[[Zawgyi/Unicode]]
ကမာၻတဝန္း ကိုဗစ္-19 ေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ ၆ သန္းေက်ာ္သြားၿပီလို႔ ကို႐ိုနာဗိုင္းရပ္စ္ပိုးနဲ႔ဆိုင္တဲ့ အခ်က္အလက္ေတြကို မွတ္တမ္းျပဳစုေနတဲ့ Johns Hopkins တကၠသိုလ္က သတင္းထုတ္ျပန္ပါတယ္။
ကမာၻတဝွမ္း လူေတြက ႏွာေခါင္းစည္းေတြ မတပ္ၾကေတာ့တာ၊ ခရီးသြားလာမႈနဲ႔ စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ပတ္လာေနတာ ရွိေနတဲ့တခ်ိန္တည္းမွာပဲ အခု ေနာက္ဆုံးထုတ္ျပန္လိုက္တဲ့ အသက္ဆုံးရႈံးမႈ စာရင္းကို ၾကည့္ျခင္းအားျဖင့္ ဒီ ကပ္ေရာဂါဟာ ဘယ္ေလာက္ တိုက္ဖ်က္ရ ခက္ခဲတယ္ဆိုတာကို ျပသေနတာလည္း ျဖစ္ပါတယ္။
တကယ္ေသဆုံးတဲ့စာရင္းနဲ႔ အမ်ားႀကီး ကြာဟမႈရွိႏိုင္တဲ့ တနလၤာေန႔က ထုတ္ျပန္တဲ့ စာရင္းကိုၾကည့္ျခင္းအားျဖင့္ ၃ ႏွစ္ထဲဝင္လာေနၿပီျဖစ္တဲ့ ဒီ ကပ္ေရာဂါဟာ ၿပီးဆုံးဖို႔ အလွမ္းေဝးေေနသးတယ္ဆိုတာကို ျပသေနတာလည္း ျဖစ္ပါတယ္။
ဒီအထဲမွာ ေတာင္အာဖရိႏိုင္ငံဟာ အဆိုး႐ြားခံရတဲ့ တိုင္းျပည္တခုျဖစ္ၿပီး ကပ္ေရာ ဂါ စတင္ျဖစ္ေပၚကတည္းက ေရာဂါပိုးကူးစက္သူ ၃.၅ သန္းရွိခဲ့ၿပီး ေသဆုံးသူေကတာ့ တသိန္းနီးပါး ရွိပါတယ္။
တကမာၻလုံးအတိုင္းအတာနဲ႔ ကိုဗစ္-19 ကူးစက္သူရယ္လို႔ မွတ္တမ္းျပဳစုႏိုင္သူ သန္းေပါင္း ၄၅၀ ရွိတယ္လို႔ ဆိုပါတယ္။
=================
[[Unicode]]
ကမ္ဘာတဝှမ်း ကိုဗစ်ကြောင့်သေဆုံးသူ ၆ သန်းကျော်ပြီ
ကမ္ဘာတဝန်း ကိုဗစ်-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ၆ သန်းကျော်သွားပြီလို့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ဆိုင်တဲ့ အချက်အလက်တွေကို မှတ်တမ်းပြုစုနေတဲ့ Johns Hopkins တက္ကသိုလ်က သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာတဝှမ်း လူတွေက နှာခေါင်းစည်းတွေ မတပ်ကြတော့တာ၊ ခရီးသွားလာမှုနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်လာနေတာ ရှိနေတဲ့တချိန်တည်းမှာပဲ အခု နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အသက်ဆုံးရှုံးမှု စာရင်းကို ကြည့်ခြင်းအားဖြင့် ဒီ ကပ်ရောဂါဟာ ဘယ်လောက် တိုက်ဖျက်ရ ခက်ခဲတယ်ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။
တကယ်သေဆုံးတဲ့စာရင်းနဲ့ အများကြီး ကွာဟမှုရှိနိုင်တဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ စာရင်းကိုကြည့်ခြင်းအားဖြင့် ၃ နှစ်ထဲဝင်လာနေပြီဖြစ်တဲ့ ဒီ ကပ်ရောဂါဟာ ပြီးဆုံးဖို့ အလှမ်းဝေးေနေသးတယ်ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။
ဒီအထဲမှာ တောင်အာဖရိနိုင်ငံဟာ အဆိုးရွားခံရတဲ့ တိုင်းပြည်တခုဖြစ်ပြီး ကပ်ရော ဂါ စတင်ဖြစ်ပေါ်ကတည်းက ရောဂါပိုးကူးစက်သူ ၃.၅ သန်းရှိခဲ့ပြီး သေဆုံးသူကေတာ့ တသိန်းနီးပါး ရှိပါတယ်။
တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-19 ကူးစက်သူရယ်လို့ မှတ်တမ်းပြုစုနိုင်သူ သန်းပေါင်း ၄၅၀ ရှိတယ်လို့ ဆိုပါတယ်။
=================