သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA ဖမ်းထားတဲ့ သတင်းထောက် (၂) ဦးပြန်လွှတ်ဖို့ CPJ တောင်းဆို


KIA က ဖမ်းထားတဲ့ သတင်းထောက် တာလင်းမောင် (ဝဲ) နဲ့ နောင်ရိုး (ယာ) (ဓာတ်ပုံ- CPJ)
KIA က ဖမ်းထားတဲ့ သတင်းထောက် တာလင်းမောင် (ဝဲ) နဲ့ နောင်ရိုး (ယာ) (ဓာတ်ပုံ- CPJ)

Red News Agency သတင်းထောက်နဲ့ အလွတ်သတင်းထောက် ၂ ယောက်ကို ဖမ်းဆီးသွားခဲ့တာ အတွက် ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေက တာဝန်ခံရမှာဖြစ်ပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်ရေး ကော်မီတီ စီပီဂျေအဖွဲ့က အင်္ဂါနေ့က ပြောလိုက်ပါတယ်။

Red News Agency သတင်းထောက် တာလင်းမောင် (Ta Lin Maung) နဲ့ အလွတ်သတင်းထောက် နောင်ရိုးတို့ ကို စက်တင်ဘာလ ၂၉ နဲ့ ၃၀ မှာ ကေအိုင်အေ က ဖမ်းဆီးသွားခဲ့တယ်လို့ စီပီဂျေ က သတင်း ထုတ်ပြန်ပါတယ်။ မြန်မာပြည်တွင်းစစ်မှာ တိုက်ခိုက်နေကြသူ အားလုံးဟာ သတင်းသမားတွေကို ပစ်မှတ်ထားရမှာ မဟုတ်ဘဲ အကာအကွယ်ပေးရမှာ ဖြစ်တယ်လို့ စီပီဂျေ ရဲ့ အရှေ့တောင် အာရှဆိုင်ရာကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။ ပေးပို့တဲ့ သတင်းတွေကြောင့် စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းသလို ကချင်လွတ်လပ်ရေး တပ်မတော်က မလုပ်သင့်ဘူးလို့လည်း ရှောင်န် က ဆိုပါတယ်။ တာလင်းမောင်နဲ့ နောင်ရိုးတို့ကို အခု လွှတ်ပေးသင့်တယ်လို့ သူက တိုက်တွန်းလိုက်ပါတယ်။

ဖားကန့်မြို့နယ်မှာ ဖမ်းသွားပြီးကတည်းက သူတို့ နှစ်ယောက် ဘယ်ရောက်နေတယ်၊ အခြေအနေ ဘယ်လိုရှိတယ် ဆိုတာ မေးမြန်းခဲ့ပေမဲ့ အောက်တိုဘာ ၂၂ အထိ ကေအိုင်အေက မတုံ့ပြန်ခဲ့ဘူး လို့ ဒေသခံ Red News Agency ရဲ့ အယ်ဒီတာ ဦး ဝင်းဇော်နိုင်က စီပီဂျေကို အီးမေး နဲ့ ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စီပီဂျေက ကေအိုင်အေ ပြောရေးဆိုခွင့် ရှိသူ ၂ ယောက်ကို ဖုန်းလည်းခေါ် သတင်းတို မက်ဆေ့ဂျလည်း ပို့ခဲ့ပေမဲ့ မတုံ့ပြန်ခဲ့ဘူးလို့လည်း စီပီဂျေ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

တာလင်းမောင် နဲ့ နောင်ရိုးတို့ဟာ အာဏာသိမ်းပြီး ကတည်းက သူပုန်အုပ်စု က ဖမ်းတဲ့ ပထမဆုံး သတင်းသမား ၂ ယောက် ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံဟာ သတင်းသမားတွေကို အကျဥ်းချရာမှာ ကမ္ဘာမှာ ဒုတိယ အဆိုးဆုံး နိုင်ငံဖြစ်ပြီး၊ ၂၀၂၃ ဒီဇင်ဘာ ၁ ရက်နေ့အထိ စီပီဂျေရဲ့ လေ့လာချက်အရ မြန်မာနိုင်ငံမှာ ထောင်အချခံရတဲ့ သတင်းသမား ၄၃ ယောက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

KIA ဖမ်းထားတဲ့ သတင်းထောက် (၂) ဦးပြန်လွှတ်ဖို့ CPJ တောင်းဆို
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG