သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

ေျပာင္းလဲေနတဲ့ ဘဏ္လုပ္ငန္းက႑


Myanmar vendors arranging a display of gold jewellery at a jewellery shop at Chinatown in downtown Yangon. Housewives huddle over jewellery counters in Yangon's bustling Chinatown -- but they do not have fashion o

Zawgyi/Unicode

ေျပာင္းလဲေနတဲ့ ဘဏ္လုပ္ငန္းက႑
please wait

No media source currently available

0:00 0:05:37 0:00
တိုက္႐ိုက္ လင့္ခ္

ေခ်းထားတဲ့ေငြျပန္မရလို႔ ျပႆနာျဖစ္ေနတဲ့ ပုဂၢလိကဘဏ္အခ်ဳိ ႔ကို ပိတ္ပစ္ေတာ့မယ္ဆိုတဲ့ ေကာလဟာလေၾကာင့္ ဘဏ္ေတြမွာ ေငြအပ္ထားသူေတြအၾကား မၾကာေသးမီက ရုတ္ရုတ္သဲသဲ ျဖစ္သြားခဲ့ပါတယ္။ မဟုတ္မမွန္ေၾကာင္း ဗဟိုဘဏ္က ေျဖရွင္းရတဲ့အထိ အေျခအေန ဆိုးသြားပါတယ္။ စစ္အစိုးရေခတ္က ေငြေၾကးကို ထင္သလိုလုပ္ခဲ့တဲ့အတြက္ ဘဏ္လုပ္ငန္းကို ျပည္သူလူထု အယံုအၾကည္ မရိွၾကပါဘူး။ ေရြးေကာက္ပြဲနဲ႔ အစိုးရတက္လာၿပီး ျပဳျပင္ေျပာင္းလဲေရးလုပ္ေတာ့မွ ဘဏ္လုပ္ငန္းကို တျဖည္းျဖည္းယံုၾကည္လာၾကပါတယ္။ ဒါေပမဲ့ အယံုအၾကည္မရိွသူက လူနည္းစု ျဖစ္ေနတုန္းပါ။

၂၀၁၃ FinScope ေလ့လာခ်က္မွာ အရြယ္မေရာက္ေသးတဲ့ ျမန္မာျပည္သား (၁၇) ရာခိုင္ႏႈန္းမွာသာ ဘဏ္စာရင္း ရိွပါတယ္။ အဲဒီအခ်ိန္မွာ လားအိုမွာ (၃၆) ရာခိုင္ႏႈန္း၊ ထိုင္းမွာ (၇၅) ရာခိုင္ႏႈန္း ဘဏ္စာရင္း ရိွၾကပါတယ္။ ဒါေပမဲ့ လြန္ခဲ့တဲ့ (၂၀၁၈) FinScope ေလ့လာခ်က္မွာေတာ့ ဘဏ္စာရင္းရိွတဲ့ ျမန္မာျပည္သားဦးေရ (၂၅) ရာခိုင္ႏႈန္းအထိ တိုးပြားလာတာ ေတြ႔ရပါတယ္။ ၂၀၁၃ မွာ ဘဏ္မွာေငြစုသူ (၁) သန္း (၄) သိန္းရိွရာက (၅) ႏွစ္ၾကာတဲ့အခါ ၂၀၁၈ မွာ (၂) သန္း (၃) သိန္္း ရိွလာလို႔ ဘဏ္မွာေငြအပ္သူ (၆၀) ရာခိုင္ႏႈန္း တိုးလာတဲ့သေဘာ ျဖစ္ပါတယ္။ ဒါေပမဲ့ အာဆီယံႏိုင္ငံေတြရဲ ႔ ဘဏ္စာရင္းရိွသူဦးေရရဲ ႔ ပ်မ္းမွ်ႏႈန္း (၃၇) ရာခိုင္ႏႈန္းထက္ နည္းေနပါေသးတယ္။

