သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် Philadelphia ပစ်ခတ်မှု (၃) ဦးသေ (၁၁) ဦး ဒဏ်ရာရ



Pennsylvania ပြည်နယ်၊ Philadelphia မြို့လယ်ခေါင် ပစ်ခတ်မှု ဖြစ်သွားခဲ့တဲ့အတွက် အနည်းဆုံး (၃) ဦး သေဆုံးပြီး (၁၁) ဦး ထိခိုက် ဒဏ်ရာရ (AP)
Pennsylvania ပြည်နယ်၊ Philadelphia မြို့လယ်ခေါင် ပစ်ခတ်မှု ဖြစ်သွားခဲ့တဲ့အတွက် အနည်းဆုံး (၃) ဦး သေဆုံးပြီး (၁၁) ဦး ထိခိုက် ဒဏ်ရာရ (AP)

အမေရိကန်ပြည်ထောင်စု၊ Pennsylvania ပြည်နယ်၊ Philadelphia မြို့လယ်ခေါင်က ဖျော်ဖြေရေးအဆောက်အဦးတွေ ရှိတဲ့နေရာမှာ စနေနေ့ညက သေနတ်ပစ်ခတ်မှု ဖြစ်သွားခဲ့တဲ့အတွက် အနည်းဆုံး (၃) ဦး သေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မြို့လယ်ခေါင်မှာ ရဲတပ်ဖွဲ့တွေ ကင်းလှည့်နေတဲ့အချိန် ညဉ့်သန်းခေါင်ဝန်းကျင်းလောက်မှာ သေနတ်ပစ်ခတ်သံတွေ ကြားခဲ့ရကြောင်းနဲ့ တဦးထက်ပိုတဲ့ သေနတ်သမားတွေက လူအုပ်ထဲကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အကြောင်း မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်ကို ကိုးကားပြီး ရဲတပ်ဖွဲ့အကြီးအကဲ D. F. Pace ပြောပါတယ်။

ရဲ့အရာရှိတဦးက သေနတ်သမားကို ပေ (၃၀) လောက်အကွာကနေ ပတ်ခတ်ခဲ့ပေမယ့် သူ့ကို ထိမထိဆိုတာ မသိရဘူးလို့ ဆိုပါတယ်။ အမျိုးသမား (၂) ဦးနဲ့ အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ ဆိုပေမယ့် သူတို့ရဲ့ အမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ထိခိုက် ဒဏ်ရာရသူတွေရဲ့ အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့နေရာကနေ ပြောင်းတို သေနတ် (၂) လက် သိမ်းဆည်းရမိခဲ့ပြီး အခုချိန်ထိတော့ ဖမ်းဆီး အရေးယူခံရသူ မရှိသေးဘူးလို့ ဆိုပါတယ်။

တရားခံကို ဖမ်းမိနိုင်ရေးအတွက် အနီးနားမှာရှိတဲ့ ဆိုင်တွေရဲ့ ကင်မရာတွေကို ရဲတပ်ဖွဲ့က စစ်ဆေးခိုင်းထားတယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲ D. F. Pace က ပြောပါတယ်။

=== Unicode ===






XS
SM
MD
LG