သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခ်င္းတြင္းနဲ႔ ဧရာ၀တီျမစ္ေရ စိုးရိမ္ေရမွတ္ထိ ျမင့္တက္ေန


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

(Zawgyi/Unicode)

မၾကာေသးခင္က မုိးအႀကီးအက်ယ္ ရြာသြန္းမႈေတြေၾကာင့္ ခ်င္းတြင္းျမစ္ေရဟာ စုိးရိမ္ေရမွတ္ ေရာက္ေနသလုိ၊ ဧရာ၀တီျမစ္ေရဟာလည္း စုိးရိမ္ေရမွတ္ ေရာက္လာႏုိင္တဲ့အေၾကာင္း မုိးေလ၀သဌာနက သတိေပးလုိက္ပါတယ္။

ျမစ္ေၾကာင္းတေလ်ာက္ ေနထိုင္တဲ့ ေဒသခံေတြအေနနဲ႔ ျမစ္ေရျမင့္တက္လာတဲ့သတင္းကို သတိရွိၾကဖို႔ မိုးေလ၀သ တာ၀န္ရွိသူတဦးက ဗီြအိုေအကိုေျပာပါတယ္။

ဗီြအိုေအ သတင္းေထာက္ ကိုမုိးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ဘဂၤလားပင္လယ္ေအာ္မွာျဖစ္ေပၚခဲ့တဲ့ မုန္တုိင္းေၾကာင့္ ျမန္မာျပည္အထက္ပိုင္းမွာ မိုးမ်ားခဲ့ၿပီး ခ်င္းတြင္းျမစ္တေလ်ာက္က ၿမိဳ႔အေတာ္မ်ားမ်ားမွာ စိုးရိမ္ေရမွတ္အထိ ျမစ္ေရ ျမင့္တက္ခဲ့ပါတယ္။

လတ္တေလာမွာေတာ့ ဟုမၼလင္းၿမိဳ႔မွာ စိုးရိမ္ေရမွတ္ကို ေက်ာ္လြန္ေနၿပီး ေဖာင္းျပင္၊ ေမာ္လိုက္၊ ကေလး၀၊ မင္းကင္း၊ကနီနဲ႔ မုံရြာၿမိဳ႔ေတြမွာ စိုးရိမ္ေရမွတ္ကို ေရာက္ရိွႏိုင္တာေၾကာင့္ ျမစ္ကမ္းတေလ်ာက္နဲ႔ ေျမနိမ့္ပိုင္းေနထုိင္သူေတြ သတိျပဳၾကဖို႔ မုိးေလ၀သနဲ႔ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ထားတာပါ။

မၾကာမီရက္ေတြမွာေတာ့ ခ်င္းတြင္းျမစ္ေရဟာ ဧရာ၀တီျမစ္တြင္း၀င္ေရာက္လာၿပီး ဧရာ၀တီျမစ္အလယ္ပိုင္းနဲ႔ ေအာက္ပိုင္းေဒသေတြမွာ ျမစ္ေရျမင့္တက္လာႏိုင္ေၾကာင္း မုိးေလ၀သနဲ႔ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာနရဲ့ ညႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက သတိေပးထားပါတယ္။

“ ခ်င္းတြင္းျမစ္ကေနၿပီးေတာ့မွာ ဧရာ၀တီျမစ္ကို ပူးေပါင္းလာတဲ့အခ်ိန္က် ပခုကၠဴတို႔၊ ေညာင္ဦးတုိ႔မွာ ေရထပ္တက္လာၿပီး သူတုိ႔လည္း စိုးရိမ္ေရမွတ္နားကို ေရာက္သြားႏိုင္တဲ့အေနအထားမ်ိဳးရိွတယ္ေပါ့ေနာ္။ ဟသၤာတတို႔၊ ဇလြန္တုိ႔မွာေတာ့ ေရက ေတာ္ေတာ္ေလးက်ေနတဲ့အတြက္ေၾကာင့္ သူက စိုးရိမ္ေရမွတ္ေတာ့ ေရာက္ႏိုင္စရာမရိွေတာ့ဘူး။ ဒါေပမဲ့ လက္ရိွေရထက္ေတာ့ ၅ေပကေန ၈ေပေလာက္အထိ တက္လာႏိုင္တဲ့အေနအထားမ်ိဳးေတာ့ ရိွတယ္။ အဓိကေတာ့ ေသာင္ျဖစ္ထြန္းမႈအေပၚမွာ စိုက္ေရးပ်ိဳးေရးလုပ္တဲ့သူေတြအေနနဲ႔ သတိျပဳဖုိ႔လုိပါတယ္။ ဒီလုိမ်ိဳး ေရျမင့္တက္လာတဲ့အခ်ိန္က်။ ေနာက္တစ္ခုက ျမစ္ကမ္းနေဘးမွာေနထိုင္တဲ့ျပည္သူေတြအေနနဲ႔ အထူးသတိျပဳဖို႔ လုိပါတယ္။ ခုနက ေျပာသလို စိုးရိမ္ေရမွတ္ မေရာက္ခဲ့ရင္ေတာင္မွ ဧရာ၀တီျမစ္အလယ္ပိုင္းေလာက္ဆုိ ၈ေပကေန ၁၀ေပေလာက္ တက္လာႏိုင္တဲ့အေနအထားရိွတယ္။ ျမစ္ေအာက္ပိုင္းဆို ၅ကေန ၈ေပေလာက္အထိ တက္လာႏိုင္တဲ့အေနအထားမ်ိဳးရိွပါတယ္။”

ဒီရက္အတြင္းမွာ ေတာင္တရုတ္ပင္လယ္က၀င္ေရာက္လာတဲ့ အပူပိုင္းမုန္တိုင္းအရိွန္ေၾကာင့္ ျမန္မာျပည္ေတာင္ပိုင္းမွာ အခ်ိန္အခါမဟုတ္မုိးရြာေနသလို၊ လက္ရိွ ဖိလစ္ပိုင္ကို ျဖတ္လာတဲ့ အပူပိုင္းမုန္တိုင္းေၾကာင့္လည္း ႏို၀င္ဘာလဆန္းအထိ မိုးဆက္လက္ရြာသြန္းႏိုင္ေၾကာင္းလည္း ေဒါက္တာေက်ာ္မိုးဦးက ဆက္ေျပာပါတယ္။

“ မေန႔က ဖိလစ္ပိုင္ႏိုင္ငံကို ျဖတ္ေက်ာ္လာတဲ့ အပူပိုင္းမုန္တိုင္းရိွေသးတယ္။ ဒီမုန္တုိင္းက ၂၈ရက္ေန႔ေလာက္ဆုိရင္ေတာ့ ဗီယက္နမ္ကို ထပ္ျဖတ္မွာေပါ့။ ၂၉ေလာက္ဆုိရင္ ထုိင္းနယ္စပ္ေလာက္အထိကို ေလဖိအားနည္းရပ္၀န္းအျဖစ္နဲ႔ ေရာက္လာႏိုင္တယ္။ ထိုင္း၊ျမန္မာနယ္စပ္ေလာက္အထိေပါ့ေနာ္။ ေရာက္လာတဲ့အခါက် ဒီမုန္တိုင္းရဲ့ အၾကြင္းအက်န္ေၾကာင့္ မိုးထပ္ ၿပီးေတာ့ ရႏိုင္ေသးတယ္ခင္ဗ်။ မိုးကေတာ့ က်ေနာ္တုိ႔ ႏို၀င္ဘာလဆန္းထိေတာ့ မိုးရိွေနေသးတယ္။”

ဒီကာလဟာ ျမန္မာျပည္မွာ သီးႏွံရိတ္သိမ္းခ်ိန္ျဖစ္တာေၾကာင့္ အခ်ိန္အခါမဟုတ္ မုိးရြာသြန္းမႈ အေျခအေနကိုလည္း သတိထားဖို႔ လိုအပ္မွာျဖစ္ေၾကာင္း ေျပာပါတယ္။

စစ္ကိုင္းတိုင္းေဒသၾကီး ခ်င္းတြင္းျမစ္ကမ္းေဘးက ဟုမၼလင္းၿမိဳ႔မွာေတာ့ ဥရုေခ်ာင္းေဘးတေလ်ာက္မွာ ေရလႊမ္္းတာပိုမ်ားၿပီး လယ္ယာအေတာ္မ်ားမ်ား ပ်က္ဆီးခဲ့ေၾကာင္း ဟုမၼလင္းၿမိဳ႔နယ္က တိုင္းေဒသၾကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဌးလြင္က ေျပာပါတယ္။

“ သူက ရုတ္တရက္ အျမန္ၾကီးတက္ခဲ့တာေလ ေရက။ ဒီဥရုေခ်ာင္းရိုးတေလ်ာက္မွာဆုိရင္ အကုန္လံုး လႊမ္းေနၿပီ။ ရြာေတြလည္း ေရ၀င္ အဲလိုမ်ိဳးျဖစ္ေနတာ။ စပါးခင္းေတြက အကုန္လံုးေရျမဳပ္ကုန္ၿပီ။ စပါးခင္းကေတာ့ အေတာ္ေလာက္ပ်က္ဆီးသြားတယ္။ တခ်ိဳ႔က ရိတ္သိမ္းခါနီး တစ္ရက္ႏွစ္ရက္အလို၊ စပါးေတြက မွည့္ေနၿပီ။ ခုက ေရနစ္လိုက္ေတာ့ ဘာမွ သံုးမရေတာ့ဘူး။”

ပ်က္ဆီးသြားတဲ့လယ္ယာစာရင္းကိုေတာ့ လိုက္လံစာရင္းေကာက္ယူေနဆဲျဖစ္ပါတယ္။

ခ်င္းတြင္းျမစ္ေရဟာ ဟုမၼလင္းၿမိဳ႔မွာ စိုးရိမ္ေရမွတ္အထက္ ၃စင္တီမီတာ( တစ္လက္မအေက်ာ္)ေလာက္ တက္ၿပီး ဒီရက္ပိုင္းအတြင္းျပန္က်ဖြယ္ရိွသလို ေနာက္ ၂ရက္အတြင္းမွာေတာ့ ဟုမၼလင္းေအာက္ၿမိဳ႔ေတြအပါအ၀င္ မံုရြာၿမိဳ႔မွာပါ စိုးရိမ္ေရမွတ္ေရာက္ႏိုင္ေၾကာင္း မုိးေလ၀သနဲ႔ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာနက သတင္း ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထိ မြင့်တက်နေ

(Unicode)

မကြာသေးခင်က မိုးအကြီးအကျယ် ရွာသွန်းမှုတွေကြောင့် ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ရောက်နေသလို၊ ဧရာဝတီမြစ်ရေဟာလည်း စိုးရိမ်ရေမှတ် ရောက်လာနိုင်တဲ့အကြောင်း မိုးလေဝသဌာနက သတိပေးလိုက်ပါတယ်။

မြစ်ကြောင်းတလျောက် နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ မြစ်ရေမြင့်တက်လာတဲ့သတင်းကို သတိရှိကြဖို့ မိုးလေဝသ တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။

ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းကြောင့် မြန်မာပြည်အထက်ပိုင်းမှာ မိုးများခဲ့ပြီး ချင်းတွင်းမြစ်တလျောက်က မြို့အတော်များများမှာ စိုးရိမ်ရေမှတ်အထိ မြစ်ရေ မြင့်တက်ခဲ့ပါတယ်။

လတ်တလောမှာတော့ ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ကနီနဲ့ မုံရွာမြို့တွေမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တာကြောင့် မြစ်ကမ်းတလျောက်နဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားတာပါ။

မကြာမီရက်တွေမှာတော့ ချင်းတွင်းမြစ်ရေဟာ ဧရာဝတီမြစ်တွင်းဝင်ရောက်လာပြီး ဧရာဝတီမြစ်အလယ်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာ မြစ်ရေမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးထားပါတယ်။

“ ချင်းတွင်းမြစ်ကနေပြီးတော့မှာ ဧရာဝတီမြစ်ကို ပူးပေါင်းလာတဲ့အချိန်ကျ ပခုက္ကူတို့၊ ညောင်ဦးတို့မှာ ရေထပ်တက်လာပြီး သူတို့လည်း စိုးရိမ်ရေမှတ်နားကို ရောက်သွားနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်။ ဟင်္သာတတို့၊ ဇလွန်တို့မှာတော့ ရေက တော်တော်လေးကျနေတဲ့အတွက်ကြောင့် သူက စိုးရိမ်ရေမှတ်တော့ ရောက်နိုင်စရာမရှိတော့ဘူး။ ဒါပေမဲ့ လက်ရှိရေထက်တော့ ၅ပေကနေ ၈ပေလောက်အထိ တက်လာနိုင်တဲ့အနေအထားမျိုးတော့ ရှိတယ်။ အဓိကတော့ သောင်ဖြစ်ထွန်းမှုအပေါ်မှာ စိုက်ရေးပျိုးရေးလုပ်တဲ့သူတွေအနေနဲ့ သတိပြုဖို့လိုပါတယ်။ ဒီလိုမျိုး ရေမြင့်တက်လာတဲ့အချိန်ကျ။ နောက်တစ်ခုက မြစ်ကမ်းနဘေးမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့ အထူးသတိပြုဖို့ လိုပါတယ်။ ခုနက ပြောသလို စိုးရိမ်ရေမှတ် မရောက်ခဲ့ရင်တောင်မှ ဧရာဝတီမြစ်အလယ်ပိုင်းလောက်ဆို ၈ပေကနေ ၁၀ပေလောက် တက်လာနိုင်တဲ့အနေအထားရှိတယ်။ မြစ်အောက်ပိုင်းဆို ၅ကနေ ၈ပေလောက်အထိ တက်လာနိုင်တဲ့အနေအထားမျိုးရှိပါတယ်။”

