သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် ပြန်လာရသူ ရွှေ့ပြောင်းလုပ်သားများ ကုလသမဂ္ဂ အကူအညီပေး


ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ (မတ် ၂၅၊ ၂၀၂၀)
ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ (မတ် ၂၅၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါကြောင့် ရုတ်တရက်ပြန်လာကြရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကပ်ရောဂါဘေးကနေ ကာကွယ်နိုင်ဖို့ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကုလသမဂ္ဂက အကူအညီပေးနေတယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

နယ်စပ်တွေကနေ ပြန်ဝင်လာကြတဲ့ အလုပ်သမားတွေ ကြုံနေကြရတဲ့ အလုပ်သမားနဲ့ လူမှုစီးပွားပြဿနာတွေ ပြေလည်အောင် ကုလသမဂ္ဂဦးဆောင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာအစိုးရရဲ့ လုပ်ဆောင်နေမှုတွေမှာ အကူအညီပေးနေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြန်လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တကိုယ်ရည်သန့်ရှင်း ပစ္စည်းတွေ၊ COVID-19 ဆိုင်ရာ ပညာပေးလက်ကမ်း စာစောင်တွေ ဖြန့်ချိပေးခဲ့သလို ခုလိုပြန်လာကြတဲ့ အလုပ်သမားတွေအပေါ် ခွဲခြားမှု မရှိအောင် ကြိုးပမ်းခဲ့တယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

သူတို့အနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနတို့အပြင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ရှိတဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ဧပြီလ ၁၆ ရက်နေ့အထိ မြန်မာနိုင်ငံကို ပြန်လာတဲ့ အလုပ်သမား ၄၆,၀၀၀ နီးပါးရှိတယ်လို့ အစိုးရကပြောထားတဲ့ထဲမှာ ၃၅ ရာခိုင်နှုန်း က အမျိုးသမီးတွေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG