သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လိေမၼာ္ေရာင္အဆင့္ မုန္တိုင္းသတိေပးခ်က္


မုိးဇလက ထုတ္ျပန္တဲ့ မုန္တုိင္းအေျခအေနျပပုံ။ (မတ္ ၁၉၊ ၂၀၂၂။ ဓာတ္ပုံ - မုိးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာန)

(Zawgyi / Unicode)

ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ဆိုင္ကလုန္း အာစနီမုန္တိုင္း အရွိန္ေၾကာင့္ ဧရာဝတီတိုင္းေဒသႀကီးထဲက မအူပင္ အပါအဝင္ ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ မေန႔ တနဂၤေႏြ ညေနပိုင္းကစၿပီး မိုးသည္းထန္စြာ ရြာသြန္းၿပီး ေလျပင္းေတြ တိုက္ခတ္ခဲ့ေၾကာင္း ေဒသတြင္း သတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။

မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနက ေနာက္ဆုံးထုတ္ျပန္တဲ့ တနဂၤေႏြည ေႏွာင္းပိုင္းက မုန္တိုင္းသတိေပးခ်က္မွာေတာ့ လိေမၼာ္ေရာင္အဆင့္ သတ္မွတ္ထားၿပီး ကိုကိုးကၽြန္း၊ ဟိုင္းႀကီးကၽြန္းနဲ႔ ရခိုင္ကမ္း႐ိုးတန္းကို ေရာက္ရွိႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ အာစနီမုန္တိုင္း အရွိန္ဟာ ဧရာဝတီတိုင္းက ပင္လယ္ကမ္းေျခေဒသေတြ အျပင္ ရန္ကုန္တိုင္း၊ တနသၤာရီတိုင္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္၊ မုတၱမပင္လယ္ေကြ႔ စတဲ့ ေဒသေတြနဲ႔ ျမန္မာႏိုင္ငံအေနာက္ပိုင္း၊ အလယ္ပိုင္း ေဒသေတြမွာ မိုးႀကီးၿပီး ေလျပင္းထန္ႏိုင္တယ္လို႔ ဆိုပါတယ္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္၊ ေျမျပင္ေလဟာ တနာရီကို မိုင္ ၄၀ အထိ တိုက္ခတ္ႏိုင္ၿပီး လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာဆိုရင္ ၉ ေပကေန ၁၂ ေပခန႔္ ရွိႏိုင္တယ္လို႔လည္း အဲဒီသတိေပးခ်က္မွာ ေဖာ္ျပထားပါတယ္။

နာဂစ္မုန္တိုင္းမွာ လူေသဆုံးမႈ အမ်ားဆုံးျဖစ္ခဲ့တဲ့ လပြတၱာၿမိဳ႕နယ္မွာေတာ့ ႀကိဳတင္ျပင္ဆင္မႈေတြ၊ မုန္တိုင္းနဲ႔ပတ္သက္တဲ့ အသိေပး ႏႈိးေဆာ္တာေတြ ျပဳလုပ္ေနၿပီး ေဆာင္ရန္ေရွာင္ရန္ေတြကို မီးသတ္၊ ၾကက္ေျခနီအဖြဲ႔နဲဲ႔ ေဒသခံေတြ ပူးေပါင္းသတိေပး ေဆာင္ရြက္ေနေၾကာင္း ေဒသခံတဦးက Voice of Myanmar သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

အိႏိၵယ မိုးေလဝသဌာနရဲ႕ တနဂၤေႏြေန႔က သတင္းထုတ္ျပန္ခ်က္အရ ကပၸလီပင္လယ္ျပင္ ေတာင္ပိုင္းနဲ႔ ဆက္စပ္ေနတဲ့ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ မုန္တိုင္းငယ္ဟာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ေတာင္ပိုင္း ကမ္း႐ုိးတန္းေတြဆီကို ဦးတည္ေနၿပီး တနလၤာေန႔မွာ မုန္တိုင္းငယ္အျဖစ္ကေန ပိုမိုအားေကာင္းၿပီး ဆိုင္ကလုန္းမုန္တိုင္းအဆင့္ထိ ေရာက္ဖို႔ရွိေနတယ္လို႔ ခန္႔မွန္းထားေၾကာင္း ေဖာ္ျပထားပါတယ္။

လိေမၼာ္ေရာင္အဆင့္ မုန္တိုင္းသတိေပးခ်က္
please wait

No media source currently available

0:00 0:00:50 0:00
တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

လိမ္မော်ရောင်အဆင့် မုန်တိုင်းသတိပေးချက်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်း အာစနီမုန်တိုင်း အရှိန်ကြောင့် ဧရာဝတီတိုင်းဒေသကြီးထဲက မအူပင် အပါအဝင် မြို့နယ်အတော်များများမှာ မနေ့ တနင်္ဂနွေ ညနေပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ တနင်္ဂနွေည နှောင်းပိုင်းက မုန်တိုင်းသတိပေးချက်မှာတော့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး ကိုကိုးကျွန်း၊ ဟိုင်းကြီးကျွန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို ရောက်ရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာစနီမုန်တိုင်း အရှိန်ဟာ ဧရာဝတီတိုင်းက ပင်လယ်ကမ်းခြေဒေသတွေ အပြင် ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မုတ္တမပင်လယ်ကွေ့ စတဲ့ ဒေသတွေနဲ့ မြန်မာနိုင်ငံအနောက်ပိုင်း၊ အလယ်ပိုင်း ဒေသတွေမှာ မိုးကြီးပြီး လေပြင်းထန်နိုင်တယ်လို့ ဆိုပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာဆိုရင် ၉ ပေကနေ ၁၂ ပေခန့် ရှိနိုင်တယ်လို့လည်း အဲဒီသတိပေးချက်မှာ ဖော်ပြထားပါတယ်။

နာဂစ်မုန်တိုင်းမှာ လူသေဆုံးမှု အများဆုံးဖြစ်ခဲ့တဲ့ လပွတ္တာမြို့နယ်မှာတော့ ကြိုတင်ပြင်ဆင်မှုတွေ၊ မုန်တိုင်းနဲ့ပတ်သက်တဲ့ အသိပေး နှိုးဆော်တာတွေ ပြုလုပ်နေပြီး ဆောင်ရန်ရှောင်ရန်တွေကို မီးသတ်၊ ကြက်ခြေနီအဖွဲ့နဲ့ ဒေသခံတွေ ပူးပေါင်းသတိပေး ဆောင်ရွက်နေကြောင်း ဒေသခံတဦးက Voice of Myanmar သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အိန္ဒိယ မိုးလေဝသဌာနရဲ့ တနင်္ဂနွေနေ့က သတင်းထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း ကမ်းရိုးတန်းတွေဆီကို ဦးတည်နေပြီး တနင်္လာနေ့မှာ မုန်တိုင်းငယ်အဖြစ်ကနေ ပိုမိုအားကောင်းပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိ ရောက်ဖို့ရှိနေတယ်လို့ ခန့်မှန်းထားကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG