာ္တို႔က လႊတ္ေတာ္ထဲက ေဟာခန္းတခုမွာ ထုိးရမွာ။ Banquet Hall ဆိုတာ ဗမာလိုဆိုရင္ေတာ့ ထမင္းစားေဆာင္ေပါ့ ၊ အဲဒီေနရာက အျမဲတမ္း သုံးေနတာေတာ့ မဟုတ္ဘူးေပါ့ ၊ အခမ္းအနားႀကီးေတြရွိမွသာ သုံးတဲ့ အရမ္းႀကီးတဲ့ ခန္းမႀကီးေပါ့။ အဲဒီထဲမွာ သြားထိုးရမယ္ဆုိၿပီး က်ေနာ္တို႔ကို စာထုတ္ထားတယ္။ ခပ္ခြာခြာ တန္းစီၾကၿပီး ထိုးမွာပါ။”

ကာကြယ္ေဆးထိုးမယ့္ ဇန္နဝါရီ ၂၉ နဲ႔ ၃၀ မတိုင္ခင္ တရက္စီအလိုမွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို Swab test ႏွာေခါင္းအာေခါင္တုိ႔ဖတ္ ဓါတ္ခဲြနမူနာ ယူဖို႔ သတ္မွတ္ထားပါတယ္။

အိႏၵိယက ကူညီေထာက္ပ့ံလိုက္တဲ့ CoviShield ( Astrazeneca ) ကာကြယ္ေဆးေတြကို ဒီ ရက္ပိုင္းအတြင္းမွာပဲ ကိုဗစ္လူနာ ကုသကာကြယ္ေနရတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာ့ဝန္ထမ္းေတြကုိ အရင္ ထုိးေပးေနၿပီး ဒုတိယအသုတ္အျဖစ္ အစိုးရအဖြဲ႔ဝင္ေတြ ၊ ႏိုင္ငံ့တာဝန္ကို ထမ္းေနရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ထိုးေပးတာ ျဖစ္ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားလွယ္ေတြ ကာကြယ္ေဆး ထိုးၿပီးတဲ့ေနာက္ တိုင္းနဲ႔ျပည္နယ္ လႊတ္ေတာ္က ကိုယ္စားလွယ္ေတြရဲ႕ အလွည့္လို႔ သိရပါတယ္။

မြန္ျပည္နယ္ လႊတ္ေတာ္ရဲ႕ ဒုဥကၠဌလည္းျဖစ္ ၊ မြန္ညီညြတ္ေရးပါတီ MUP ဗဟုိေကာ္မတီဝင္တဦးျဖစ္တဲ့ ေဒါက္တာ ေအာင္ႏို္င္ဦးကေတာ့ သူတို႔ျပည္နယ္က လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေဖေဖၚဝါရီ (၄)ရက္ေန႔မွာ ကာကြယ္ေဆး ထိုးေပးမယ္လို႔ အေၾကာင္းၾကားထားေၾကာင္း ေျပာပါတယ္။

“ က်ေနာ္တို႔က်ေတာ့ ေဖေဖၚဝါရီ ၄ ရက္ေန႔မွာ ထိုးႏွံမယ္လို႔ ၾကားထားတယ္။ က်န္းမာေရးဌာနက သူတို႔ သတ္မွတ္ထားတဲ့ တေနရာမွာ သြားထိုးရမွာေပါ့ ။ ဒီလုိ ေဆးထိုးဖို႔ က်ေနာ့္အတြက္ေတာ့ ဘာမွ စိုးရိမ္စိတ္ မရွိပါဘူး။ ေဆးထုိးၿပီးရင္ နည္းနည္းပါးပါး အထိုက္အေလ်ာက္ နာတာက်င္တာ ကုိက္ခဲတာမ်ဳိးေတာ့ ျဖစ္ေကာင္းျဖစ္လာႏိုင္တယ္ေပါ့။ ဒါက အစြမ္းကုန္ပဲေလ။ ဒီအတြက္လည္း စိတ္ထဲ ပူပန္မႈ မရွိပါဘူး။ ေကာင္းပါတယ္ ဒါက ကိုယ့္အတြက္ လုံၿခဳံစိတ္ခ်ရဖို႔ ႀကဳိတင္ျပင္ဆင္ေပးတဲ့ အေနအထားလို႔ က်ေနာ္ ခံယူပါတယ္။ အဲဒီအတြက္လည္း ေက်းဇူးတင္ပါတယ္။”

