သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အသက္ ၅ ႏွစ္အထက္ ကိုဗစ္အားျဖည့္ကာကြယ္ေဆးထိုးဖို႔ ကန္ခြင့္ျပဳ


အိုဟုိင္းယိုျပည္နယ္၊ ကိုလာမ္ဘတ္စ္ၿမိဳ႕ ကေလးေဆး႐ံုမွာ ကိုဗစ္ကာကြယ္ေဆးထုိးေနတဲ့ အသက္ဆယ္ႏွစ္အရြယ္ Parker McKenzie(ႏိုဝင္ဘာ ၃၊ ၂၀၂၁)  

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုမွာ အသက္ ၅ ႏွစ္ကေန ၁၁ ႏွစ္ၾကား ကေလးငယ္ေတြကို ကိုဗစ္ အားျဖည့္ကြယ္ေဆးထိုးဖို႔ အေမရိကန္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန CDC ကခြင့္ျပဳလိုက္ပါတယ္။

Pfizer ကိုဗစ္ကာကြယ္ေဆး ပထမနဲ႔ ဒုတိယအႀကိမ္ထိုးထားၿပီးသား ကေလးငယ္ေတြအေနနဲ႔ ေနာက္ဆုံးေဆးထိုးထားတာ ၅ လျပည့္ရင္ ေနာက္ထပ္ ကိုဗစ္အားျဖည့္ ကာကြယ္ေဆးထိုးႏိုင္တယ္လို႔ CDC က ေမလ ၁၉ ရက္ ၾကာသပေတးေန႔က ေၾကညာပါတယ္။ အသက္ ၅ ႏွစ္ကေန ၁၁ ႏွစ္ၾကားကေလးငယ္ ၁၈ သန္းေက်ာ္ ကိုဗစ္ကာကြယ္ေဆးထိုးထားတဲ့အတြက္ ဒီကာကြယ္ေဆးဟာ စိတ္ခ်လုံၿခဳံမႈရွိတယ္ဆိုတာ ေျပာႏိုင္တာမို႔ မိဘေတြအေနနဲ႔ ကေလးေတြကို ကိုဗစ္ကာကြယ္ေဆး ထိုးထားကာကြယ္ဖို႔ CDC ၫႊန္ၾကားေရးမႉး Dr. Rochelle P. Walensky က တိုက္တြန္းပါတယ္။

အေမရိကန္မွာ ကိုဗစ္ကပ္ေရာဂါ စျဖစ္ခ်ိန္ကတည္းက အသက္ ၅ ႏွစ္ကေန ၁၁ ႏွစ္ၾကားကေလးငယ္ ၄.၈ သန္းေက်ာ္ ကိုဗစ္ကူးစက္ခဲ့ၿပီး ၁၈၀ ထက္မနည္း ေသဆုံးခဲ့တယ္လု႔ိ CDC ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ အားျဖည့္ကိုဗစ္ကာကြယ္ေဆးထိုးတဲ့အတြက္ ဒီေရာဂါကို ပိုၿပီးကာကြယ္ႏိုင္မယ္လို႔ ေျပာၾကားအႀကံျပဳထားတာပါ။

အသက္ ၁၂ ႏွစ္အထက္ ကေလးေတြထဲက ေရာဂါလြယ္လြယ္ကူးစက္ႏိုင္သူေတြ၊ အသက္ ၅၀ နဲ႔အထက္ေတြကိုလည္း ပထမအားျဖည့္ကိုဗစ္ကာကြယ္ေဆး ထိုးထားၿပီး ၄ လၾကာရင္ ဒုတိယအားျဖည့္ကာကြယ္ေဆးထိုးဖို႔လည္း CDC က အခိုင္အမာ အႀကံျပဳပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

အသက် ၅ နှစ်အထက် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးဖို့ ကန်ခွင့်ပြု

အမေရိကန်ပြည်ထောင်စုမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေကို ကိုဗစ် အားဖြည့်ကွယ်ဆေးထိုးဖို့ အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC ကခွင့်ပြုလိုက်ပါတယ်။

Pfizer ကိုဗစ်ကာကွယ်ဆေး ပထမနဲ့ ဒုတိယအကြိမ်ထိုးထားပြီးသား ကလေးငယ်တွေအနေနဲ့ နောက်ဆုံးဆေးထိုးထားတာ ၅ လပြည့်ရင် နောက်ထပ် ကိုဗစ်အားဖြည့် ကာကွယ်ဆေးထိုးနိုင်တယ်လို့ CDC က မေလ ၁၉ ရက် ကြာသပတေးနေ့က ကြေညာပါတယ်။ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြားကလေးငယ် ၁၈ သန်းကျော် ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့အတွက် ဒီကာကွယ်ဆေးဟာ စိတ်ချလုံခြုံမှုရှိတယ်ဆိုတာ ပြောနိုင်တာမို့ မိဘတွေအနေနဲ့ ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးထားကာကွယ်ဖို့ CDC ညွှန်ကြားရေးမှူး Dr. Rochelle P. Walensky က တိုက်တွန်းပါတယ်။

အမေရိကန်မှာ ကိုဗစ်ကပ်ရောဂါ စဖြစ်ချိန်ကတည်းက အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြားကလေးငယ် ၄.၈ သန်းကျော် ကိုဗစ်ကူးစက်ခဲ့ပြီး ၁၈၀ ထက်မနည်း သေဆုံးခဲ့တယ်လု့ိ CDC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အားဖြည့်ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အတွက် ဒီရောဂါကို ပိုပြီးကာကွယ်နိုင်မယ်လို့ ပြောကြားအကြံပြုထားတာပါ။

အသက် ၁၂ နှစ်အထက် ကလေးတွေထဲက ရောဂါလွယ်လွယ်ကူးစက်နိုင်သူတွေ၊ အသက် ၅၀ နဲ့အထက်တွေကိုလည်း ပထမအားဖြည့်ကိုဗစ်ကာကွယ်ဆေး ထိုးထားပြီး ၄ လကြာရင် ဒုတိယအားဖြည့်ကာကွယ်ဆေးထိုးဖို့လည်း CDC က အခိုင်အမာ အကြံပြုပါတယ်။

============

XS
SM
MD
LG