[[Zawgyi/Unicode]]
တ႐ုတ္ႏိုင္ငံ ေဘဂ်င္းမွာ ကိုဗစ္ကူးစက္မႈ ထိန္းခ်ဳပ္ေရး ႀကိဳးပမ္းမႈအေနနဲ႔ ၾကာသပေတးေန႔မွာ ေက်ာင္းေတြကို ဆက္ၿပီးပိတ္ထားဖို႔ အမိန႔္ထုတ္ထားပါတယ္။ အလုပ္သမားေန႔အားလပ္ရက္ ပိတ္ရက္ေတြအၿပီး အတန္းေတြျပန္ဖြင့္ဖို႔ ေမွ်ာ္လင့္ထားၾကေပမယ့္ အာဏာပိုင္ေတြက အနည္းဆုံး ေနာက္ထပ္သီတင္းတပတ္ေလာက္ ေက်ာင္းေတြဆက္ပိတ္ထားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
အားလပ္ပိတ္ရက္အၿပီး အလုပ္ေတြျပန္ဖြင့္ထားေပမယ့္ ျဖစ္ႏိုင္ရင္ လူေတြအိမ္ေတြကေန အလုပ္လုပ္ၾကဖို႔ အာဏာပိုင္ေတြက တိုက္တြန္းထားပါတယ္။ တခ်ိန္တည္းမွာပဲ စားေသာက္ဆိုင္ေတြ၊ ဘားဆိုင္ေတြမွာ ထိုင္စားတာကိုလည္း ဆက္ၿပီးတားျမစ္ထားသလို ေျမေအာက္ရထားဘူတာ ၆၀ ေလာက္ကို ပိတ္ထားတာပါ။
ေဘဂ်င္းမွာ ေရာဂါျပန႔္ပြားမႈတားဆီးဖို႔ ကူးစက္မႈရွိတဲ့ေနရာေတြကို ကန႔္သတ္ အသြားအလာေတြတားျမစ္ထားပါတယ္။ ၿမိဳ႕ခံေတြ တပတ္ကို ေရာဂါစစ္ေဆးမႈ ၃ ႀကိမ္လုပ္ဖို႔လည္း အမိန႔္ထုတ္ ထားပါတယ္။ အိုမီခ႐ြန္ကူးစက္မႈ ျမင့္တက္ေနတဲ့ ရွန္ဟိုင္းမွာေတာ့ တၿမိဳ႕လုံးကို အသြားအလာေတြကန႔္သတ္ခဲ့တာပါ။
တ႐ုတ္က သူ႔ရဲ႕ ကိုဗစ္လုံးဝကင္းစင္ေရး "zero-COVID" မူနဲ႔ ေရာဂါတိုက္ဖ်က္ဖို႔ ႀကိဳးစားေနေပမယ့္ ၿမိဳ႕ေတာ္ ေဘဂ်င္းမွာေတာ့ တျခားၿမိဳ႕ေတြေလာက္ တင္းၾကပ္ကန႔္သတ္တာမရွိပါဘူး။ တ႐ုတ္ႏိုင္ငံမွာ လက္ရွိကိုဗစ္ကူးစက္ထားသူ ၂.၂ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၁၄,၄၀၀ ေက်ာ္ရွိပါတယ္။
===========
[[Unicode]]
တရုတ်မြို့တော်မှာ ကိုဗစ်ထိန်းချုပ်ရေး ကျောင်းတွေဆက်ပိတ်
တရုတ်နိုင်ငံ ဘေဂျင်းမှာ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေး ကြိုးပမ်းမှုအနေနဲ့ ကြာသပတေးနေ့မှာ ကျောင်းတွေကို ဆက်ပြီးပိတ်ထားဖို့ အမိန့်ထုတ်ထားပါတယ်။ အလုပ်သမားနေ့အားလပ်ရက် ပိတ်ရက်တွေအပြီး အတန်းတွေပြန်ဖွင့်ဖို့ မျှော်လင့်ထားကြပေမယ့် အာဏာပိုင်တွေက အနည်းဆုံး နောက်ထပ်သီတင်းတပတ်လောက် ကျောင်းတွေဆက်ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အားလပ်ပိတ်ရက်အပြီး အလုပ်တွေပြန်ဖွင့်ထားပေမယ့် ဖြစ်နိုင်ရင် လူတွေအိမ်တွေကနေ အလုပ်လုပ်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ တချိန်တည်းမှာပဲ စားသောက်ဆိုင်တွေ၊ ဘားဆိုင်တွေမှာ ထိုင်စားတာကိုလည်း ဆက်ပြီးတားမြစ်ထားသလို မြေအောက်ရထားဘူတာ ၆၀ လောက်ကို ပိတ်ထားတာပါ။
ဘေဂျင်းမှာ ရောဂါပြန့်ပွားမှုတားဆီးဖို့ ကူးစက်မှုရှိတဲ့နေရာတွေကို ကန့်သတ် အသွားအလာတွေတားမြစ်ထားပါတယ်။ မြို့ခံတွေ တပတ်ကို ရောဂါစစ်ဆေးမှု ၃ ကြိမ်လုပ်ဖို့လည်း အမိန့်ထုတ် ထားပါတယ်။ အိုမီခရွန်ကူးစက်မှု မြင့်တက်နေတဲ့ ရှန်ဟိုင်းမှာတော့ တမြို့လုံးကို အသွားအလာတွေကန့်သတ်ခဲ့တာပါ။
တရုတ်က သူ့ရဲ့ ကိုဗစ်လုံးဝကင်းစင်ရေး "zero-COVID" မူနဲ့ ရောဂါတိုက်ဖျက်ဖို့ ကြိုးစားနေပေမယ့် မြို့တော် ဘေဂျင်းမှာတော့ တခြားမြို့တွေလောက် တင်းကြပ်ကန့်သတ်တာမရှိပါဘူး။ တရုတ်နိုင်ငံမှာ လက်ရှိကိုဗစ်ကူးစက်ထားသူ ၂.၂ သန်းကျော်နဲ့ သေဆုံးသူ ၁၄,၄၀၀ ကျော်ရှိပါတယ်။
===========