ဒါေပမယ့္လည္း ရခုိင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ကာကြယ္ေဆး ဘယ္ေတာ့ ထုိးေပးမလဲဆိုတာ ျပည္နယ္အစိုးရ တာဝန္ရွိသူေတြက ခုခ်ိန္ထိ အေၾကာင္းၾကားတာမ်ဳိး မရွိေသးဘူးလို႔ ရခုိင္အမ်ဳိးသားပါတီ ANP ရဲ႕ ေက်ာက္ျဖဴၿမဳိ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဖိုးစံက ေျပာပါတယ္။

“ က်ေနာ္တို႔ကေတာ့ အတိအက် မသိရေသးဘူးခင္ဗ်။ အေၾကာင္းၾကားလာတာ မရွိေသးဘူးေလ။ ဘယ္သူေတြကို ဆက္ၿပီးထိုးမလဲဆိုတာ မသိေသးဘူး ခင္ဗ်။ ဘယ္အသုတ္က်မွ ထိုးရမယ္ဆိုတာက အစိုးရရဲ႕ စီမံခန္႔ခဲြမႈအေပၚ မူတည္ပါတယ္။ ကာကြယ္ေဆးထိုးဖို႔ အိႏၵိယေပးတဲ့ေဆး ရလာတဲ့အေပၚမွာ မူတည္ၿပီး သူတို႔ စီမံမယ္နဲ႔တူပါတယ္။ က်ေနာ္တုိ႔က်ေတာ့ ဒီလႊတ္ေတာ္ပိုင္းဆုိင္ရာက ဘာမွ မသိရေသးတဲ့အတြက္ ဘယ္သူေတြကို ေနာက္ထပ္ ထိုးေပးမလဲဆိုတာ မသိေသးဘူးခင္ဗ်။ အကုန္လုံးကို ထုိးေပးႏိုင္ရင္ေတာ့ ပိုလို႔ ေကာင္းမယ္လို႔ေတာ့ ထင္ပါတယ္။”

ဒီလို ကာကြယ္ေဆးထိုးၾကတာကေတာ့ မျဖစ္မေန လုပ္ရမယ့္ လုပ္ငန္းစဥ္ ျဖစ္တယ္လို႔ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ သန္းဝင္းက သုံးသပ္ပါတယ္။

“လုပ္သင့္တဲ့ကိစၥပဲေလ လုပ္ကိုလုပ္ရမွာဆိုေတာ့ က်ေနာ္တုိ႔ အထိုးခံမွာပါ။ ေဆးထုိးၿပီးသူေတြဆီမွာ တုန္႔ျပန္မႈကေတာ့ ေညာင္းတယ္ ကိုက္တယ္တုိ႔ တခ်ဳိ႕ဖ်ားတယ္တို႔ နာတယ္လို႔ေတာ့ ေဖ့စ္ဘြတ္ေပၚ ေရးၾကတယ္။ ဒါေပမယ့္ မေန႔က ထုိးတဲ့အဖြဲ႔ေတြကလည္း ဒုတိယ ေဆးတလုံးကို ဆက္ထိုးမွာပဲဆုိၿပီး အကုန္လုံးက ေျပာေနၾကတယ္။ က်ေနာ္တို႔ ကိုယ္စားလွယ္ေတြလည္း ဒီလုိပါပဲ အကုန္လုံး ထုိးၾကမွာပါ။ အခုလို ကာကြယ္ေဆး မ်ားမ်ား ထိုးႏိုင္ေလေလ အက်ဳိးရွိေလေပါ့ ။”

လူဦးေရ (၅၄)သန္းေက်ာ္ရွိတဲ့ ျမန္မာႏိုင္ငံမွာ ပထမအသုတ္အျဖစ္ လူ(၇ သိန္းခဲြ)စာအတြက္ အိႏၵိယကေပးတဲ့ ကာကြယ္ေဆး အလုံးေရ(၁.၅)သန္းကို ဦးစားေပးအဆင့္လိုက္ အသုတ္ခဲြၿပီး ထိုးေပးေနတာပါ။ ေနာက္ထပ္ လူ(၁၅)သန္းစာအတြက္ အိႏၵိယက ကုိဗစ္ကာကြယ္ေဆးေတြ ဝယ္ယူဖို႔ ျမန္မာအစိုးရက မွာထားသလို၊ တ႐ုတ္အစိုးရကလည္း သူတို႔ႏို္င္ငံထုတ္ ကုိဗစ္ကာကြယ္ေဆးေတြ ေဝမွ် ေပးမယ္လို႔ ကတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကို ရက်ပိုင်းအတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

(Unicode)

တတိယအကြိမ်မြောက် လွှတ်တော်ညီလာခံတွေ ပြန်မစခင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကို ဇန်နဝါရီ ၂၉ နဲ့ ၃၀ ရက်နေ့တွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ စီစဉ်ထားကြောင်း ကိုယ်စားလှယ်တွေက ပြောပါတယ်။ တိုင်းနဲ့ ပြည်နယ် အတော်များများက လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ဖေဖေါ်ဝါရီလဆန်းပိုင်းမှာ ကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်နေတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြမယ့် တတိယမြောက် ပြည်သူ့လွှတ်တော် ညီလာခံကို ဖေဖေါ်ဝါရီ (၁)ရက်နေ့နဲ့ အမျိုးသားလွှတ်တော်ကို ဖေဖေါ်ဝါရီ (၂)ရက်နေ့မှာ အသီးသီး ကျင်းပသွားဖို့ ရှိပါတယ်။

လွှတ်တော်စည်းဝေးပွဲတွေ ပြန်မစခင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို ဇန်နဝါရီ ၂၉ ရက်နေ့နဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ ကိုဗစ် ကာကွယ်ဆေး ထိုးပေးဖို့ အကြောင်းကြားထားပြီဖြစ်ကြောင်း မန္တလေးတိုင်း မဲဆန္ဒနယ်မြေ အမှတ်(၆) NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက VOA ကို ပြောပါတယ်။

“ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေကတော့ (၂၉)(၃၀)မှာ စထိုးပါမယ်။ ကျနော်တို့က လွှတ်တော်ထဲက ဟောခန်းတခုမှာ ထိုးရမှာ။ Banquet Hall ဆိုတာ ဗမာလိုဆိုရင်တော့ ထမင်းစားဆောင်ပေါ့ ၊ အဲဒီနေရာက အမြဲတမ်း သုံးနေတာတော့ မဟုတ်ဘူးပေါ့ ၊ အခမ်းအနားကြီးတွေရှိမှသာ သုံးတဲ့ အရမ်းကြီးတဲ့ ခန်းမကြီးပေါ့။ အဲဒီထဲမှာ သွားထိုးရမယ်ဆိုပြီး ကျနော်တို့ကို စာထုတ်ထားတယ်။ ခပ်ခွာခွာ တန်းစီကြပြီး ထိုးမှာပါ။”

ကာကွယ်ဆေးထိုးမယ့် ဇန်နဝါရီ ၂၉ နဲ့ ၃၀ မတိုင်ခင် တရက်စီအလိုမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို Swab test နှာခေါင်းအာခေါင်တို့ဖတ် ဓါတ်ခွဲနမူနာ ယူဖို့ သတ်မှတ်ထားပါတယ်။

အိန္ဒိယက ကူညီထောက်ပံ့လိုက်တဲ့ CoviShield ( Astrazeneca ) ကာကွယ်ဆေးတွေကို ဒီ ရက်ပိုင်းအတွင်းမှာပဲ ကိုဗစ်လူနာ ကုသကာကွယ်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို အရင် ထိုးပေးနေပြီး ဒုတိယအသုတ်အဖြစ် အစိုးရအဖွဲ့ဝင်တွေ ၊ နိုင်ငံ့တာဝန်ကို ထမ်းနေရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးပေးတာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ ကာကွယ်ဆေး ထိုးပြီးတဲ့နောက် တိုင်းနဲ့ပြည်နယ် လွှတ်တော်က ကိုယ်စားလှယ်တွေရဲ့ အလှည့်လို့ သိရပါတယ်။

မွန်ပြည်နယ် လွှတ်တော်ရဲ့ ဒုဥက္ကဌလည်းဖြစ် ၊ မွန်ညီညွတ်ရေးပါတီ MUP ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ဒေါက်တာ အောင်နိုင်ဦးကတော့ သူတို့ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကို ဖေဖေါ်ဝါရီ (၄)ရက်နေ့မှာ ကာကွယ်ဆေး ထိုးပေးမယ်လို့ အကြောင်းကြားထားကြောင်း ပြောပါတယ်။

“ ကျနော်တို့ကျတော့ ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ ထိုးနှံမယ်လို့ ကြားထားတယ်။ ကျန်းမာရေးဌာနက သူတို့ သတ်မှတ်ထားတဲ့ တနေရာမှာ သွားထိုးရမှာပေါ့ ။ ဒီလို ဆေးထိုးဖို့ ကျနော့်အတွက်တော့ ဘာမှ စိုးရိမ်စိတ် မရှိပါဘူး။ ဆေးထိုးပြီးရင် နည်းနည်းပါးပါး အထိုက်အလျောက် နာတာကျင်တာ ကိုက်ခဲတာမျိုးတော့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်ပေါ့။ ဒါက အစွမ်းကုန်ပဲလေ။ ဒီအတွက်လည်း စိတ်ထဲ ပူပန်မှု မရှိပါဘူး။ ကောင်းပါတယ် ဒါက ကိုယ့်အတွက် လုံခြုံစိတ်ချရဖို့ ကြိုတင်ပြင်ဆင်ပေးတဲ့ အနေအထားလို့ ကျနော် ခံယူပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။”

ဒါပေမယ့်လည်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကို ကာကွယ်ဆေး ဘယ်တော့ ထိုးပေးမလဲဆိုတာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက ခုချိန်ထိ အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။

“ ကျနော်တို့ကတော့ အတိအကျ မသိရသေးဘူးခင်ဗျ။ အကြောင်းကြားလာတာ မရှိသေးဘူးလေ။ ဘယ်သူတွေကို ဆက်ပြီးထိုးမလဲဆိုတာ မသိသေးဘူး ခင်ဗျ။ ဘယ်အသုတ်ကျမှ ထိုးရမယ်ဆိုတာက အစိုးရရဲ့ စီမံခန့်ခွဲမှုအပေါ် မူတည်ပါတယ်။ ကာကွယ်ဆေးထိုးဖို့ အိန္ဒိယပေးတဲ့ဆေး ရလာတဲ့အပေါ်မှာ မူတည်ပြီး သူတို့ စီမံမယ်နဲ့တူပါတယ်။ ကျနော်တို့ကျတော့ ဒီလွှတ်တော်ပိုင်းဆိုင်ရာက ဘာမှ မသိရသေးတဲ့အတွက် ဘယ်သူတွေကို နောက်ထပ် ထိုးပေးမလဲဆိုတာ မသိသေးဘူးခင်ဗျ။ အကုန်လုံးကို ထိုးပေးနိုင်ရင်တော့ ပိုလို့ ကောင်းမယ်လို့တော့ ထင်ပါတယ်။”

ဒီလို ကာကွယ်ဆေးထိုးကြတာကတော့ မဖြစ်မနေ လုပ်ရမယ့် လုပ်ငန်းစဉ် ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက သုံးသပ်ပါတယ်။

“လုပ်သင့်တဲ့ကိစ္စပဲလေ လုပ်ကိုလုပ်ရမှာဆိုတော့ ကျနော်တို့ အထိုးခံမှာပါ။ ဆေးထိုးပြီးသူတွေဆီမှာ တုန့်ပြန်မှုကတော့ ညောင်းတယ် ကိုက်တယ်တို့ တချို့ဖျားတယ်တို့ နာတယ်လို့တော့ ဖေ့စ်ဘွတ်ပေါ် ရေးကြတယ်။ ဒါပေမယ့် မနေ့က ထိုးတဲ့အဖွဲ့တွေကလည်း ဒုတိယ ဆေးတလုံးကို ဆက်ထိုးမှာပဲဆိုပြီး အကုန်လုံးက ပြောနေကြတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေလည်း ဒီလိုပါပဲ အကုန်လုံး ထိုးကြမှာပါ။ အခုလို ကာကွယ်ဆေး များများ ထိုးနိုင်လေလေ အကျိုးရှိလေပေါ့ ။”

လူဦးရေ (၅၄)သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ပထမအသုတ်အဖြစ် လူ(၇ သိန်းခွဲ)စာအတွက် အိန္ဒိယကပေးတဲ့ ကာကွယ်ဆေး အလုံးရေ(၁.၅)သန်းကို ဦးစားပေးအဆင့်လိုက် အသုတ်ခွဲပြီး ထိုးပေးနေတာပါ။ နောက်ထပ် လူ(၁၅)သန်းစာအတွက် အိန္ဒိယက ကိုဗစ်ကာကွယ်ဆေးတွေ ဝယ်ယူဖို့ မြန်မာအစိုးရက မှာထားသလို၊ တရုတ်အစိုးရကလည်း သူတို့နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ဝေမျှ ပေးမယ်လို့ ကတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG