သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တရုတ္ႏုိ္င္ငံ ရွန္ဟိုင္းၿမိဳ ႔ရွိ လူဦးေရ ၂၆ သန္းစလုံး ကိုဗစ္ပိုးစစ္ေဆးႏုိင္ဖို႔ အစြမ္းကုန္ႀကိဳးပမ္း


တရုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕မွာ ကို႐ိုရာဗိုင္းရပ္စ္ေၾကာင့္ ဒုတိယအႀကိမ္ အသြားအလာပိတ္ဆို႔ထားခ်ိန္မွာ က်န္းမာေရးဝန္ထမ္းေတြနဲ႔ေစတနာ့ဝန္ထမ္းေတြက ပိုးရွိမရွိစစ္ေဆးေပးေနစဥ္။ (ဧၿပီ ၄၊ ၂၀၂၂) 


[[Zawgyi/Unicode]]

တရုတ္ႏုိ္င္ငံ၊ ရွန္ဟိုင္းၿမိဳ ႔က လူဦးေရ ၂၆ သန္းစလုံး ကိုဗစ္ပိုးစစ္ေဆးႏုိင္ဖို႔ ေထာင္နဲ႔ခ်ီတဲ့ စစ္ဘက္တပ္ဖြဲ႔ဝင္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြကို တရုတ္အစိုးရက တနလၤာေန႔မွာ ေစလႊတ္ထားပါတယ္။ ဒါဟာ အႀကီးမားဆုံး ျပည္သူ႔က်န္းမာေရးေဆာင္ရြက္ခ်က္တခုလည္း ျဖစ္ပါတယ္။

တခ်ဳိ႕ၿမိဳ႕ခံေတြက မနက္မိုးမလင္းခင္ အိမ္ယာကထၿပီး တန္းစီၿပီး ပိုးစစ္ေဆးခံၾကရပါတယ္။ တရုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္ (PLA) က ၾကည္းတပ္၊ ေရတပ္နဲ႔ ေထာက္ပို႔တပ္ဖြဲ႔ေတြထဲက ေဆးဘက္တပ္ဖြဲ႔ဝင္ ၂ ေထာင္ေက်ာ္ကို ရွန္ဟိုင္းၿမိဳ႕ဆီ တနဂၤေႏြေန႔က ေစလႊတ္ထားတယ္လို႔ စစ္ဘက္သတင္းစာတခုမွာ ေဖာ္ျပထားပါတယ္။

ရွန္ဟိုင္းၿမိဳ႕၊ ကိုဗစ္ပိုးစစ္ေဆးေရးအကူအညီေပးဖို႔ Jiangsu၊ Zhejiang နဲ႔ Beijing စီရင္စုေတြကေန ေဆးဘက္ ဝန္ထမ္း ၁ ေသာင္းဝန္းက်င္ ေစလႊတ္ထားတယ္လို႔လည္း သတင္းေတြမွာေဖာ္ျပပါတယ္။ ၂၀၂၀ ခုႏွစ္ အေစာပိုင္း ဝူဟန္ၿမိဳ႕ကေန Covid-19 ပိုးျပန္႔ႏွံ႔ခဲ့တဲ့ေနာက္ပိုင္း ျပည္သူ႔က်န္းမာေရးနဲ႔ပတ္သက္လို႔ အစိုးရရဲ ႔ အႀကီးမားဆုံးတံု႔ျပန္ ေဆာင္ရြက္ခ်က္လည္းျဖစ္ပါတယ္။ ဝူဟန္ၿမိဳ႕မွာ ကိုဗစ္ပိုးအႀကီးအက်ယ္ကူးစက္ခဲ့တဲ့အခ်ိန္တုန္းကေတာ့ PLA တရုတ္စစ္တပ္ကေန ေဆးဘက္ဝန္ထမ္း ၄ ေထာင္ေက်ာ္ ေစလႊတ္ခဲ့တယ္လို႔ ျပည္နယ္ေကာင္စီကေျပာပါတယ္။

ၿပီးခဲ့တဲ့တပတ္ တနလၤာေန႔ကစၿပီး ရွန္ဟုိင္းၿမိဳ ႔ကို ႏွစ္ပိုင္းခြဲၿပီး အိမ္ျပင္မထြက္ရ Lockdown ခ်ထားတာျဖစ္ေပမယ့္ ဧၿပီလ ၃ ရက္ေန႔မွာေတာ့ ေရာဂါလကၡဏာမျပဘဲ ပိုးကူးသူ ၈,၅၀၀ ေက်ာ္နဲ႔ ေရာဂါလကၡဏာျပသူ ၄၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

============


[[Unicode]]


တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ လူဦးရေ ၂၆ သန်းစလုံး ကိုဗစ်ပိုးစစ်ဆေးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်း

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က လူဦးရေ ၂၆ သန်းစလုံး ကိုဗစ်ပိုးစစ်ဆေးနိုင်ဖို့ ထောင်နဲ့ချီတဲ့ စစ်ဘက်တပ်ဖွဲ့ဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တရုတ်အစိုးရက တနင်္လာနေ့မှာ စေလွတ်ထားပါတယ်။ ဒါဟာ အကြီးမားဆုံး ပြည်သူ့ကျန်းမာရေးဆောင်ရွက်ချက်တခုလည်း ဖြစ်ပါတယ်။

တချို့မြို့ခံတွေက မနက်မိုးမလင်းခင် အိမ်ယာကထပြီး တန်းစီပြီး ပိုးစစ်ဆေးခံကြရပါတယ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် (PLA) က ကြည်းတပ်၊ ရေတပ်နဲ့ ထောက်ပို့တပ်ဖွဲ့တွေထဲက ဆေးဘက်တပ်ဖွဲ့ဝင် ၂ ထောင်ကျော်ကို ရှန်ဟိုင်းမြို့ဆီ တနင်္ဂနွေနေ့က စေလွှတ်ထားတယ်လို့ စစ်ဘက်သတင်းစာတခုမှာ ဖော်ပြထားပါတယ်။

ရှန်ဟိုင်းမြို့၊ ကိုဗစ်ပိုးစစ်ဆေးရေးအကူအညီပေးဖို့ Jiangsu၊ Zhejiang နဲ့ Beijing စီရင်စုတွေကနေ ဆေးဘက် ဝန်ထမ်း ၁ သောင်းဝန်းကျင် စေလွှတ်ထားတယ်လို့လည်း သတင်းတွေမှာဖော်ပြပါတယ်။ ၂၀၂၀ ခုနှစ် အစောပိုင်း ဝူဟန်မြို့ကနေ Covid-19 ပိုးပြန့်နှံ့ခဲ့တဲ့နောက်ပိုင်း ပြည်သူ့ကျန်းမာရေးနဲ့ပတ်သက်လို့ အစိုးရရဲ့ အကြီးမားဆုံးတုံ့ပြန် ဆောင်ရွက်ချက်လည်းဖြစ်ပါတယ်။ ဝူဟန်မြို့မှာ ကိုဗစ်ပိုးအကြီးအကျယ်ကူးစက်ခဲ့တဲ့အချိန်တုန်းကတော့ PLA တရုတ်စစ်တပ်ကနေ ဆေးဘက်ဝန်ထမ်း ၄ ထောင်ကျော် စေလွှတ်ခဲ့တယ်လို့ ပြည်နယ်ကောင်စီကပြောပါတယ်။

ပြီးခဲ့တဲ့တပတ် တနင်္လာနေ့ကစပြီး ရှန်ဟိုင်းမြို့ကို နှစ်ပိုင်းခွဲပြီး အိမ်ပြင်မထွက်ရ Lockdown ချထားတာဖြစ်ပေမယ့် ဧပြီလ ၃ ရက်နေ့မှာတော့ ရောဂါလက္ခဏာမပြဘဲ ပိုးကူးသူ ၈,၅၀၀ ကျော်နဲ့ ရောဂါလက္ခဏာပြသူ ၄၀၀ ကျော်ရှိပါတယ်။

============

XS
SM
MD
LG