သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဧရာဝတီ ျမစ္ဝကၽြန္းေပၚေဒသ မုန္တိုင္းငယ္ ျဖတ္သန္းတိုက္ခတ္ႏိုင္ေျခရွိ


မုိးဇလက ထုတ္ျပန္တဲ့ မုန္တုိင္းအေျခအေနျပပုံ။ (မတ္ ၁၉၊ ၂၀၂၂။ ဓာတ္ပုံ - မုိးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာန)

(Zawgyi / Unicode)

ဧရာဝတီတိုင္း ျမစ္ဝကၽြန္းေပၚအနီးမွာ ျဖစ္တည္ေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ လာမယ့္ ၂၄ နာရီအတြင္း မုန္တိုင္းငယ္အဆင့္ကို ေရာက္သြားႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနက သတိေပးထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္း ေျပာျပပါမယ္။

အက္ဒမန္ကၽြန္းေတာင္ဘက္မွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ မတ္လ ၂၀ ရက္ေန႔မွာ ဧရာတီတိုင္း ျမစ္ဝကၽြန္းေပၚေဒသကို မုန္တိုင္းငယ္အျဖစ္ ျဖတ္သန္းႏိုင္ေျခ ရွိတာေၾကာင့္ ဧရာဝတီ ျမစ္ဝကၽြန္းေပၚေဒသမွာ ေနထိုင္သူေတြအေနနဲ႔ သတိထားၾကဖို႔ မိုးဇလပညာရွင္ေတြက တိုက္တြန္းေနတာပါ။

မုန္တိုင္းအေျခအေနနဲ႔ ပတ္သက္လို႔ မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနက တာဝန္ရွိသူတဦးက အခုလိုေျပာပါတယ္။

“ေနာက္ဆုံးေျပာရရင္ေတာ့ လမ္းေၾကာင္းက ဒီဘက္ က်ေနာ္တုိ႔ အရင္တုန္းကေတာ့ အေနာက္ဘက္ေပါ့ေနာ္ ပင္လယ္ထဲသြားတယ္။ အခု ဒီဘက္ အေရွ႕ဘက္ (ကုန္းတြင္းဘက္) တိုးလာတာေပါ့ေနာ္။ ဒီ ၂ ခုၾကားထဲမွာေတာ့ က်ိန္းေသတယ္ သြားဖို႔ရွိတယ္။ အေနာက္ဘက္ဆိုတာ ျမစ္ဝကၽြန္းေပၚရဲ႕ အေနာက္ဘက္ ပင္လယ္ေပါ့ေနာ္။ အခုက ျမစ္ဝကၽြန္းေပၚရဲ႕ တည့္တည့္ကို ျဖစ္ေနတယ္။ ဟိုင္းႀကီးတို႔ ဘာတို႔ ျဖစ္ေနတယ္။ ျမစ္ဝကၽြန္းေပၚရဲ႕ အေနာက္ဘက္ကိုပဲ ေရာက္ေရာက္ အေရွ႕ဘက္ကိုပဲ ေရာက္ေရာက္ ျမစ္ဝကၽြန္းေပၚက က်ိန္းေသတယ္။ ဧရာဝတီေပါ့ေနာ္ ေမာ္တင္စြန္းတို႔ ဟိုင္းႀကီးကၽြန္းတို႔ သူတို႔ကို တည့္ျဖတ္သည္ျဖစ္ေစ၊ မျဖတ္သည္ျဖစ္ေစ ဒီဘက္ အေနာက္ဘက္ကို ေရာက္သြားသည္ျဖစ္ေစ ဒီေနရာေတြကေတာ့ သတိျပဳေနဖို႔လိုတယ္။ မုန္တိုင္း ဘယ္ေတာ့ျဖစ္မလဲဆိုရင္ ၂၀ ကေတာ့ မုန္တိုင္းငယ္ ျဖစ္ဖို႔မ်ားတယ္ေပါ့ေနာ္။ ဆိုင္ကလုန္းမုန္တိုင္းကေတာ့ ေစာင့္ၾကည့္ဖို႔လိုတယ္။”

ေလဖိအားနည္းရပ္ဝန္းဟာ မုန္တိုင္းငယ္အျဖစ္နဲ႔ ဧရာဝတီ ျမစ္ဝကၽြန္းေပၚဘက္ကို ဝင္ေရာက္ဖို႔ က်ိန္းေသေနၿပီး မုန္တိုင္းသေဘာအရ ကုန္းတြင္းပိုင္းကို ဝင္ေရာက္ခဲ့ရင္ အားေပ်ာ့တတ္တဲ့သေဘာ ရွိၿပီးေတာ့ ပင္လယ္ဘက္ကေန ဝင္မယ္ဆို ပိုမိုအားေကာင္းတဲ့ မုန္တိုင္းအျဖစ္နဲ႔ ျဖတ္သန္းသြားႏိုင္ေျခ ရွိေနတာပါ။

စစ္ေကာင္စီက အာဏာသိမ္းၿပီးေနာက္ပိုင္း အင္တာနက္ကို ထိန္းခ်ဳပ္ ပိတ္ပင္တဲ့အျပင္ လွ်ပ္စစ္မီးကလည္း မမွန္တာေၾကာင့္ မိုးေလဝသနဲ႔ ပတ္သက္တဲ့ သတင္းေတြအေပၚ စိတ္ဝင္စားမႈ နည္းသြားတယ္လို႔ ဧရာဝတီတိုင္း ေဒသခံတဦးက အခုလိုေျပာပါတယ္။

“က်ေနာ္တုိ႔ သတင္းေတြ မၾကည့္ျဖစ္တာၾကာၿပီ။ သူတို႔ မိုးေလဝသဘက္ကထုတ္တဲ့ သတင္းေတြ။ အရင္လက္ထက္တုန္းကေတာ့ က်ေနာ္တုိ႔ မိုးေလဝသသတင္းေတြ အကုန္နီးပါး ၾကည့္ျဖစ္တယ္ေပါ့။ မိုးေလဝသ သတင္းေတြေကာ သတင္းေတြေကာ အကုန္ၾကည့္ျဖစ္တယ္။ အခုကေတာ့ လုံးဝမၾကည့္ျဖစ္ဘူး။ မီးကလည္းပ်က္တယ္။ အင္တာနက္ကလည္း အခုေနာက္ပိုင္း ေတာ္ေတာ္လိုင္းေႏွးတယ္။ စိတ္ထဲ သိပ္မရွိၾကေတာ့ဘူးေပါ့ လူေတြစိတ္ထဲမွာ။”

မုန္တိုင္းအရွိန္ေၾကာင့္ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ ပဲခူး၊ ရန္ကုန္၊ ဧရာဝတီတိုင္း အျပင္ တျခား က်န္တဲ့ တိုင္းေဒသႀကီးေတြမွာ မိုးထစ္ခ်ဳန္းရြာၿပီး တခ်ိဳ႕ေဒသေတြမွာေတာ့ ေနရာကြက္ၿပီး မိုးႀကီးႏိုင္ပါတယ္။ ျမန္မာ့ကမ္း႐ိုးတမ္းနဲ႔ ကမ္းလြန္ပင္လယ္ျပင္မွာ မိုးသက္ေလျပင္းက်ၿပီး လႈိင္းႀကီးမွာလည္း ျဖစ္ပါတယ္။ မိုးသက္ေလျပင္းက်ခ်ိန္မွာ ေရျပင္ေျမျပင္ေလဟာ ၁ နာရီ မိုင္ ၄၀ ထိ တိုက္ခတ္မွာျဖစ္ၿပီး ေလျပင္းတိုက္ခတ္ခ်ိန္ ကမ္း႐ိုးတန္းနဲ႔ ကမ္းလြန္ျပင္လယ္ျပင္မွာ ၉ ေပကေန ၁၂ ေပအထိ ေရလႈိင္းေတြ ျမင့္တက္ႏိုင္တယ္လို႔ မိုးဇလက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ မုန်တိုင်းငယ် ဖြတ်သန်းတိုက်ခတ်နိုင်ခြေရှိ

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်အနီးမှာ ဖြစ်တည်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဆင့်ကို ရောက်သွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်း ပြောပြပါမယ်။

အက်ဒမန်ကျွန်းတောင်ဘက်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မတ်လ ၂၀ ရက်နေ့မှာ ဧရာတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသကို မုန်တိုင်းငယ်အဖြစ် ဖြတ်သန်းနိုင်ခြေ ရှိတာကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ နေထိုင်သူတွေအနေနဲ့ သတိထားကြဖို့ မိုးဇလပညာရှင်တွေက တိုက်တွန်းနေတာပါ။

မုန်တိုင်းအခြေအနေနဲ့ ပတ်သက်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“နောက်ဆုံးပြောရရင်တော့ လမ်းကြောင်းက ဒီဘက် ကျနော်တို့ အရင်တုန်းကတော့ အနောက်ဘက်ပေါ့နော် ပင်လယ်ထဲသွားတယ်။ အခု ဒီဘက် အရှေ့ဘက် (ကုန်းတွင်းဘက်) တိုးလာတာပေါ့နော်။ ဒီ ၂ ခုကြားထဲမှာတော့ ကျိန်းသေတယ် သွားဖို့ရှိတယ်။ အနောက်ဘက်ဆိုတာ မြစ်ဝကျွန်းပေါ်ရဲ့ အနောက်ဘက် ပင်လယ်ပေါ့နော်။ အခုက မြစ်ဝကျွန်းပေါ်ရဲ့ တည့်တည့်ကို ဖြစ်နေတယ်။ ဟိုင်းကြီးတို့ ဘာတို့ ဖြစ်နေတယ်။ မြစ်ဝကျွန်းပေါ်ရဲ့ အနောက်ဘက်ကိုပဲ ရောက်ရောက် အရှေ့ဘက်ကိုပဲ ရောက်ရောက် မြစ်ဝကျွန်းပေါ်က ကျိန်းသေတယ်။ ဧရာဝတီပေါ့နော် မော်တင်စွန်းတို့ ဟိုင်းကြီးကျွန်းတို့ သူတို့ကို တည့်ဖြတ်သည်ဖြစ်စေ၊ မဖြတ်သည်ဖြစ်စေ ဒီဘက် အနောက်ဘက်ကို ရောက်သွားသည်ဖြစ်စေ ဒီနေရာတွေကတော့ သတိပြုနေဖို့လိုတယ်။ မုန်တိုင်း ဘယ်တော့ဖြစ်မလဲဆိုရင် ၂၀ ကတော့ မုန်တိုင်းငယ် ဖြစ်ဖို့များတယ်ပေါ့နော်။ ဆိုင်ကလုန်းမုန်တိုင်းကတော့ စောင့်ကြည့်ဖို့လိုတယ်။”

လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ်နဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဘက်ကို ဝင်ရောက်ဖို့ ကျိန်းသေနေပြီး မုန်တိုင်းသဘောအရ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ရင် အားပျော့တတ်တဲ့သဘော ရှိပြီးတော့ ပင်လယ်ဘက်ကနေ ဝင်မယ်ဆို ပိုမိုအားကောင်းတဲ့ မုန်တိုင်းအဖြစ်နဲ့ ဖြတ်သန်းသွားနိုင်ခြေ ရှိနေတာပါ။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ကို ထိန်းချုပ် ပိတ်ပင်တဲ့အပြင် လျှပ်စစ်မီးကလည်း မမှန်တာကြောင့် မိုးလေဝသနဲ့ ပတ်သက်တဲ့ သတင်းတွေအပေါ် စိတ်ဝင်စားမှု နည်းသွားတယ်လို့ ဧရာဝတီတိုင်း ဒေသခံတဦးက အခုလိုပြောပါတယ်။

“ကျနော်တို့ သတင်းတွေ မကြည့်ဖြစ်တာကြာပြီ။ သူတို့ မိုးလေဝသဘက်ကထုတ်တဲ့ သတင်းတွေ။ အရင်လက်ထက်တုန်းကတော့ ကျနော်တို့ မိုးလေဝသသတင်းတွေ အကုန်နီးပါး ကြည့်ဖြစ်တယ်ပေါ့။ မိုးလေဝသ သတင်းတွေကော သတင်းတွေကော အကုန်ကြည့်ဖြစ်တယ်။ အခုကတော့ လုံးဝမကြည့်ဖြစ်ဘူး။ မီးကလည်းပျက်တယ်။ အင်တာနက်ကလည်း အခုနောက်ပိုင်း တော်တော်လိုင်းနှေးတယ်။ စိတ်ထဲ သိပ်မရှိကြတော့ဘူးပေါ့ လူတွေစိတ်ထဲမှာ။”

မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်း အပြင် တခြား ကျန်တဲ့ တိုင်းဒေသကြီးတွေမှာ မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတမ်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးမှာလည်း ဖြစ်ပါတယ်။ မိုးသက်လေပြင်းကျချိန်မှာ ရေပြင်မြေပြင်လေဟာ ၁ နာရီ မိုင် ၄၀ ထိ တိုက်ခတ်မှာဖြစ်ပြီး လေပြင်းတိုက်ခတ်ချိန် ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပြင်လယ်ပြင်မှာ ၉ ပေကနေ ၁၂ ပေအထိ ရေလှိုင်းတွေ မြင့်တက်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG