သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသ နယ်မြေရှင်းလင်းရေးကြောင့် အစွန်းရောက်တွေ ပေါ်ထွက်နိုင်ဟု "ကန်"ပြော


ရခိုင်ပြည်နယ်သို့ သံတမန်အဖွဲ့ရောက်ရှိ
ရခိုင်ပြည်နယ်သို့ သံတမန်အဖွဲ့ရောက်ရှိ

ရခိုင်ပြည်နယ်ထဲမှာ မြန်မာလုံခြုံရေးတပ်တွေ ဝင်ရောက်စီးနင်းမှုကြာင့် လူနည်းစု မူဆလင် ထောင်နဲ့ချီ အိုးအိမ်စွန့်ခွါ ထွက်ပြေးရတယ်လို့ မြန်မာ့ဒီမိုကရေးစီရေး လမ်းကြောင်းမှာ အဓိက ထောက်ခံအားပေတဲ့ အမေရိကန်ပြည်ထောင်စုက ပြော ပါတယ်။ ဒါ့အပြင် အရေအတွက် အတိအကျမသိရတဲ့ လူတွေလည်း သေဆုံးရသလို ဒီလုပ်ရပ်ကြောင့် ဖိနှိပ်ခံလူတွေကို သဘောထား တင်းမာသူတွေဖြစ် လာစေတယ် လို့ ပြောပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှဒေသမှာ ဘာသာရေးအရ တင်းမာမှုေ တွလည်း တိုးလာစေတယ်လို့ ပြောပါတယ်။

အောက်တိုဘာလ အစောပိုင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မြန်မာ ရဲစခန်းေ တွကို အမည်မသိ လက်နက်ကိုင် သောင်းကျန်းသူတွေ ဝင်ရောက်တိုက်ခိုက် ခဲ့တာကြောင့် ရဲတပ်သားအချို့ သေဆုံး ခဲ့ရတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်ထဲကို စစ်တပ်က ဝင်ရောက်လာတာပါ။ ဗုဒ္ဓဘာသာ အများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ မူဆလင်တွေပေါ် ဖိနှိပ်မှုတွေ ရှိတာကြောင့် ရိုဟင်ဂျာ အနည်းငယ်က တန်ပြန် တိုက်ခိုက်မှုအဖြစ် ရှုမြင်ကြပါတယ်။

ခုလို စစ်တပ်က အင်အားနဲ့ ကိုင်တွယ်တာဟာ မြန်မာနိုင်ငံတွင်း ဂျီဟတ် အစွန်းေ ရာက်တွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနိုင်တဲ့ အန္တရယ်ရှိတယ်လို့လည်း အရှေ့ အာရှဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန် Daniel Russel ကဝေဖန်ထောက်ပြ ပါတယ်။ ဒါ့အပြင် ဘာသာရေး အရှုပ်အထွေးတွေ ဖြစ်ပေါ်လာစေနိုင်တဲ့ ဆန္ဒပြ မှုတွေ မလုပ်ဖို့ကိုလည်း မူဆလင် အများစုရှိရာ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကိုလည်း သူက တောင်းဆိုထားတယ်လို့ AP သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG