သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကန္ ျပည္နယ္ ၄ ခုက ေက်ာင္းေတြမွာ ႏွာေခါင္းစည္မတပ္မေနရအမိန႔္ယာယီ႐ုပ္သိမ္းမည္


အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီၿမိဳ႕ McAuliffe School က ေက်ာင္းသူေက်ာင္းသားမ်ား (ဧၿပီ ၂၉ ၊ ၂၀၂၁)


[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စု၊ ျပည္နယ္ ၄ ခုကေက်ာင္းေတြမွာ အခုကစၿပီး တလ၊ ဒါမွမဟုတ္ ႏွစ္လအတြင္း ႏွာေခါင္းစည္း မတပ္မေနရတားျမစ္ခ်က္ကို ႐ုပ္သိမ္းမယ္လို႔ ဒီျပည္နယ္ေတြက အုပ္ခ်ဳပ္ေရးမႈးေတြက ေျပာပါတယ္။
New Jersey ၊ Connecticut၊ Delawareနဲ႔ Oregon ျပည္နယ္ေတြမွာ ကိုဗစ္မ်ိဳးကြဲ omicron ကူးစက္မႈ အရွိန္ေလ်ာ့လာတာေၾကာင့္ အခုလို ေက်ာင္းေတြမွာ ႏွာေခါင္းစည္းမတပ္မေနရ အမိန႔္ကို ႐ုပ္ဖို႔ေျပာလာတာပါ။ ေရရွည္မွာ ဒီ ကို႐ိုနာဗိုင္းရပ္စ္ပိုးက ဘယ္ေတာ့မွ ေပ်ာက္ကြယ္သြားမွာမဟုတ္ဘူးဆိုတဲ့အသိေၾကာင့္ ဒီ ေရာဂါပိုးနဲ႔ အတူယွဥ္တြဲေနထိုင္ဖို႔ နည္းလမ္းေတြရွာဖို႔ လိုတယ္လို႔လည္း ကြၽမ္းက်င္သူေတြက ေျပာပါတယ္။

ေရာဂါကူးစက္မႈႏႈန္းက်လာတဲ့ ကယ္လီဖိုးနီးယားျပည္နယ္မွာလည္း ကာကြယ္ေဆးထိုးထားတဲ့ သူေတြ အေဆာက္အဦးတြင္း ႏွာေခါင္းစည္းတပ္ဖို႔ မလိုေတာ့ဘူးလို႔ တနလၤာေန႔က ေၾက ညာခဲ့ေပမယ့္ ေက်ာင္းေတြမွာေတာ့ ႏွာေခါင္းစည္းဝတ္ဆင္ဖို႔ စည္းကမ္းေတြကို ဆက္ရွိပါတယ္။ ကာကြယ္ေဆးထိုးမထားတဲ့ေတြကေတာ့ ႏွာေခါင္းစည္းအၿမဲဝတ္ဆင္ထားရမွာျဖစ္သလိုကာကြယ္ေဆးထိုးထားတဲ့သူေတြအေနနဲ႔လည္း အမ်ားျပည္သူနဲ႔ ဆိုင္တဲ့ ေနရာေတြ၊ သက္ႀကီးေစာင့္ေရွာက္ေရးေဂဟာေတြနဲ႔ လူအမ်ားစုေဝးတဲ့ ေနရာေတြမွာ ႏွာေခါင္းစည္းတပ္ၾကဖို႔ က်န္းမာေရး တာဝန္ရွိသူေတြက တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

အမေရိကန်ပြည်ထောင်စု၊ ပြည်နယ် ၄ ခုကကျောင်းတွေမှာ အခုကစပြီး တလ၊ ဒါမှမဟုတ် နှစ်လအတွင်း နှာခေါင်းစည်း မတပ်မနေရတားမြစ်ချက်ကို ရုပ်သိမ်းမယ်လို့ ဒီပြည်နယ်တွေက အုပ်ချုပ်ရေးမှုးတွေက ပြောပါတယ်။
New Jersey ၊ Connecticut၊ Delawareနဲ့ Oregon ပြည်နယ်တွေမှာ ကိုဗစ်မျိုးကွဲ omicron ကူးစက်မှု အရှိန်လျော့လာတာကြောင့် အခုလို ကျောင်းတွေမှာ နှာခေါင်းစည်းမတပ်မနေရ အမိန့်ကို ရုပ်ဖို့ပြောလာတာပါ။ ရေရှည်မှာ ဒီ ကိုရိုနာဗိုင်းရပ်စ်ပိုးက ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူးဆိုတဲ့အသိကြောင့် ဒီ ရောဂါပိုးနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ နည်းလမ်းတွေရှာဖို့ လိုတယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

ရောဂါကူးစက်မှုနှုန်းကျလာတဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ကာကွယ်ဆေးထိုးထားတဲ့ သူတွေ အဆောက်အဦးတွင်း နှာခေါင်းစည်းတပ်ဖို့ မလိုတော့ဘူးလို့ တနင်္လာနေ့က ကြေ ညာခဲ့ပေမယ့် ကျောင်းတွေမှာတော့ နှာခေါင်းစည်းဝတ်ဆင်ဖို့ စည်းကမ်းတွေကို ဆက်ရှိပါတယ်။ ကာကွယ်ဆေးထိုးမထားတဲ့တွေကတော့ နှာခေါင်းစည်းအမြဲဝတ်ဆင်ထားရမှာဖြစ်သလိုကာကွယ်ဆေးထိုးထားတဲ့သူတွေအနေနဲ့လည်း အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေ၊ သက်ကြီးစောင့်ရှောက်ရေးဂေဟာတွေနဲ့ လူအများစုဝေးတဲ့ နေရာတွေမှာ နှာခေါင်းစည်းတပ်ကြဖို့ ကျန်းမာရေး တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

XS
SM
MD
LG