သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သတင်းသမား Danny Fenster အမေရိကန် ပြန်ရောက်


အမေရိကန် သတင်းသမား Danny Fenster အမေရိကန် ပြန်ရောက်
please wait

No media source currently available

0:00 0:05:02 0:00

စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ပြီး ၃ရက်အကြာမှာ ပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက် အမေရိကန် စာနယ်ဇင်းသမား Danny Fenster ဟာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ JFK အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နိုဝင်ဘာလ ၁၆ရက်နေ့မနက်ပိုင်း ရောက်လာပါတယ်။

(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအယ်ဒီတာ အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာ (Danny Fenster) ဟာ မကြာသေးခင် အချိန်ပိုင်းကပဲ အမေရိကန်ပြည်ထောင်စုကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ သူ ဆိုက်ရောက်တဲ့ နယူးယောက်မြို့က လေဆိပ်မှာ မိသားစုဝင်တွေက သွားရောက်ကြိုဆိုခဲ့ကြပါတယ်။
ခုပဲ ပြန်ရောက်တာဖြစ်လို့ မြန်မာနိုင်ငံတွင်းနဲ့ ပြင်ပမှာရှိနေကြတဲ့ မိတ်ဆွေ တွေနဲ့ ဆက်သွယ် စကားပြောဆိုတာ မလုပ်ရသေးတဲ့အကြောင်းနဲ့ သူ့အတွက် လုပ်စရာတွေ အများကြီးရှိပါသေးတဲ့ကြောင်း၊ ဒါပေမဲ့ ဒီသီတင်းပတ် ၂ ပတ်လောက်မှာတော့ မိသားစုတွေနဲ့ တတ်နိုင်သလောက် အချိန်ပေး နေထိုင်သွားမယ့်အကြောင်း လေဆိပ်ကို ဆိုက်ရောက်ရောက်ချင်းမှာပဲ Danny Fenster က ပြောသွားပါတယ်။
သတင်းထောက် ဖန်စတာ ပြန်လည် လွတ်မြောက်ရေး ကြိုးပမ်းခဲ့သူ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း ဘေလ် ရစ်ချာဆန် ကတော့ - ဒန်နီဖန်စတာ ပြန်လွတ်မြောက်လာအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကျေနပ်မိသလို၊ အရာရာ ကြိုးပမ်းခဲ့ရကျိုး နပ်တယ်ဆိုပြီး ပြောသွားပါတယ်။ ခုလို ဖြစ်လာဖို့အတွက်ကိုတော့ မြန်မာနိုင်ငံက ခေါင်းဆောင် တယောက်ချင်းစီနဲ့ အလွတ်သဘောရော တရားဝင် တွေ့ဆုံမှုတွေနဲ့ပါ အချိန်ပေး စကားပြောခဲ့ရတဲ့အကြောင်း ပြောပါတယ်။ သူ့ရဲ့ခရီးစဉ်ဟာ ကိုဗစ်ကာကွယ်ဆေး အပါအဝင် မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ဖို့သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပေမဲ့၊ Danny Fenster နဲ့ Richardson Center မှာ အလုပ်လုပ်ခဲ့တဲ့ မြန်မာဝန်ထမ်းတဦး လွတ်မြောက်ရေး အတွက်ပါ ဆောင်ရွက်နိုင်ခဲ့လို့ တန်ဖိုးရှိတဲ့ ခရီးစဉ် ဖြစ်ပါတယ်ဆိုပြီး မစ္စတာ ရစ်ချာဆန်က ပြောဆိုသွားပါတယ်။
====================
[Unicode]
XS
SM
MD
LG