သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆႏၵျပ တ႐ုတ္ ေက်ာင္းသူေက်ာင္းသားေတြ ေနရပ္ျပန္ပို႔ခံရ 


ကိုဗစ္ကင္းစင္ေရးမူဝါဒေၾကာင့္ အသြားအလာကန္႔သတ္မႈေတြအတြင္း ျပင္းထန္တဲ့မီးေလာင္မႈတခုအတြင္း ဒုကၡသည္ေတြရွိလာတဲ့အတြက္ အစိုးရကို မၾကာခင္က ကန္႔ကြက္ ဆန္႔က်င္ဆႏၵျပခဲ့ၾကတဲ့ လီယန္မာျမစ္ေဘးမွာ လံုၿခံဳေရးခ်ထားစဥ္။ (ႏိုဝင္ဘာ ၂၉ ၊ ၂၀၂၂)

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံမွာထုတ္ျပန္ထားတဲ့ Covid လုံးဝကင္းစင္ေရး Zero Covid ေပၚလစီကို ဆန႔္က်င္ဆႏၵျပမႈေတြ အရွိန္ျမင့္ျဖစ္ေပၚေနတာကို ဟန႔္တားတဲ့အေနနဲ႔ တကၠသိုလ္ေက်ာင္းသားေတြကို တ႐ုတ္အာဏာပိုင္ေတြက ေနရပ္ ျပန္ပို႔ေနပါတယ္။

ဆႏၵျပသူေတြဟာ ဒီ တင္းၾကပ္တဲ့မူဝါဒေတြထုတ္ျပန္ထားတဲ့ သမၼတရွီက်င့္ဖ်င္ ရာထူးကႏုတ္ထြက္ေပးဖို႔ပါ ေတာင္းဆိုေနၾကတာပါ။ ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႔က အင္အားသုံးၿဖိဳခြင္းခဲ့တာေၾကာင့္ ဒီကေန႔ ႏိုဝင္ဘာ ၂၉ ရက္ေန႔မွာ ၿမိဳ႕ေတာ္ေဘဂ်င္းနဲ႔ စီးပြားေရးအခ်က္အျခာ ရွန္ဟိုင္းၿမိဳ႕အပါအဝင္ တျခားၿမိဳ႕ေတြမွာ ဆႏၵျပသူေတြ မရွိသေလာက္နည္းသြားခဲ့ပါတယ္။

ကိုဗစ္ဆိုင္ရာတားျမစ္ကန႔္သတ္ခ်က္ေတြအေပၚ ေဒါသထြက္ေနၾကတဲ့ ျပည္သူေတြက ၿမိဳ႕ႀကီး ၈ ၿမိဳ႕မွာ ၿပီးခဲ့တဲ့သီတင္းပတ္ ကုန္ပိုင္းက ဆႏၵျပပြဲေတြ အရွိန္ျမင့္ျဖစ္ေပၚခဲ့ၿပီးတဲ့ေနာက္ ကန႔္သတ္ခ်က္တခ်ိဳ႕ကို အာဏာပိုင္ေတြက မေန႔ တနလၤာေန႔မွာ ေျဖေလ်ာ့ေပးခဲ့ပါတယ္။ ဒါေပမဲ့ ေရာဂါပိုးကူးစက္မႈ တခုခ်င္းစီကို သီးျခားခြဲထုတ္ႏိုင္ေရးအတြက္ ရည္႐ြယ္ၿပီး သန္းေပါင္းမ်ားစြာေသာ ျပည္သူေတြကို ေနအိမ္မွာေနၾကဖို႔ ထုတ္ျပန္ထားတဲ့ Zero Covid ေပၚလစီကိုေတာ့ အာဏာပိုင္ေတြက ဆက္လက္ ထုတ္ျပန္ထားဆဲ ျဖစ္ပါတယ္။

နယ္ကလာတဲ့ ေက်ာင္းသားေတြကို အာဏာပိုင္ေတြက ဘတ္စ္ကားေတြနဲ႔ ဘူတာ႐ုံေတြကိုပို႔ေပးလိုက္ၿပီး က်န္ေနတဲ့ သင္ၾကားပို႔မႈေတြနဲ႔ စာေမးပြဲေတြကို အြန္လိုင္းကပဲ ဆက္လက္ ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ဆန္ဒပြ တရုတ် ကျောင်းသူကျောင်းသားတွေ နေရပ်ပြန်ပို့ခံရ

တရုတ်နိုင်ငံမှာထုတ်ပြန်ထားတဲ့ Covid လုံးဝကင်းစင်ရေး Zero Covid ပေါ်လစီကို ဆန့်ကျင်ဆန္ဒပြမှုတွေ အရှိန်မြင့်ဖြစ်ပေါ်နေတာကို ဟန့်တားတဲ့အနေနဲ့ တက္ကသိုလ်ကျောင်းသားတွေကို တရုတ်အာဏာပိုင်တွေက နေရပ် ပြန်ပို့နေပါတယ်။

ဆန္ဒပြသူတွေဟာ ဒီ တင်းကြပ်တဲ့မူဝါဒတွေထုတ်ပြန်ထားတဲ့ သမ္မတရှီကျင့်ဖျင် ရာထူးကနုတ်ထွက်ပေးဖို့ပါ တောင်းဆိုနေကြတာပါ။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းခဲ့တာကြောင့် ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ မြို့တော်ဘေဂျင်းနဲ့ စီးပွားရေးအချက်အခြာ ရှန်ဟိုင်းမြို့အပါအဝင် တခြားမြို့တွေမှာ ဆန္ဒပြသူတွေ မရှိသလောက်နည်းသွားခဲ့ပါတယ်။

ကိုဗစ်ဆိုင်ရာတားမြစ်ကန့်သတ်ချက်တွေအပေါ် ဒေါသထွက်နေကြတဲ့ ပြည်သူတွေက မြို့ကြီး ၈ မြို့မှာ ပြီးခဲ့တဲ့သီတင်းပတ် ကုန်ပိုင်းက ဆန္ဒပြပွဲတွေ အရှိန်မြင့်ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ကန့်သတ်ချက်တချို့ကို အာဏာပိုင်တွေက မနေ့ တနင်္လာနေ့မှာ ဖြေလျော့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါပိုးကူးစက်မှု တခုချင်းစီကို သီးခြားခွဲထုတ်နိုင်ရေးအတွက် ရည်ရွယ်ပြီး သန်းပေါင်းများစွာသော ပြည်သူတွေကို နေအိမ်မှာနေကြဖို့ ထုတ်ပြန်ထားတဲ့ Zero Covid ပေါ်လစီကိုတော့ အာဏာပိုင်တွေက ဆက်လက် ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။

နယ်ကလာတဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက ဘတ်စ်ကားတွေနဲ့ ဘူတာရုံတွေကိုပို့ပေးလိုက်ပြီး ကျန်နေတဲ့ သင်ကြားပို့မှုတွေနဲ့ စာမေးပွဲတွေကို အွန်လိုင်းကပဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

XS
SM
MD
LG