သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရးဝန္ႀကီး ဖိလစ္ပိုင္သမၼတသစ္နဲ႔ ေတြ႔ဆုံ


Secretary of State Antony Blinken, left, meets with Philippine President Ferdinand Marcos Jr. at the Malacanang Palace in Manila, Philippians, Aug. 6, 2022.

ဖိလစ္ပိုင္ေရာက္ေနတဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ ဖိလစ္ပိုင္သမၼတသစ္ Ferdinand Marcos Jr.နဲ႔ အခု ဩဂုတ္လ ၆ ရက္ေန႔ စေနေန႔မွာ ေတြ႔ဆုံၿပီး၊ အာရွေဒသတြင္း အေမရိကန္ရဲ႕ သက္တမ္းရင့္မဟာမိတ္ႀကီး ဖိလစ္ပိုင္ႏိုင္ငံနဲ႔ ဆက္ဆံေရး ခိုင္မာေအာင္လုပ္သြားမယ္လို႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့ သမၼတ Duterte လက္ထက္တုန္းကေတာ့ အေမရိကန္နဲ႔ ဖိလစ္ပိုင္ဆက္ဆံေရးမွာ တင္းမာမႈတခ်ိဳ႕ရွိခဲ့တာပါ။

အေမရိကန္အေနနဲ႔ ဖိလစ္ပိုင္နဲ႔ ဆက္ဆံေရးဟာ အေတာ့္ကိုထူးကဲသာလြန္ၿပီး၊ ကာကြယ္ေရး ဥတုရာသီေဖာက္ျပန္မႈ ထိမ္းသိမ္းေရးနဲ႔ ကိုဗစ္19 ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးေတြမွာ ဖိလစ္ပိုင္နဲ႔ လက္တြဲလုပ္ေဆာင္သြားဖို႔အသင့္ရွိတယ္ဆိုတာကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဘလင္ကန္က ေျပာခဲ့ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ေမလ သမတ Marcos က ေ႐ြးေကာက္ပြဲ အျပတ္အသတ္အႏိုင္ရၿပီးကတည္းဆိုရင္၊ ဒါဟာ အေမရိကန္ဘက္က အဆင့္အျမင့္ဆုံးတာဝန္ရွိသူတဦးရဲ႕ ခရီးစဥ္ ျဖစ္ပါတယ္။ ဖီလစ္ပိုင္ႏိုင္ငံနဲ႔ ခ်ဳပ္ဆိုထားတဲ့ ၁၉၅၁ ခုႏွစ္ ကာကြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္အတိုင္း အေမရိကန္ဖက္က ဆက္ရပ္တည္သြားမယ္လို႔လည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ကတိကဝတ္ေပးပါတယ္။ ဖိလစ္ပိုင္သမၼတ Marcos ဖက္ကလည္း အခုလို ကန္ႏိုင္ငံျခားေရးဝန္ႀကီး ေရာက္ရွိလာတာဟာ အခ်ိန္ကိုက္ပါပဲလို႔ ေျပာဆိုၿပီး၊ ထိုင္ဝမ္ကြၽန္းကိစၥ တ႐ုတ္နဲ႔ တင္းမာမႈကို စိုးရိမ္ေၾကာင္းလည္း ေဖာ္ျပပါတယ္။

တဘက္မွာလည္း ဖိလစ္ပိုင္ႏိုင္ငံဟာ တ႐ုတ္နဲ႔ ေရပိုင္နက္ဆိုင္ရာအျငင္းပြားမႈ ရွိေနတာပါ။ ဖိလစ္ပိုင္ႏိုင္ငံဟာ အေရွ႕ေတာင္အာရွေဒသတြင္းမွာဆိုရင္ အေမရိကန္ရဲ႕ အေရးႀကီးတဲ့ မဟာဗ်ဴေျမာက္ မဟာမိတ္ႏိုင္ငံလည္းျဖစ္ပါတယ္။ ဒါေပမဲ့လဲ ၿပီးခဲ့တဲ့ ဖိလစ္ပိုင္သမၼတ Duterte လက္ထက္မွာေတာ့ ႏွစ္ဘက္ဆက္ဆံေရးမွာ အဖုအထစ္တခ်ိဳ႕ ျဖစ္ခဲ့ပါတယ္။ အေမရိကန္စစ္သည္ေတြ ဖိလစ္ပိုင္ေျမေပၚကို ပုံမွန္လာေရာက္ခြင့္ေပးတဲ့ အေမရိကန္-ဖိလစ္ပိုင္ စစ္သည္မ်ားလာေရာက္ခြင့္ဆိုင္ရာ သေဘာတူညီခ်က္ကို ၂၀၂၀ ခုႏွစ္မွာ သမတ Duterte က ပယ္ဖ်က္ခဲ့ပါတယ္။ ဒါေပမဲ့လဲ ေနာက္ထပ္တႏွစ္အၾကာမွာေတာ့ ဒီသေဘာတူညီခ်က္ကို သမတ Duterte က ျပန္လက္ခံခဲ့ပါတယ္။

အခု ထိုင္ဝမ္ကြၽမ္းအေရးကိစၥမွာေတာ့ ေဒသတြင္းတင္းမာမႈေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔ဆိုၿပီး တ႐ုတ္ေရာ အေမရိကန္ကိုပါ ဖိလစ္ပိုင္က တိုက္တြန္းတယ္လို႔ လက္ရွိ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးက အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေဆြးေႏြးစဥ္ ေျပာဆိုခဲ့ပါတယ္။

===Unicode ===

ဖိလစ်ပိုင်ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဖိလစ်ပိုင်သမ္မတသစ် Ferdinand Marcos Jr.နဲ့ အခု ဩဂုတ်လ ၆ ရက်နေ့ စနေနေ့မှာ တွေ့ဆုံပြီး၊ အာရှဒေသတွင်း အမေရိကန်ရဲ့ သက်တမ်းရင့်မဟာမိတ်ကြီး ဖိလစ်ပိုင်နိုင်ငံနဲ့ ဆက်ဆံရေး ခိုင်မာအောင်လုပ်သွားမယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ သမ္မတ Duterte လက်ထက်တုန်းကတော့ အမေရိကန်နဲ့ ဖိလစ်ပိုင်ဆက်ဆံရေးမှာ တင်းမာမှုတချို့ရှိခဲ့တာပါ။

အမေရိကန်အနေနဲ့ ဖိလစ်ပိုင်နဲ့ ဆက်ဆံရေးဟာ အတော့်ကိုထူးကဲသာလွန်ပြီး၊ ကာကွယ်ရေး ဥတုရာသီဖောက်ပြန်မှု ထိမ်းသိမ်းရေးနဲ့ ကိုဗစ်19 ကူးစက်ရောဂါထိန်းချုပ်ရေးတွေမှာ ဖိလစ်ပိုင်နဲ့ လက်တွဲလုပ်ဆောင်သွားဖို့အသင့်ရှိတယ်ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့မေလ သမတ Marcos က ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရပြီးကတည်းဆိုရင်၊ ဒါဟာ အမေရိကန်ဘက်က အဆင့်အမြင့်ဆုံးတာဝန်ရှိသူတဦးရဲ့ ခရီးစဉ် ဖြစ်ပါတယ်။ ဖီလစ်ပိုင်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ ၁၉၅၁ ခုနှစ် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်အတိုင်း အမေရိကန်ဖက်က ဆက်ရပ်တည်သွားမယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကတိကဝတ်ပေးပါတယ်။ ဖိလစ်ပိုင်သမ္မတ Marcos ဖက်ကလည်း အခုလို ကန်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာတာဟာ အချိန်ကိုက်ပါပဲလို့ ပြောဆိုပြီး၊ ထိုင်ဝမ်ကျွန်းကိစ္စ တရုတ်နဲ့ တင်းမာမှုကို စိုးရိမ်ကြောင်းလည်း ဖော်ပြပါတယ်။

တဘက်မှာလည်း ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်နဲ့ ရေပိုင်နက်ဆိုင်ရာအငြင်းပွားမှု ရှိနေတာပါ။ ဖိလစ်ပိုင်နိုင်ငံဟာ အရှေ့တောင်အာရှဒေသတွင်းမှာဆိုရင် အမေရိကန်ရဲ့ အရေးကြီးတဲ့ မဟာဗျူမြောက် မဟာမိတ်နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမဲ့လဲ ပြီးခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ Duterte လက်ထက်မှာတော့ နှစ်ဘက်ဆက်ဆံရေးမှာ အဖုအထစ်တချို့ ဖြစ်ခဲ့ပါတယ်။ အမေရိကန်စစ်သည်တွေ ဖိလစ်ပိုင်မြေပေါ်ကို ပုံမှန်လာရောက်ခွင့်ပေးတဲ့ အမေရိကန်-ဖိလစ်ပိုင် စစ်သည်များလာရောက်ခွင့်ဆိုင်ရာ သဘောတူညီချက်ကို ၂၀၂၀ ခုနှစ်မှာ သမတ Duterte က ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမဲ့လဲ နောက်ထပ်တနှစ်အကြာမှာတော့ ဒီသဘောတူညီချက်ကို သမတ Duterte က ပြန်လက်ခံခဲ့ပါတယ်။

အခု ထိုင်ဝမ်ကျွမ်းအရေးကိစ္စမှာတော့ ဒေသတွင်းတင်းမာမှုတွေကို လျှော့ချနိုင်ဖို့ဆိုပြီး တရုတ်ရော အမေရိကန်ကိုပါ ဖိလစ်ပိုင်က တိုက်တွန်းတယ်လို့ လက်ရှိ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးစဉ် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG