[Zawgyi/Unicode]
ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ေပၚေနတဲ့ မုန္တိုင္းအရွိန္ေၾကာင့္ ျမန္မာႏိုင္ငံေဒသတခ်ိဳ႕မွာ မုိးၾကီးႏိုင္သလို လွ်ပ္တျပတ္ ေရၾကီးတာနဲ႔ ေျမၿပိဳတာေတြျဖစ္ႏိုင္တဲ့အေၾကာင္း မုိးေလ၀သပညာရွင္ေတြ သတိေပးေနတဲ့ သတင္းကို တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။
ဘဂၤလားပင္လယ္ေအာ္အတြင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္၀န္းဟာ ဒီေန႔ ေန႔ခင္း ၁၂ နာရီခဲြအခ်ိန္တိုင္းထြာခ်က္အရ မုန္တုိင္းငယ္အျဖစ္ ေျပာင္းလဲလာခဲ့ၿပီျဖစ္ပါတယ္။ လက္ရိွျဖစ္ေပၚေနတဲ့ မုန္တုိင္းငယ္ဟာ ျမန္မာႏိုင္ငံ ေမာင္ေတာၿမိဳ႕အေနာက္-အေနာက္ေတာင္ဘက္ ေရမုိင္ ၃၃၀ အကြာ ဗဟိုျပဳေနၿပီး ေနာက္၂၄ နာရီအတြင္းမွာ ပိုမိုအားေကာင္းတဲ့ မုန္တုိင္းငယ္အျဖစ္ ေရာက္ရိွႏိုင္ေၾကာင္းနဲ႔ ၂၃ ရက္ေန႔ မြန္းလဲြ၊ ညေနပိုင္းမွာ အိႏိၵယႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံနယ္စပ္ ကမ္းေျခကို ျဖတ္ေက်ာ္၀င္ေရာက္ႏိုင္ေၾကာင္း မုိးေလ၀သနဲ႔ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာန၊ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ ေက်ာ္မုိးဦးက ေျပာပါတယ္။
ဒီမုန္တုိင္းဟာ လက္ရိွမွာ ျမန္မာျပည္ကို ဦးတည္ေရႊ႕လ်ားတဲ့ အေျခအေနမရိွတာေၾကာင့္ အ၀ါေရာင္အဆင့္သတ္မွတ္ထားေပမဲ့ မုန္တိုင္းရဲ့ သက္ေရာက္မႈေၾကာင့္ မိုးၾကီးတာေတြ ျဖစ္ေပၚႏိုင္ေၾကာင္း ေဒါက္တာေက်ာ္မုိးဦးက ဆက္ေျပာပါတယ္။
“ဒီမုန္တုိင္းရဲ့ အရိွန္ေၾကာင့္ ျမန္မာ့ကမ္းရိုးတန္း၊ အထူးသျဖင့္ ရခိုင္ကမ္းရိုးတန္းမွာ တေလ်ာက္မွာေတာ့ တခါတရံ မုိးသက္ေလျပင္းက်ၿပီးေတာ့မွ လိႈင္းၾကီးႏိုင္ပါတယ္။ မိုးသက္ေလျပင္းက်တဲ့အခ်ိန္မွာလည္း ေျမျပင္ေရျပင္ေလဟာ တစ္နာရီကို ၃၅ မိုင္ကေန မုိင္ ၄၀ ေလာက္အထိ တုိက္ႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ မုန္တုိင္းကေန ျပတ္ထြက္လာတဲ့ တိမ္တုိုက္ေတြေၾကာင့္ ဒီေန႔ ေန႔ခင္းကေနစၿပီးေတာ့မွ ၂၄ ရက္ေန႔အထိ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသၾကီး၊ မႏၱေလးတုိင္းေဒသၾကီး၊ မေကြးတုိင္းေဒသၾကီး ဒီေဒသေတြမွာေတာ့ ေနရာက်ဲက်ဲကေန ေနရာစိပ္စိပ္ မုိးရႏိုင္ၿပီးေတာ့မွ ေနာက္ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခုိင္ျပည္နယ္ ဒီေဒသေတြမွာေတာ့ ေနရာအႏွံ႔အျပားေလာက္ မိုးရြာႏိုင္ပါတယ္။ ၿပီးသြားရင္ေတာ့ ေနရာကြက္ မုိးၾကီးတာတို႔ ဘာတို႔ ဒီဟာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္ခင္ဗ်။”
မုန္တုိင္းေၾကာင့္ ျမန္မာႏုိင္ငံ ေဒသတခ်ိဳ႕မွာ ေနရာကြက္ၿပီး မိုးၾကီးႏိုင္တာေၾကာင့္ ေျမၿပိဳတာနဲ႔ ေရၾကီးတဲ့ အႏၱရာယ္ကိုလည္း သတိထားဖုိ႔ လုိေၾကာင္း ေျပာပါတယ္။
“သူျဖတ္တဲ့လမ္းေၾကာင္းက ဒီဘဂၤလားေဒ႔ရွ္ကို ၀င္ေပမဲ့ က်ေနာ္တုိ႔ဘက္ထဲမွာ ေနရာကြက္မိုးၿပီးတာတို႔ ဘာတုိ႔ ျဖစ္လာႏိုင္တဲ့အတြက္ ေတာင္ကုန္း၊ ေတာင္တန္းေဒသေတြမွာ ခ်င္းျပည္နယ္တို႔၊ စစ္ကိုင္းတုိင္းေဒသၾကီး အထက္ပိုင္းတုိ႔၊ ကခ်င္ျပည္နယ္တုိ႔ ဒီေဒသေတြမွာ ေနရာကြက္မုိးၾကီးလာတယ္ဆုိရင္ ေျမျပိဳမႈ ေဘးအႏၱရာယ္ေပါ့။ ဒီဟာမ်ိဳးေတြ သတိျပဳဖို႔လုိပါတယ္။ ေနာက္တစ္ခုကေတာ့ မုိးၾကီးၿပီးေတာ့မွ ေတာင္က်ေခ်ာင္းေရေတြ ရုတ္တရက္စီးဆင္းၿပီးေတာ့မွ ျမစ္ေဘး၊ ေခ်ာင္းေဘးေပါ့။ ျမစ္ငယ္၊ ေခ်ာင္းငယ္ေဘးမွာ ေနတဲ့ လူေတြအေနနဲ႔ ရုတ္တရက္ ေရၾကီး ေရလွ်ံမႈေတြ ျဖစ္လာႏိုင္တဲ့ အႏၱရာယ္ရိွပါတယ္။ ဒီအတြက္ ဒီဟာမ်ိဳးေတြလည္း သတိျပဳဖို႔ လုိပါတယ္ခင္ဗ်။ ”
ၿပီးခဲ့တဲ့ရက္ပိုင္းေတြကလည္း ျမန္မာႏိုင္ငံေဒသတခ်ိဳ႕မွာ မုိးၾကီးခဲ့ရာက ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕နယ္အတြင္းမွာေတာ့ အမ်ိဳးသမီး ၂ ေယာက္နဲ႔ ကေလးငယ္တစ္ဦး ေတာင္က်ေခ်ာင္းေရမွာ ေမွ်ာပါၿပီး ေသဆံုးခဲ့ရပါတယ္။
ဒီေသဆံုးခဲ့တာနဲ႔ ပတ္သက္ၿပီး မင္းတပ္ခရိုင္ ေဘးအႏၱရာယ္ စီမံခန္႔ခဲြမႈ ဦးစီးဌာနက ခရိုင္ဦးစီးအရာရိွ ဦးရမ္ခြ်မ္းက အခုလုိ ေျပာပါတယ္။
“လီေလာင္းရြာကေန ေဘးနားက ရြာကို သူတို႔ လူမႈေရးကိစၥနဲ႔ သြားၾကတယ္။ အမ်ိဳးသမီး ၂ေယာက္နဲ႔ ဒီ ကေလး ၃ လေပါ့ေနာ္။ လူမႈေရးကိစၥၿပီးေတာ့ လီေလာင္းကို သူတုိ႔ ညေနပိုင္းေလာက္ ျပန္လာၾကတာ၊ ျပန္လာၾကေတာ့ မုိးရြာၿပီးမွ အဲဒီ ေတာင္က်ေခ်ာင္းေရနဲ႔ ပါသြားတာေပါ့ေနာ္။”
ဒီလ ၂၀ ရက္ေန႔မွာေတာ့ အမ်ိဳးသမီး ၂ ဦးရဲ့ အေလာင္းကို ရွာေတြ႔ရေပမဲ့ ကေလးငယ္ကိုေတာ့ ရွာမရေၾကာင္းနဲ႔ ၂၁ ရက္ေန႔မွာ ေသဆံုးသူေတြအတြက္ကို သူတို႔ဌာနက တစ္ေယာက္ကို က်ပ္ ၃၀၀,၀၀၀ စီ ေထာက္ပံ့ခဲ့ေၾကာင္း ေျပာပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာလအတြင္းကလည္း ျမန္မာႏိုင္ငံေနရာေဒသ အေတာ္မ်ားမ်ားမွာ မုိးသည္းထန္ၿပီး ေရၾကီးခဲ့သလို မြန္ျပည္နယ္ က်ိဳက္ထိုၿမိဳ႕နယ္အတြင္းမွာ ေနအိမ္တစ္လံုးေရထဲေမွွ်ာပါၿပီး လူ ၃ ေယာက္ ေသဆံုးခဲ့ပါတယ္။
[Unicode Version]
မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင်း ရေကြီး မြေပြိုအန္တရာယ် သတိထားဖို့လို
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသတချို့မှာ မိုးကြီးနိုင်သလို လျှပ်တပြတ် ရေကြီးတာနဲ့ မြေပြိုတာတွေဖြစ်နိုင်တဲ့အကြောင်း မိုးလေဝသပညာရှင်တွေ သတိပေးနေတဲ့ သတင်းကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့ နေ့ခင်း ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ မုန်တိုင်းငယ်အဖြစ် ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ မောင်တောမြို့အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၃၀ အကွာ ဗဟိုပြုနေပြီး နောက်၂၄ နာရီအတွင်းမှာ ပိုမိုအားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကြောင်းနဲ့ ၂၃ ရက်နေ့ မွန်းလွဲ၊ ညနေပိုင်းမှာ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောပါတယ်။
ဒီမုန်တိုင်းဟာ လက်ရှိမှာ မြန်မာပြည်ကို ဦးတည်ရွှေ့လျားတဲ့ အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်သတ်မှတ်ထားပေမဲ့ မုန်တိုင်းရဲ့ သက်ရောက်မှုကြောင့် မိုးကြီးတာတွေ ဖြစ်ပေါ်နိုင်ကြောင်း ဒေါက်တာကျော်မိုးဦးက ဆက်ပြောပါတယ်။
“ဒီမုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း၊ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းမှာ တလျောက်မှာတော့ တခါတရံ မိုးသက်လေပြင်းကျပြီးတော့မှ လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျတဲ့အချိန်မှာလည်း မြေပြင်ရေပြင်လေဟာ တစ်နာရီကို ၃၅ မိုင်ကနေ မိုင် ၄၀ လောက်အထိ တိုက်နိုင်ပါတယ်။ နောက်တစ်ခုကတော့ မုန်တိုင်းကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် ဒီနေ့ နေ့ခင်းကနေစပြီးတော့မှ ၂၄ ရက်နေ့အထိ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး ဒီဒေသတွေမှာတော့ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးရနိုင်ပြီးတော့မှ နောက် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် ဒီဒေသတွေမှာတော့ နေရာအနှံ့အပြားလောက် မိုးရွာနိုင်ပါတယ်။ ပြီးသွားရင်တော့ နေရာကွက် မိုးကြီးတာတို့ ဘာတို့ ဒီဟာမျိုးတွေ ဖြစ်နိုင်ပါတယ်ခင်ဗျ။”
မုန်တိုင်းကြောင့် မြန်မာနိုင်ငံ ဒေသတချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် မြေပြိုတာနဲ့ ရေကြီးတဲ့ အန္တရာယ်ကိုလည်း သတိထားဖို့ လိုကြောင်း ပြောပါတယ်။
“သူဖြတ်တဲ့လမ်းကြောင်းက ဒီဘင်္ဂလားဒေ့ရှ်ကို ဝင်ပေမဲ့ ကျနော်တို့ဘက်ထဲမှာ နေရာကွက်မိုးပြီးတာတို့ ဘာတို့ ဖြစ်လာနိုင်တဲ့အတွက် တောင်ကုန်း၊ တောင်တန်းဒေသတွေမှာ ချင်းပြည်နယ်တို့၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတို့၊ ကချင်ပြည်နယ်တို့ ဒီဒေသတွေမှာ နေရာကွက်မိုးကြီးလာတယ်ဆိုရင် မြေပြိုမှု ဘေးအန္တရာယ်ပေါ့။ ဒီဟာမျိုးတွေ သတိပြုဖို့လိုပါတယ်။ နောက်တစ်ခုကတော့ မိုးကြီးပြီးတော့မှ တောင်ကျချောင်းရေတွေ ရုတ်တရက်စီးဆင်းပြီးတော့မှ မြစ်ဘေး၊ ချောင်းဘေးပေါ့။ မြစ်ငယ်၊ ချောင်းငယ်ဘေးမှာ နေတဲ့ လူတွေအနေနဲ့ ရုတ်တရက် ရေကြီး ရေလျှံမှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒီအတွက် ဒီဟာမျိုးတွေလည်း သတိပြုဖို့ လိုပါတယ်ခင်ဗျ။ ”
ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း မြန်မာနိုင်ငံဒေသတချို့မှာ မိုးကြီးခဲ့ရာက ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းမှာတော့ အမျိုးသမီး ၂ ယောက်နဲ့ ကလေးငယ်တစ်ဦး တောင်ကျချောင်းရေမှာ မျှောပါပြီး သေဆုံးခဲ့ရပါတယ်။
ဒီသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး မင်းတပ်ခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက ခရိုင်ဦးစီးအရာရှိ ဦးရမ်ချွမ်းက အခုလို ပြောပါတယ်။
“လီလောင်းရွာကနေ ဘေးနားက ရွာကို သူတို့ လူမှုရေးကိစ္စနဲ့ သွားကြတယ်။ အမျိုးသမီး ၂ယောက်နဲ့ ဒီ ကလေး ၃ လပေါ့နော်။ လူမှုရေးကိစ္စပြီးတော့ လီလောင်းကို သူတို့ ညနေပိုင်းလောက် ပြန်လာကြတာ၊ ပြန်လာကြတော့ မိုးရွာပြီးမှ အဲဒီ တောင်ကျချောင်းရေနဲ့ ပါသွားတာပေါ့နော်။”
ဒီလ ၂၀ ရက်နေ့မှာတော့ အမျိုးသမီး ၂ ဦးရဲ့ အလောင်းကို ရှာတွေ့ရပေမဲ့ ကလေးငယ်ကိုတော့ ရှာမရကြောင်းနဲ့ ၂၁ ရက်နေ့မှာ သေဆုံးသူတွေအတွက်ကို သူတို့ဌာနက တစ်ယောက်ကို ကျပ် ၃၀၀,၀၀၀ စီ ထောက်ပံ့ခဲ့ကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံနေရာဒေသ အတော်များများမှာ မိုးသည်းထန်ပြီး ရေကြီးခဲ့သလို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းမှာ နေအိမ်တစ်လုံးရေထဲမျှောပါပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။