သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဆႏၵျပမႈေတြေၾကာင့္ Ottawa ၿမိဳ႕အေရးေပၚအေျခအေနထုတ္ျပန္ခဲ့ရ


လႊတ္ေတာ္ေရွ႕မွာ ကိုဗစ္ကပ္ေဘးဆုိင္ရာကန္႔သတ္ခ်က္ေတြနဲ႔ မျဖစ္မေနေဆးထိုးေရးစည္းကမ္းေတြကို ဆန္႔က်င္ေနတဲ့ ထရပ္ကားေမာင္းသူေတြနဲ႔ေထာက္ခံသူေတြၾကားမွာ ရပ္ၿပီးေစာင့္ေနတဲ့ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေဖေဖၚဝါရီ ၆၊ ၂၀၂၂)  

[[Zawgyi/Unicode}}

Covid-19 ကပ္ေရာဂါဆိုင္ရာ ကန႔္သတ္ခ်က္ေတြကို ထရပ္ကားေတြနဲ႔ ကန႔္ကြက္ တဲ့ ဆႏၵျပပြဲေတြေၾကာင့္ ကေနဒါၿမိဳ႕ေတာ္ Ottawa မွာ သြားလာလုပ္ကိုင္လို႔ မရေအာင္ျဖစ္လာတဲ့အတြက္ ၿမိဳ႕ေတာ္ဝန္က မေန႔ တနဂၤေႏြေန႔မွာ အေရးေပၚအေျခအေန ထုတ္ျပန္လိုက္ပါတယ္။

အျခား အုပ္ခ်ဳပ္ေရးပိုင္းနဲ႔ အစိုးရဌာနေတြရဲ႕ အားေပးေထာက္ခံမႈလိုအပ္ေနၿပီဆိုတာ ဒီထုတ္ျပန္ခ်က္က မီးေမွာင္းထိုးျပေနပါတယ္လို႔ ၿမိဳ႕ေတာ္ဝန္ Jim Watson ကေျပာပါတယ္။ ဒီအမိန႔္ေၾကာင့္ က်န္းမာေရးလုပ္သားေတြနဲ႔ အေရးေပၚအေျခအေနတုံ႔ျပန္ေရးဝန္ထမ္းေတြအတြက္ လိုအပ္တဲ့ပစၥည္းကိရိယာေတြ ၿမိဳ႕တဝိုက္ ေပးပို႔ႏိုင္ေရး အေထာက္အကူျဖစ္လာေစပါတယ္။

ၿပီးခဲ့တဲ့တပတ္ကတည္းက ဆႏၵျပေနတဲ့ ရာနဲ႔ခ်ီတဲ့ လူေတြကို ေထာင္ခ်ီတဲ့ ေနာက္ ထပ္ဆႏၵျပသူေတြက စေန၊ တနဂၤေႏြ ႐ုံးပိတ္ရက္မွာလာၿပီးပူးေပါင္းခဲ့ၾကတာပါ။ ကားဟြန္းေတြ အဆက္မျပတ္တီးတာ၊ လမ္းေတြပိတ္ကုန္တာေၾကာင့္ ၿမိဳ႕ေနလူထုေတြလည္း သည္းမခံႏိုင္ေအာင္ စိတ္ဆိုးလာၾကပါတယ္။ ရဲခ်ဳပ္ကလည္း ဒါဟာ ဆႏၵျပသူေတြက ၿမိဳ႕ကို စီးနင္းထားတဲ့လုပ္ရပ္အျဖစ္ေခၚဆိုလိုက္သလို သူ႔အေနနဲ႔ မထိမ္းနိင္ဘူးလို႔လည္းေျပာပါတယ္။

ကေနဒါမွာ ခုလို ကားေတြနဲ႔ ဆႏၵျပေနၾကတာကို အေမရိကန္ သမၼတေဟာင္း Donald Trump အပါအဝင္ ရီပတ္ဘလစ္ကန္ေတြက ေထာက္ခံၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode}}

ဆန္ဒပြမှုတွေကြောင့် Ottawa မြို့အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ရ

Covid-19 ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကို ထရပ်ကားတွေနဲ့ ကန့်ကွက် တဲ့ ဆန္ဒပြပွဲတွေကြောင့် ကနေဒါမြို့တော် Ottawa မှာ သွားလာလုပ်ကိုင်လို့ မရအောင်ဖြစ်လာတဲ့အတွက် မြို့တော်ဝန်က မနေ့ တနင်္ဂနွေနေ့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်ပါတယ်။

အခြား အုပ်ချုပ်ရေးပိုင်းနဲ့ အစိုးရဌာနတွေရဲ့ အားပေးထောက်ခံမှုလိုအပ်နေပြီဆိုတာ ဒီထုတ်ပြန်ချက်က မီးမှောင်းထိုးပြနေပါတယ်လို့ မြို့တော်ဝန် Jim Watson ကပြောပါတယ်။ ဒီအမိန့်ကြောင့် ကျန်းမာရေးလုပ်သားတွေနဲ့ အရေးပေါ်အခြေအနေတုံ့ပြန်ရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ပစ္စည်းကိရိယာတွေ မြို့တဝိုက် ပေးပို့နိုင်ရေး အထောက်အကူဖြစ်လာစေပါတယ်။

ပြီးခဲ့တဲ့တပတ်ကတည်းက ဆန္ဒပြနေတဲ့ ရာနဲ့ချီတဲ့ လူတွေကို ထောင်ချီတဲ့ နောက် ထပ်ဆန္ဒပြသူတွေက စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာလာပြီးပူးပေါင်းခဲ့ကြတာပါ။ ကားဟွန်းတွေ အဆက်မပြတ်တီးတာ၊ လမ်းတွေပိတ်ကုန်တာကြောင့် မြို့နေလူထုတွေလည်း သည်းမခံနိုင်အောင် စိတ်ဆိုးလာကြပါတယ်။ ရဲချုပ်ကလည်း ဒါဟာ ဆန္ဒပြသူတွေက မြို့ကို စီးနင်းထားတဲ့လုပ်ရပ်အဖြစ်ခေါ်ဆိုလိုက်သလို သူ့အနေနဲ့ မထိမ်းနိင်ဘူးလို့လည်းပြောပါတယ်။

ကနေဒါမှာ ခုလို ကားတွေနဲ့ ဆန္ဒပြနေကြတာကို အမေရိကန် သမ္မတဟောင်း Donald Trump အပါအဝင် ရီပတ်ဘလစ်ကန်တွေက ထောက်ခံကြပါတယ်။

============

XS
SM
MD
LG