[[Zawgyi/Unicode]]
အေမရိကန္ျပည္ေထာင္စုမွာ ဧၿပီလ ၂၀ ရက္၊ ဗုဒၶဟူးေန႔စာရင္းအရ COVID-19 ကပ္ေရာဂါ အတည္ျပဳလူနာေပါင္း ၈၀.၈ သန္း ေက်ာ္သြားၿပီျဖစ္ၿပီး ကိုဗစ္ေၾကာင့္ ေသဆံုးသူဦးေရက ၉၉၀,၀၀၀ ေက်ာ္သြားၿပီလို႔ ကမာၻ႔ကပ္ေရာဂါ COVID-19 ကူးစက္မႈေတြကို ေစာင့္ၾကည့္မွတ္တမ္းယူေနတဲ့ အေမရိကန္အေျခစိုက္ Johns Hopkins ေဆးတကၠသိုလ္ရဲ႕ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။
မေန႔ ဗုဒၶဟူးညေနအထိ အေမရိကန္ျပည္ေထာင္စုတဝန္းလံုး အတိုင္းအတာနဲ႔ ကိုဗစ္ကာကြယ္ေဆး အလံုးေပါင္း ၅၆၈.၂၆ သန္း ထိုးေပးၿပီးၿပီလို႔လည္း စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။
အေမရိကန္ျပည္ေထာင္စုတြင္း ကိုဗစ္ကူးစက္ခံရသူအားလံုးရဲ႕ ၁၉% ဟာ ကေလးငယ္ေတြျဖစ္ေၾကာင္း အစီရင္ခံစာအသစ္တခု မွာ ေဖာ္ျပထားပါတယ္။ ကပ္ေရာဂါကာလတေလွ်ာက္ အေမရိကန္ျပည္ေထာင္စုထဲက ကေလး ၁၂.၉ သန္းေက်ာ္မွာ ကိုဗစ္ပိုး ရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တယ္လို႔ အေမရိကန္ ကေလးသူငယ္ ေဆးပညာရပ္ဆိုင္ရာအကယ္ဒမီနဲ႔ ကေလးေဆးရံုအသင္းရဲ႕ စစ္တမ္းမွာ ေဖာ္ျပထားတာပါ။
မ်ဳိးဗီဇေျပာင္း ကိုဗစ္မ်ိဳးကြဲေတြရဲ႕သက္ေရာက္မႈနဲ႔ ကိုဗစ္ရဲ႕ျဖစ္ႏုိင္ေျခ ေရရွည္သက္ေရာက္မႈေတြကို တိုင္းတာႏိုင္ဖို႔ အသက္အပိုင္းအျခားအလိုက္ ကိုဗစ္သက္ေရာက္ပံုအေၾကာင္း အခ်က္အလက္ေကာက္ယူဖို႔ အေရးတႀကီးလိုအပ္ေနေၾကာင္းလည္း ဒီအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
==========
[[Unicode]]
အမေရိကန်မှာ COVID-19 ကူးစက်သူ သန်း ၈၀ ကျော်ရှိပြီ
အမေရိကန်ပြည်ထောင်စုမှာ ဧပြီလ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့စာရင်းအရ COVID-19 ကပ်ရောဂါ အတည်ပြုလူနာပေါင်း ၈၀.၈ သန်း ကျော်သွားပြီဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူဦးရေက ၉၉၀,၀၀၀ ကျော်သွားပြီလို့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်မှုတွေကို စောင့်ကြည့်မှတ်တမ်းယူနေတဲ့ အမေရိကန်အခြေစိုက် Johns Hopkins ဆေးတက္ကသိုလ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
မနေ့ ဗုဒ္ဓဟူးညနေအထိ အမေရိကန်ပြည်ထောင်စုတဝန်းလုံး အတိုင်းအတာနဲ့ ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း ၅၆၈.၂၆ သန်း ထိုးပေးပြီးပြီလို့လည်း စာရင်းတွေမှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုတွင်း ကိုဗစ်ကူးစက်ခံရသူအားလုံးရဲ့ ၁၉% ဟာ ကလေးငယ်တွေဖြစ်ကြောင်း အစီရင်ခံစာအသစ်တခု မှာ ဖော်ပြထားပါတယ်။ ကပ်ရောဂါကာလတလျှောက် အမေရိကန်ပြည်ထောင်စုထဲက ကလေး ၁၂.၉ သန်းကျော်မှာ ကိုဗစ်ပိုး ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အမေရိကန် ကလေးသူငယ် ဆေးပညာရပ်ဆိုင်ရာအကယ်ဒမီနဲ့ ကလေးဆေးရုံအသင်းရဲ့ စစ်တမ်းမှာ ဖော်ပြထားတာပါ။
မျိုးဗီဇပြောင်း ကိုဗစ်မျိုးကွဲတွေရဲ့သက်ရောက်မှုနဲ့ ကိုဗစ်ရဲ့ဖြစ်နိုင်ခြေ ရေရှည်သက်ရောက်မှုတွေကို တိုင်းတာနိုင်ဖို့ အသက်အပိုင်းအခြားအလိုက် ကိုဗစ်သက်ရောက်ပုံအကြောင်း အချက်အလက်ကောက်ယူဖို့ အရေးတကြီးလိုအပ်နေကြောင်းလည်း ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
==========