သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒစ်ဂျစ်တယ်ငွေကြေး ရောင်းဝယ်သုံးစွဲမှု ဗဟိုဘဏ်သတိပေး


ဟောင်ကောင်ရှိ Bitcoin ATM (ဒီဇင်ဘာ၊ ၂၁၊ ၂၀၁၇)
ဟောင်ကောင်ရှိ Bitcoin ATM (ဒီဇင်ဘာ၊ ၂၁၊ ၂၀၁၇)

မြန်မာနိုင်ငံတွင်းမှာ Bitcoin၊ Litecoin၊ Ethereum နဲ့ Perfect Money စတဲ့ Cryptocurrency - ဒီဂျစ်တယ် ငွေကြေး ရောင်းဝယ် သုံးစွဲသူတွေ ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ဗဟိုဘဏ်က သတိပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ဒီဂျစ်တယ် ငွေကြေးတွေကို လူမှုကွန်ယက် Facebook၊ ဝဘ်ဆိုဒ်တွေကနေ ရောင်းဝယ် ဖောက်ကားနေတယ်လို့ ဗဟိုဘဏ်က ပြောဆိုထားပြီး အခုလို သတိပေးချက် ထုတ်တာပါ။

ဒီဂျစ်တယ် ငွေကြေး ရောင်းဝယ်ခြင်းကို ဗဟိုဘဏ်က ခွင့်ပြုမထားကြောင်းနဲ့ တရားဝင် ငွေကြေးအဖြစ် သတ်မှတ်မထားဘူးလို့လည်း ပြောဆိုထားပါတယ်။ ဒီဂျစ်တယ် ငွေကြေးတွေကိုတော့ လူမှုကွန်ယက် Facebook မှာ အကောင့်ဖွင့်ပြီး မြန်မာငွေနဲ့ အရောင်းအဝယ် လုပ်နေတာတွေ တွေ့ရပါတယ်။ wave money အပါအဝင် ငွေလွှဲလို့ရတဲ့ ဘဏ်တွေကိုလည်း အဲဒီ အကောင့်တွေမှာ တွေ့ရပါတယ်။

ဒီဂျစ်တယ် ငွေကြေး အရောင်းအဝယ် လုပ်နေသူတွေကိုတော့ ဗဟိုဘဏ် ကြေညာချက်မှာ ထည့်သွင်း ဖော်ပြမထားသလို ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ဘက်က ဘယ်လို ဆက်ပြီး ဆောင်ရွက်မလဲဆိုတာကိုလည်း ဖော်ပြထားတာ မတွေ့ရပါဘူး။

ဒီဂျစ်တယ် ငွေကြေး ဆိုတာကတော့ နိုင်ငံတခုခုက ထုတ်ထားတဲ့ ငွေကြေး၊ အကောင်အထည် ပြနိုင်တဲ့ ငွေကြေး မဟုတ်ပါဘူး။ သူက ဒီဂျစ်တယ် ပိုင်ဆိုင်မှု (Digital Asset) တမျိုးဖြစ်ပါတယ်။

coinmarketcap.com အဆိုအရတော့ ဒီဂျစ်တယ် ငွေကြေးပေါင်း ၂၁၄၉ မျိုး ရောင်းဝယ်နေကြတယ်လို့ ဖော်ပြထားပါတယ်။ ဒီထဲမှာ Bitcoin က ထိပ်ဆုံးမှာ ရှိနေပါတယ်။ Cryptocurrency – ဒီဂျစ်တယ် ငွေကြေးတွေနဲ့ ပတ်သက်လို့တော့ နိုင်ငံ အတော်များများမှာ တိကျတဲ့ သတ်မှတ်ချက်တွေ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG