သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာမှာ လောင်စာဆီပြတ်ပြီ


Sri Lanka
Sri Lanka


[[Zawgyi/Unicode]]

သီရိလင်္ကာ နိုင်ငံမှာ လောင်စာဆီ ပြတ်သွားပြီ လို့ သီရိလင်္ကာသတင်းစာ Daily Mirror က ဆိုပါတယ်။

တိုင်းပြည်မှာ ကျန်နေသေးတဲ့ဓာတ်ဆီ တန် ၁,၁၀၀ နဲ့ ဒီဇယ်တန် ၇,၅၀၀ ဟာ တရက်တောင်မခံဘူးလို့ Ceylon Petroleum Corporation အလုပ်သမား သမဂ္ဂက အမည်မဖော်လိုတဲ့သူတယောက်ကို ကိုးကားပြီး သတင်းစာက ရေးသားခဲ့တာပါ။

တနင်္ဂနွေနေ့တုန်းကတော့ သီရိလင်္ကာ နိုင်ငံရဲ့ လူဦးရေ ၂၂ သန်းအတွက် ဓာတ်ဆီနဲ့ ဒီဇယ် စုစုပေါင်း တန် ၁၅,၀၀၀ ပဲ ရှိတော့တယ်လို့ ထိပ်ပိုင်း တာဝန်ရှိသူတဦး ပြောတာကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ပြောခဲ့ပါတယ်။ လာမယ့် ရက်တွေမှာ မရှိမဖြစ်လုပ်ငန်းတွေအတွက် အသုံးပြုဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအပတ်ကစလို့ သီရိလင်္ကာရဲ့လုပ်ငန်းတွေ ရပ်သွားတော့မှာ ဖြစ်တယ်လို့ Daily Mirror က ပြောပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေလည်း ရပ်လိုက်ရတော့မှာ ဖြစ်တယ်လို့ သတင်းစာက ဆိုပါတယ်။ သီရိလင်္ကာ နိုင်ငံဟာ အကြွေးတွေကို မပေးနိုင်တဲ့အတွက် နိုင်ငံတကာကုမ္ပဏီတွေက နာမည်ပျက် စာရင်းသွင်းထားပြီး လောင်စာဆီ အသစ်မှာမယ်ဆိုရင် တင်သွင်းမယ့် ကုမ္ပဏီတွေအတွက် နိုင်ငံတကာဘဏ်တွေရဲ့ အာမခံချက်လိုအပ်တယ်လို့ သတင်းစာက ပြောပါတယ်။ သီရိလင်္ကာ နိုင်ငံဟာ ငွေကြေး အကျပ်အတည်းရော လောင်စာဆီ အကျပ်အတည်းပါ ကြုံတွေ့နေရတာပါ။

ဒီအတွက် လောင်စာဆီ ရရှိရေးဆွေးနွေးဖို့ သီရိလင်္ကာအစိုးရက ဝန်ကြီး ၂ ယောက်ကို ရုရှားကို စေလွှတ်လိုက်တယ်လို့ အေပီသတင်းဌာန က ပြောပါတယ်။

သီရိလင်္ကာမှာ လောင်စာဆီပြတ်ပြီ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

==============


[[Unicode]]






==============

XS
SM
MD
LG