သုံးရလွယ်ကူစေသည့် Link များ

ထိုင်းနိုင်ငံတွင်း ထိမ်းသိမ်းထားသူ မြန်မာ ၁၆၀ ကျော် နယ်စပ်မှာပြန်လွှတ်


မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတွေအပါအဝင် ၁၆၈ ဦး ရနောင်း-ကော့သောင်း နယ်စပ်ကနေတဆင့် ပြန်ပို့လိုက်ပါတယ်
မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတွေအပါအဝင် ၁၆၈ ဦး ရနောင်း-ကော့သောင်း နယ်စပ်ကနေတဆင့် ပြန်ပို့လိုက်ပါတယ်

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တာ၊ ခိုင်လုံတဲ့ အထောက်အထား မပြနိုင်တာတွေကြောင့် လူကုန်ကူးခံရသူတွေ အပါအဝင် မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဇူလိုင်လ (၁၆) ရက်နေ့မှာ ရနောင်း-ကော့သောင်း နယ်စပ်ကနေတဆင့် ပြန်ပို့လိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်ခန်းတွေအကျဉ်းထောင်တွေမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတွေအပါအဝင် ၁၆၈ ဦးကို ဒီကနေ့ မနက်ပိုင်းမှာ နေရပ်ကို ပြန်ပို့းခဲ့ပါတယ်။

ရနောင်းမြို့ကနေ စက်လှေတွေနဲ့ ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လလည်အထိ ထိုင်းအချုပ်တွေကနေ ကော့သောင်းဘက်ခြမ်းကို ပြန်လည်ပို့ဆောင်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ နီးပါ ထိရှိပြီဖြစ်တယ်လို့ ကော့သောင်းမြို့ ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာရဲ့ တာဝန်ခံ ဦးမိုးဝေက အခုလိုပြောပါတယ်။

အာလုံး ၁၆၀ ကျော်ပေ့ါလေ၊ အမျိုးသမီး အမျိုးသားရောဆိုရင်ပေါ့ ဒီဘက်မှာ တာဝန်ရှိသူတွေ ထိုင်းနိုင်ငံဘက်က သံအရာရှိရုံးကနေတဆင့် အချုပ်ခန်းထဲမှာအကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခရတဲ့သူတွေကို ပြန်ပို့လာတာ ဖြစ်ပါတယ် အခုပြန်လာတဲ့အထဲမှာ အားလုံး ၁၀၀၀ နီးပါး ရှိနေပြီ ဇွန်လနဲ့ ဇူလိုင်ထဲမှာပေါ့ ရောက်လာပြီးတာနဲ့ ကော့သောင်းဒေသခံဆိုရင် ဆေးထိုးပြီးတာနဲ့ တခါတည်းသွားလို့ရတယ် ဆေးမထိုးရသေးဘူဆိုရင် ကာရမ်တင်းစင်တာမှာတော့ (၅) ရက်လောက် နေရတာပေါ့။

အခုဆိုရင် ထိုင်းနိုင်ငံဘက်ခြမ်းက အချုပ်ထဲမှာ လွက်ရက်စေ့ပြီးသား မြန်မာနိုင်ငံသားတွေအများကြီး ရှိနေတာကြောင့် အချုပ်မဆန့်တာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အချုပ်ထဲမှာလည်း ဒီတခေါက်လာပြီးတာတောင်မှာ ရနောင်းအချုပ်ထဲမှာ အရင်က (၄၀) လောက်ထားတဲ့ နေရာမှာလူဦးရေ ၁၀၀ လောက်ထားတယ်။ တခေါက် မပို့ခင်အချိန်ထိဆိုရင် ၈၀၀ နဲ့ ၁၀၀၀ ကြားလောက် အမြဲရှိနေတယ်အကြောင်းအမျိုးမျိုးကြောင့ ်ဖမ်းခံထိတဲ့အုပ်စုတွေကလေ၊ အခုလို ပြည်နှင်ဒဏ်ပေးခံရတဲ့ အလုပ်သမားတွေထဲက နိုင်ငံကူးစာအုပ်ရှိတဲ့သူတွေဟာ ထိုင်းနိုင်ငံထဲကို နောက်ထပ် အနည်းဆုံး ၆ လကနေ ၂ နှစ်ထိ ပြန်ဝင်ခွင့်မရကြဘူးလို့ ဆိုပါတယ်။ အခုဖမ်းပြီး ပြန်ပို့ခံရတဲ့သူတွေက အများစုကတော့နေရပ် မပြန်ချင်ကြပါဘူး။ တချို့က အိမ်ပေါင်ခြံပေါင်ပြီး လာကြတာဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ လာရောက်ကြသူတွေ ဖြစ်ပါတယ်။ အခုလို ဖမ်းဆီးပြီး ပြန်ပို့ခံရတာတွေ ရှိနေတဲ့ကြားမှာပဲ အလုပ်အကိုင် အခွင့်အလမ်း ရှာနေကြတဲ့ မြန်မာအလုပ်သမားတွေကတော့ ထိုင်းနိုင်ငံထဲကို နေ့စဉ်သွားရောက်နေဆဲဖြစ်ပြီး၊ ရာနဲ့ချီရှိတဲ့ မြန်မာတွေဟာ အစုလိုက်အပြုံလိုက် နေ့စဉ်ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်ရှင်။

=== Unicode ====







XS
SM
MD
LG