ျမန္မာျပည္မွာ ဘဏ္မွာေငြစုေဆာင္းသူဦးေရ တိုးပြားလာသလို အျခားနည္းလမ္းနဲ႔ စုေဆာင္းသူေတြလည္း မ်ားျပားလာပါတယ္။ လြန္ခဲ့တဲ့ (၅) ႏွစ္အတြင္း ေရႊနဲ႔ေက်ာက္မ်က္ ဝယ္ယူစုေဆာင္းသူ (၇) သိန္း တုိးပြားလာပါတယ္။ ေရႊေငြဥစၥာကို အိမ္ထဲမွာ လွ်ဳိ ႔ဝွက္သိမ္းဆည္းထားသူ (၃) သန္းေက်ာ္ တုိးပြားလာၿပီး၊ သမဝါယမမွာ စုေဆာင္းသူ (၆) သန္းေက်ာ္ တုိးပြားလာပါတယ္။ ထူးျခားတာကေတာ့ ၂၀၁၃ က ေမြးျမဴးေရးမွာ စုေဆာင္းသူ (၃) သန္းခြဲရိွရာက ၂၀၁၈ မွာ (၂) သန္းအထိ က်ဆင္းးသြားတာ ျဖစ္ပါတယ္။ ေငြစုသူထဲမွာ ဘဏ္မွာစုေဆာင္းသူဦးေရက အနည္းဆံုး ျဖစ္ပါတယ္။ ေငြတုိးယူသူေတြဆီက ေခ်းငွားၾကသူ (၅) သန္းနီးပါး ရိွတယ္လို႔ ၂၀၁၈ FinScope စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။ အရြယ္ေရာက္သူ တဝက္နီးပါး (၄၆) ရာခိုင္ႏႈန္းဟာ ေခ်းငွားသံုးစြဲၾကၿပီး တဝက္ေက်ာ္ (၅၄) ရာခိုင္ႏႈန္းကေတာ့ ေခ်းစရာမလုိဘူးလို႔ ဆိုပါတယ္။ ဘဏ္မွာေငြေခ်းသူဦးေရဟာ (၁၄) ရာခိုင္ႏႈန္းသာ ရိွပါတယ္။

အလုပ္လုပ္ႏိုင္တဲ့ အရြယ္ေရာက္သူဦးေရ (၃၄) သန္းေက်ာ္ရိွတဲ့အနက္ လယ္သမား (၈) သန္း၊ ပံုမွန္အလုပ္သမား (၂) သန္းခြဲ၊ က်ပန္းအလုပ္သမား (၂) သန္းခြဲနဲ႔ ကိုယ္ပိုင္အလုပ္လုပ္သူ (၉) သန္းေက်ာ္ ရိွပါတယ္။ မီွခိုသူအျဖစ္ စာရင္းတင္ထားသူက (၁၁) သန္းေက်ာ္ ရိွပါတယ္။ လစဥ္ဝင္ေငြက်ပ္ (၁) သိန္းေက်ာ္သူဦးေရက (၁၁) သန္းေက်ာ္ရိွၿပီး၊ (၁) သိန္းထက္နည္းသူက (၁၀) သန္းေလာက္ ရိွပါတယ္။ ဝင္ေငြမရိွသူက (၇) သန္းေလာက္ရိွၿပီး ဝင္ေငြကို မေျပာခ်င္သူက (၅) သန္းေလာက္ ရိွတယ္လို႔ ဆိုပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဘဏ္မွာေငြစုေဆာင္းသူဟာ လူနည္းစုသာ ျဖစ္ပါတယ္။ စုေဆာင္းသူအမ်ားစုဟာ ပုဂၢလိကလုပ္ငန္းရွင္ေတြ ျဖစ္ၾကၿပီး၊ သူတုိ႔ကသာ ဘဏ္ကေငြကို အမ်ားဆံုး ေခ်းယူၾကတာ ျဖစ္ပါတယ္။

ဘ႑ာေရးေလာကမွာ ထင္ရွားတဲ့ ဘဏ္လုပ္ငန္းႀကီးေတြဟာ စစ္အစိုးရနဲ႔ ေရာေထြးယွက္တင္ ျဖစ္ခဲ့ၾကတာ မ်ားပါတယ္။ စံုစမ္းစစ္ေဆးတဲ့အခါမွာ ေနာက္ေၾကာင္းေပၚလာပါတယ္။ ဘဂၤလားေဒ့ရွ္ - ျမန္မာ နယ္စပ္တံတုိင္းတည္ေဆာက္ရာမွာ ကေမာၻဇဘဏ္ရဲ ႔ မိခင္ကုမၸဏီ ကေမာၻဇအုပ္စု ပါဝင္ခဲ့တာကို စံုစမ္းစစ္ေဆးၿပီး အေရးယူဖုိ႔ ကုလသမဂၢ စံုစမ္းစစ္ေဆးေရးအစီရင္ခံစာမွာ ေဖာ္ျပထားတာနဲ႔ ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြ ထြက္ေပၚေနပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အေမရိကန္က အေရးယူလာရင္ ခုခံကာကြယ္ဖို႔အတြက္ ကေမာၻဇဘဏ္က အေမရိကန္ဥပေဒလုပ္ငန္းရွင္ William & Connolly ကုမၸဏီိကို ငွားရမ္းထားတယ္လို႔ ၾသဂုတ္လ (၂၉) ရက္ေန႔ထုတ္ CNB သတင္းမွာ ေဖာ္ျပထားပါတယ္။

အေမရိကန္အေရးယူတာကို ခံရတဲ့ ဘဏ္လုပ္ငန္းဟာ အျပည္ျပည္ဆိုင္ရာ ဝင္ဆံ့ဖို႔ ခက္ခဲသြားႏိုင္ပါတယ္။
ျပည္တြင္းမွာ ဘဏ္လုပ္ငန္း (၃၁) ခု ရိွတဲ့အနက္ အစိုးရဘဏ္က (၄) ခု၊ စည္ပင္ဘဏ္ (၃) ခု၊ ဖက္ဆပ္ဘဏ္ (၁၀) ခုနဲ႔ ပုဂၢလိကဘဏ္ (၁၄) ခု ရိွပါတယ္။ ဥပမာ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းပိုင္တဲ့ အင္းဝဘဏ္ဟာ ကာကြယ္ေရးဝန္ႀကီးဌာနရဲ ႔ ဖက္စပ္ဘဏ္ ျဖစ္ပါတယ္။ ပုဂၢလိကဘဏ္လုပ္ငန္းမွာ ေငြအပ္သူနဲ႔ ေငြေခ်းသူတိုးပြားလာလို႔ ေျပာင္းလဲလာၿပီလို႔ ျမင္ၾကပါတယ္။ ဒါေပမဲ့ ကေမာၻဇဘဏ္၊ ဧရာဝတီဘဏ္နဲ႔ စီတီဘဏ္လို႔ လူသိမ်ားတဲ့ သမဝါယမဘဏ္ဟာ အႀကီးဆံုးပုဂၢလိကဘဏ္ေတြ ျဖစ္ၾကပါတယ္။ ဘဏ္အပ္ေငြ စုစုေပါင္းရဲ ႔ သံုးပံုႏွစ္ပံုကို ဒီဘဏ္ (၃) ခုက သိမ္းဆည္းထားတယ္လို႔ Milken Institute အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ဘဏ္ခြဲ အမ်ားဆံုးရိွတာလည္း ဒီဘဏ္ႀကီး (၃) ခု ျဖစ္ပါတယ္။

တရုတ္၊ ဂ်ပန္၊ စကၤာပူ၊ မေလးရွား၊ ဗိယက္နမ္နဲ႔ အိႏိၵယက အျပည္ျပည္ဆိုင္ရာဘဏ္ (၁၃) ခုကိုလည္း ျမန္မာျပည္မွာ ဘဏ္ခြဲ ဖြင့္ခြင့္ေပးထားပါတယ္။ ၿပိဳင္ဆိုင္မႈ အားေကာင္းလာၿပီး၊ ျမန္မာ့စီးပြားေရးကို ပိုမုိေထာက္ကူႏိုင္ဖို႔ ရည္ရြယ္တယ္လို႔ ဆုိပါတယ္။ ျပည္တြင္္းဘဏ္မွာ အစုရွယ္ယာ (၃၅) ရာခိုင္ႏႈန္းအထိ ႏုိင္ငံျခားဘဏ္ေတြကို ပိုင္ဆိုင္ခြင့္ေပးထားပါတယ္။ ဒါေပမဲ့ ဘဏ္လုပ္ငန္း ႀကီးထြားလာၿပီး စီးပြားေရးပမာဏ ေသးငယ္ေနတာကို သဘာဝမက်ဘူးလို႔ သံုးသပ္တာမ်ဳိးလည္း ရိွပါတယ္။


==Unicode==

ချေးထားတဲ့ငွေပြန်မရလို့ ပြဿနာဖြစ်နေတဲ့ ပုဂ္ဂလိကဘဏ်အချို့ကို ပိတ်ပစ်တော့မယ်ဆိုတဲ့ ကောလဟာလကြောင့် ဘဏ်တွေမှာ ငွေအပ်ထားသူတွေအကြား မကြာသေးမီက ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ မဟုတ်မမှန်ကြောင်း ဗဟိုဘဏ်က ဖြေရှင်းရတဲ့အထိ အခြေအနေ ဆိုးသွားပါတယ်။ စစ်အစိုးရခေတ်က ငွေကြေးကို ထင်သလိုလုပ်ခဲ့တဲ့အတွက် ဘဏ်လုပ်ငန်းကို ပြည်သူလူထု အယုံအကြည် မရှိကြပါဘူး။ ရွေးကောက်ပွဲနဲ့ အစိုးရတက်လာပြီး ပြုပြင်ပြောင်းလဲရေးလုပ်တော့မှ ဘဏ်လုပ်ငန်းကို တဖြည်းဖြည်းယုံကြည်လာကြပါတယ်။ ဒါပေမဲ့ အယုံအကြည်မရှိသူက လူနည်းစု ဖြစ်နေတုန်းပါ။

၂၀၁၃ FinScope လေ့လာချက်မှာ အရွယ်မရောက်သေးတဲ့ မြန်မာပြည်သား (၁၇) ရာခိုင်နှုန်းမှာသာ ဘဏ်စာရင်း ရှိပါတယ်။ အဲဒီအချိန်မှာ လားအိုမှာ (၃၆) ရာခိုင်နှုန်း၊ ထိုင်းမှာ (၇၅) ရာခိုင်နှုန်း ဘဏ်စာရင်း ရှိကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၂၀၁၈) FinScope လေ့လာချက်မှာတော့ ဘဏ်စာရင်းရှိတဲ့ မြန်မာပြည်သားဦးရေ (၂၅) ရာခိုင်နှုန်းအထိ တိုးပွားလာတာ တွေ့ရပါတယ်။ ၂၀၁၃ မှာ ဘဏ်မှာငွေစုသူ (၁) သန်း (၄) သိန်းရှိရာက (၅) နှစ်ကြာတဲ့အခါ ၂၀၁၈ မှာ (၂) သန်း (၃) သိန်း ရှိလာလို့ ဘဏ်မှာငွေအပ်သူ (၆၀) ရာခိုင်နှုန်း တိုးလာတဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ အာဆီယံနိုင်ငံတွေရဲ့ ဘဏ်စာရင်းရှိသူဦးရေရဲ့ ပျမ်းမျှနှုန်း (၃၇) ရာခိုင်နှုန်းထက် နည်းနေပါသေးတယ်။

မြန်မာပြည်မှာ ဘဏ်မှာငွေစုဆောင်းသူဦးရေ တိုးပွားလာသလို အခြားနည်းလမ်းနဲ့ စုဆောင်းသူတွေလည်း များပြားလာပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်အတွင်း ရွှေနဲ့ကျောက်မျက် ဝယ်ယူစုဆောင်းသူ (၇) သိန်း တိုးပွားလာပါတယ်။ ရွှေငွေဥစ္စာကို အိမ်ထဲမှာ လျှို့ဝှက်သိမ်းဆည်းထားသူ (၃) သန်းကျော် တိုးပွားလာပြီး၊ သမဝါယမမှာ စုဆောင်းသူ (၆) သန်းကျော် တိုးပွားလာပါတယ်။ ထူးခြားတာကတော့ ၂၀၁၃ က မွေးမြူးရေးမှာ စုဆောင်းသူ (၃) သန်းခွဲရှိရာက ၂၀၁၈ မှာ (၂) သန်းအထိ ကျဆင်းးသွားတာ ဖြစ်ပါတယ်။ ငွေစုသူထဲမှာ ဘဏ်မှာစုဆောင်းသူဦးရေက အနည်းဆုံး ဖြစ်ပါတယ်။ ငွေတိုးယူသူတွေဆီက ချေးငှားကြသူ (၅) သန်းနီးပါး ရှိတယ်လို့ ၂၀၁၈ FinScope စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အရွယ်ရောက်သူ တဝက်နီးပါး (၄၆) ရာခိုင်နှုန်းဟာ ချေးငှားသုံးစွဲကြပြီး တဝက်ကျော် (၅၄) ရာခိုင်နှုန်းကတော့ ချေးစရာမလိုဘူးလို့ ဆိုပါတယ်။ ဘဏ်မှာငွေချေးသူဦးရေဟာ (၁၄) ရာခိုင်နှုန်းသာ ရှိပါတယ်။

အလုပ်လုပ်နိုင်တဲ့ အရွယ်ရောက်သူဦးရေ (၃၄) သန်းကျော်ရှိတဲ့အနက် လယ်သမား (၈) သန်း၊ ပုံမှန်အလုပ်သမား (၂) သန်းခွဲ၊ ကျပန်းအလုပ်သမား (၂) သန်းခွဲနဲ့ ကိုယ်ပိုင်အလုပ်လုပ်သူ (၉) သန်းကျော် ရှိပါတယ်။ မှီခိုသူအဖြစ် စာရင်းတင်ထားသူက (၁၁) သန်းကျော် ရှိပါတယ်။ လစဉ်ဝင်ငွေကျပ် (၁) သိန်းကျော်သူဦးရေက (၁၁) သန်းကျော်ရှိပြီး၊ (၁) သိန်းထက်နည်းသူက (၁၀) သန်းလောက် ရှိပါတယ်။ ဝင်ငွေမရှိသူက (၇) သန်းလောက်ရှိပြီး ဝင်ငွေကို မပြောချင်သူက (၅) သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘဏ်မှာငွေစုဆောင်းသူဟာ လူနည်းစုသာ ဖြစ်ပါတယ်။ စုဆောင်းသူအများစုဟာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ဖြစ်ကြပြီး၊ သူတို့ကသာ ဘဏ်ကငွေကို အများဆုံး ချေးယူကြတာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးလောကမှာ ထင်ရှားတဲ့ ဘဏ်လုပ်ငန်းကြီးတွေဟာ စစ်အစိုးရနဲ့ ရောထွေးယှက်တင် ဖြစ်ခဲ့ကြတာ များပါတယ်။ စုံစမ်းစစ်ဆေးတဲ့အခါမှာ နောက်ကြောင်းပေါ်လာပါတယ်။ ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ်တံတိုင်းတည်ဆောက်ရာမှာ ကမ္ဘောဇဘဏ်ရဲ့ မိခင်ကုမ္ပဏီ ကမ္ဘောဇအုပ်စု ပါဝင်ခဲ့တာကို စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာမှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်က အရေးယူလာရင် ခုခံကာကွယ်ဖို့အတွက် ကမ္ဘောဇဘဏ်က အမေရိကန်ဥပဒေလုပ်ငန်းရှင် William & Connolly ကုမ္ပဏီကို ငှားရမ်းထားတယ်လို့ သြဂုတ်လ (၂၉) ရက်နေ့ထုတ် CNB သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်အရေးယူတာကို ခံရတဲ့ ဘဏ်လုပ်ငန်းဟာ အပြည်ပြည်ဆိုင်ရာ ဝင်ဆံ့ဖို့ ခက်ခဲသွားနိုင်ပါတယ်။
ပြည်တွင်းမှာ ဘဏ်လုပ်ငန်း (၃၁) ခု ရှိတဲ့အနက် အစိုးရဘဏ်က (၄) ခု၊ စည်ပင်ဘဏ် (၃) ခု၊ ဖက်ဆပ်ဘဏ် (၁၀) ခုနဲ့ ပုဂ္ဂလိကဘဏ် (၁၄) ခု ရှိပါတယ်။ ဥပမာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင်တဲ့ အင်းဝဘဏ်ဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖက်စပ်ဘဏ် ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်လုပ်ငန်းမှာ ငွေအပ်သူနဲ့ ငွေချေးသူတိုးပွားလာလို့ ပြောင်းလဲလာပြီလို့ မြင်ကြပါတယ်။ ဒါပေမဲ့ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နဲ့ စီတီဘဏ်လို့ လူသိများတဲ့ သမဝါယမဘဏ်ဟာ အကြီးဆုံးပုဂ္ဂလိကဘဏ်တွေ ဖြစ်ကြပါတယ်။ ဘဏ်အပ်ငွေ စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံကို ဒီဘဏ် (၃) ခုက သိမ်းဆည်းထားတယ်လို့ Milken Institute အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဘဏ်ခွဲ အများဆုံးရှိတာလည်း ဒီဘဏ်ကြီး (၃) ခု ဖြစ်ပါတယ်။

တရုတ်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား၊ ဗိယက်နမ်နဲ့ အိန္ဒိယက အပြည်ပြည်ဆိုင်ရာဘဏ် (၁၃) ခုကိုလည်း မြန်မာပြည်မှာ ဘဏ်ခွဲ ဖွင့်ခွင့်ပေးထားပါတယ်။ ပြိုင်ဆိုင်မှု အားကောင်းလာပြီး၊ မြန်မာ့စီးပွားရေးကို ပိုမိုထောက်ကူနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းဘဏ်မှာ အစုရှယ်ယာ (၃၅) ရာခိုင်နှုန်းအထိ နိုင်ငံခြားဘဏ်တွေကို ပိုင်ဆိုင်ခွင့်ပေးထားပါတယ်။ ဒါပေမဲ့ ဘဏ်လုပ်ငန်း ကြီးထွားလာပြီး စီးပွားရေးပမာဏ သေးငယ်နေတာကို သဘာဝမကျဘူးလို့ သုံးသပ်တာမျိုးလည်း ရှိပါတယ်။

XS
SM
MD
LG