ဒီရက်အတွင်းမှာ တောင်တရုတ်ပင်လယ်ကဝင်ရောက်လာတဲ့ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာပြည်တောင်ပိုင်းမှာ အချိန်အခါမဟုတ်မိုးရွာနေသလို၊ လက်ရှိ ဖိလစ်ပိုင်ကို ဖြတ်လာတဲ့ အပူပိုင်းမုန်တိုင်းကြောင့်လည်း နိုဝင်ဘာလဆန်းအထိ မိုးဆက်လက်ရွာသွန်းနိုင်ကြောင်းလည်း ဒေါက်တာကျော်မိုးဦးက ဆက်ပြောပါတယ်။

“ မနေ့က ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်လာတဲ့ အပူပိုင်းမုန်တိုင်းရှိသေးတယ်။ ဒီမုန်တိုင်းက ၂၈ရက်နေ့လောက်ဆိုရင်တော့ ဗီယက်နမ်ကို ထပ်ဖြတ်မှာပေါ့။ ၂၉လောက်ဆိုရင် ထိုင်းနယ်စပ်လောက်အထိကို လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ ရောက်လာနိုင်တယ်။ ထိုင်း၊မြန်မာနယ်စပ်လောက်အထိပေါ့နော်။ ရောက်လာတဲ့အခါကျ ဒီမုန်တိုင်းရဲ့ အကြွင်းအကျန်ကြောင့် မိုးထပ် ပြီးတော့ ရနိုင်သေးတယ်ခင်ဗျ။ မိုးကတော့ ကျနော်တို့ နိုဝင်ဘာလဆန်းထိတော့ မိုးရှိနေသေးတယ်။”

ဒီကာလဟာ မြန်မာပြည်မှာ သီးနှံရိတ်သိမ်းချိန်ဖြစ်တာကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှု အခြေအနေကိုလည်း သတိထားဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ကမ်းဘေးက ဟုမ္မလင်းမြို့မှာတော့ ဥရုချောင်းဘေးတလျောက်မှာ ရေလွှမ်းတာပိုများပြီး လယ်ယာအတော်များများ ပျက်ဆီးခဲ့ကြောင်း ဟုမ္မလင်းမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပါတယ်။

“ သူက ရုတ်တရက် အမြန်ကြီးတက်ခဲ့တာလေ ရေက။ ဒီဥရုချောင်းရိုးတလျောက်မှာဆိုရင် အကုန်လုံး လွှမ်းနေပြီ။ ရွာတွေလည်း ရေဝင် အဲလိုမျိုးဖြစ်နေတာ။ စပါးခင်းတွေက အကုန်လုံးရေမြုပ်ကုန်ပြီ။ စပါးခင်းကတော့ အတော်လောက်ပျက်ဆီးသွားတယ်။ တချို့က ရိတ်သိမ်းခါနီး တစ်ရက်နှစ်ရက်အလို၊ စပါးတွေက မှည့်နေပြီ။ ခုက ရေနစ်လိုက်တော့ ဘာမှ သုံးမရတော့ဘူး။”

ပျက်ဆီးသွားတဲ့လယ်ယာစာရင်းကိုတော့ လိုက်လံစာရင်းကောက်ယူနေဆဲဖြစ်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ၃စင်တီမီတာ( တစ်လက်မအကျော်)လောက် တက်ပြီး ဒီရက်ပိုင်းအတွင်းပြန်ကျဖွယ်ရှိသလို နောက် ၂ရက်အတွင်းမှာတော့ ဟုမ္မလင်းအောက်မြို့တွေအပါအဝင် မုံရွာမြို့မှာပါ စိုးရိမ်ရေမှတ်ရောက်နိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG