သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒလိုင်းလားမား ဝါရှင်တန် ဆိုက်ရောက်


ဒလိုင်းလားမား ဝါရှင်တန် ဆိုက်ရောက်
ဒလိုင်းလားမား ဝါရှင်တန် ဆိုက်ရောက်

ပြည်ပမှာ တိမ်းရှောင်နေတဲ့ တိဘက် ဘာသာရေး ခေါင်းဆောင်ဟာ မွေးနေ့ပွဲနဲ့ ၁၀ ရက်တာ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ဖို့ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။ ဒလိုင်း လားမား (Dalai Lama) ဟာ မြို့တော် ဝါရှင်တန်ကို အင်္ဂါနေ့ နေ့လယ်ပိုင်းမှာ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဒလိုင်း လားမားဟာ အခုနှစ် စောစောပိုင်း နိုင်ငံရေးက အနားယူလိုက်ပြီ ဆိုပေမဲ့ သူ့ရဲ့ခရီးစဉ်အတွင်း အမေရိကန် အဆင့်မြင့် နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။ သမ္မတ အိုဘားမား (Barack Obama) နဲ့ တွေ့ဆုံဖို့ အစီအစဉ်ထဲမှာတော့ မပါသေးပါဘူး။

မနှစ်တုန်းက သူတို့ ၂ ဦး အိမ်ဖြူတော်မှာ အကျဉ်းရုံး တွေ့ဆုံခဲ့တဲ့အပေါ် တရုတ်က စိတ်ဆိုး ဒေါသအမျက် ထွက်ခဲ့ပါတယ်။ အိုဘားမား အနေနဲ့ အနည်းဆုံးတော့ ဘာသာရေး ခေါင်းဆောင်ကို သာမန် တွေ့ဆုံမှုမျိုးနဲ့ တွေ့နိုင်တယ်လို့ သုံးသပ်သူတွေက ပြောဆိုပါတယ်။ အရင်သမ္မတတွေတုန်းကလည်း ဒလိုင်း လားမား ဝါရှင်တန်ကို ရောက်လာတိုင်း တွေ့လေ့ ရှိတာပါ။

တိဘက် ခွဲထွက်ဖို့ လှုံ့ဆော်နေတဲ့ ဘာသာရေး ခေါင်းဆောင်ရဲ့ အခုခရီးစဉ်ကြောင့် တရုတ်ဘက်ကတော့ စိတ်ဆိုး ဒေါသအမျက်ထွက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG