သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Elon Musk ကို Twitter တရားစြဲမယ္


TWITTER-M&A/MUSK

Twitter လူမႈကြန္ရက္ကို ေဒၚလာ (၄၄) ဘီလ်ံနဲ႔ဝယ္ယူဖို႔ သေဘာတူထားခ်က္ကို ဖ်က္လိုက္တဲ့အတြက္ Tesla ကုမၸဏီ CEO Elon Musk ကို တရားစြဲမယ္လို႔ Twitter ကုမၸဏီက ေျပာပါတယ္။ Twitter မွာ အေကာင့္အတုေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြေပးဖို႔ Twitter ဘက္က ပ်က္ကြက္တဲ့အတြက္လို႔ဆိုၿပီး ဝယ္ယူမယ့္အစီအစဥ္ကို ဖ်က္တယ္လို႔ Elon Musk က ေသာၾကာေန႔က အသိေပးအေၾကာင္းၾကားခဲ့တယ္။

Twitter လူမႈကြန္ယက္ကို ေန႔စဥ္သုံးေနတဲ့ အေကာင့္ေတြထဲမွာ စက္ကေနဖန္တီးထားတဲ့ Spam အေကာင့္တု (၅)% ေအာက္ပဲရွိတယ္လို႔ သက္ေသျပပါလို႔ Elon Musk က ေတာင္းဆိုထားတာပါ။ Twitter ကုမၸဏီကေတာ့ အေကာင့္အတု (၁) သန္းကို ေန႔စဥ္ ဖယ္ရွားရွင္းလင္းေနတယ္လို႔ ေျပာၾကားထားပါတယ္။ Twitter သုံးစြဲသူေတြကို ကုန္ပစၥည္းေတြ ဝယ္ယူေအာင္စြဲေဆာင္တာမ်ိဳး သတင္းမွားျဖန႔္တာမ်ိဳးေတြကို အဲဒီ Spam အေကာင့္တုေတြက လုပ္ေနတာေၾကာင့္ Twitter ရဲ႕ စီးပြားေရးအေပၚ သက္ေရာက္မႈ ရွိတယ္လို႔ Elon Musk ကေျပာၿပီး အခ်က္အလက္ေတြကို ေတာင္းခဲ့ပါတယ္။

အဲဒီအေကာင့္တုေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြေပးဖို႔ အႀကိမ္ႀကိမ္ ေတာင္းဆိုခ်က္ကို Twitter ဘက္က တုံ႔ျပန္ဖို႔ ပ်က္ကြက္တယ္လို႔ Musk ရဲ႕ ေရွ႕ေနက ေျပာပါတယ္။ Elon Musk ဘက္က ကုမၸဏီဝယ္ဖို႔ သေဘာတူညီခ်က္ကို ဖ်က္လိုက္တဲ့အတြက္ ဥပေဒေၾကာင္းကေန ေဆာင္႐ြက္သြားမယ္လို႔ Twitter ကုမၸဏီဥကၠ႒ Bret Taylor က တုံ႔ျပန္ခဲ့ပါတယ္။

=== Unicode ===

Twitter လူမှုကွန်ရက်ကို ဒေါ်လာ (၄၄) ဘီလျံနဲ့ဝယ်ယူဖို့ သဘောတူထားချက်ကို ဖျက်လိုက်တဲ့အတွက် Tesla ကုမ္ပဏီ CEO Elon Musk ကို တရားစွဲမယ်လို့ Twitter ကုမ္ပဏီက ပြောပါတယ်။ Twitter မှာ အကောင့်အတုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပေးဖို့ Twitter ဘက်က ပျက်ကွက်တဲ့အတွက်လို့ဆိုပြီး ဝယ်ယူမယ့်အစီအစဉ်ကို ဖျက်တယ်လို့ Elon Musk က သောကြာနေ့က အသိပေးအကြောင်းကြားခဲ့တယ်။

Twitter လူမှုကွန်ယက်ကို နေ့စဉ်သုံးနေတဲ့ အကောင့်တွေထဲမှာ စက်ကနေဖန်တီးထားတဲ့ Spam အကောင့်တု (၅)% အောက်ပဲရှိတယ်လို့ သက်သေပြပါလို့ Elon Musk က တောင်းဆိုထားတာပါ။ Twitter ကုမ္ပဏီကတော့ အကောင့်အတု (၁) သန်းကို နေ့စဉ် ဖယ်ရှားရှင်းလင်းနေတယ်လို့ ပြောကြားထားပါတယ်။ Twitter သုံးစွဲသူတွေကို ကုန်ပစ္စည်းတွေ ဝယ်ယူအောင်စွဲဆောင်တာမျိုး သတင်းမှားဖြန့်တာမျိုးတွေကို အဲဒီ Spam အကောင့်တုတွေက လုပ်နေတာကြောင့် Twitter ရဲ့ စီးပွားရေးအပေါ် သက်ရောက်မှု ရှိတယ်လို့ Elon Musk ကပြောပြီး အချက်အလက်တွေကို တောင်းခဲ့ပါတယ်။

အဲဒီအကောင့်တုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပေးဖို့ အကြိမ်ကြိမ် တောင်းဆိုချက်ကို Twitter ဘက်က တုံ့ပြန်ဖို့ ပျက်ကွက်တယ်လို့ Musk ရဲ့ ရှေ့နေက ပြောပါတယ်။ Elon Musk ဘက်က ကုမ္ပဏီဝယ်ဖို့ သဘောတူညီချက်ကို ဖျက်လိုက်တဲ့အတွက် ဥပဒေကြောင်းကနေ ဆောင်ရွက်သွားမယ်လို့ Twitter ကုမ္ပဏီဥက္ကဋ္ဌ Bret Taylor က တုံ့ပြန်ခဲ့ပါတယ်။

XS
SM
MD
LG