သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Danny Fenster နဲ႔ Bill Richarson သတင္းစာရွင္းလင္းပြဲ


Danny Fenster နဲ႔ Bill Richarson သတင္းစာရွင္းလင္းပြဲ
please wait

No media source currently available

0:00 0:02:15 0:00

ျမန္မာႏိုင္ငံမွာ အက်ဥ္းက်ေနဆဲျဖစ္တဲ့ သတင္းသမားေတြအတြက္သာမက အက်ဥ္းက်ေနသူအားလုံး အတြက္ သူလုပ္ႏိုင္သေလာက္ လုပ္ေဆာင္သြားမယ္လို႔ ျမန္မာႏုိင္ငံမွာ စစ္တပ္အာဏာသိမ္းမႈေနာက္ပိုင္း ဖမ္းဆီး ေထာင္ခ်ခံခဲ့ရျပီး ေလာေလာလတ္လတ္ ျပန္လည္ လြတ္ေျမာက္လာတဲ့ အေမရိကန္သတင္းသမား Danny Fenster က ေျပာပါတယ္။

(Zawgyi/Unicode)
အေမရိကန္ စာနယ္ဇင္းသမား Danny Fenster က မိသားစုနဲ႔အတူ အခ်ိန္ေပး ေနထိုင္ၿပီးတဲ့ေနာက္ ျမန္မာႏုိင္ငံမွာ အက်ဥ္းက်ေနဆဲျဖစ္တဲ့ သတင္းသမားမ်ားအတြက္သာမက အက်ဥ္းက်ေနသူအားလံုး အတြက္ သူလုပ္ႏုိင္သေလာက္ လုပ္ေဆာင္သြားမယ္လုိ႔ ေျပာပါတယ္။

စစ္ေကာင္စီက ျပန္လႊတ္ေပးလိုက္ၿပီးတဲ့ေနာက္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕၊ JFK အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ဒီကေန႔မနက္ပိုင္း ေရာက္လာအၿပီးလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း Danny Fenster က အဲဒီလိုေျပာသြားတာပါ။

သူျပန္လြတ္မယ္ဆိုတာကို ႀကိဳမသိခဲ့ဘဲ အဲဒီေန႔က သူ႔ကို ေျခက်င္းခတ္၊ ဘာမွမေမးဖို႔ မေျပာဖို႔မွာၿပီး ကားတစီးေပၚ တင္လိုက္ၿပီးေတာ့ အင္းစိန္ေထာင္ကေန ေနျပည္ေတာ္ေလဆိပ္ကို ေခၚသြားခဲ့တယ္လို႔ ေျပာပါတယ္။ ေလဆိပ္ကို ေရာက္အၿပီး နာရီအေတာ္ၾကာၿပီးတဲ့ေနာက္ ရဲအရာရွိတဦး ေရာက္လာၿပီး သူ႔အေပၚ စြဲဆိုထားတဲ့ ျပစ္မႈေတြကိုေျပာခဲ့သလို အဲဒါေတြအားလံုးကေန ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ ေပးတယ္လုိ႔ ေျပာခဲ့တဲ့အေၾကာင္း Danny Fenster ကေျပာပါတယ္။

သူျပန္လြတ္လာတာမွာ အဓိကအခန္းက႑ကပါဝင္ခဲ့တဲ့ ကုလသမဂၢဆိုင္ရာ အေမရိကန္္ သံအမတ္ႀကီးေဟာင္း Bill Richardson က သူဟာ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ ၄ ႀကိမ္ ေတြ႔ဆံုၿပီး ေျပာဆိုခဲ့တာေတြထဲမွာ Danny Fenster ကို ျပန္လႊတ္ေပးျခင္းအားျဖင့္ လူသားစာနမႈဆိုင္ရာ သေဘာထားကိုျပသတဲ့ လက္ေဆာင္တခုျဖစ္လိမ့္မယ္လို႔ တုိက္တြန္းေျပာဆိုခဲ့တယ္ဆိုၿပီး သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။

သူ႔ရဲ႕ ျမန္မာႏုိင္ငံခရီးစဥ္အတြင္း Dann Fenster နဲ႔ သူ႔အဖြဲ႔အစည္းျဖစ္တဲ့ Richardson Center က ျမန္မာႏုိင္ငံေျခစိုက္ ဝန္ထမ္းတဦးျဖစ္သူ မေအးမိုးတို႔ ျပန္လြတ္လာေအာင္ လုပ္ႏုိင္ခဲ့တာ၊ ျမန္မာႏိုင္ငံအတြက္ COVID-19 နဲ႔ လူသားစာနာမႈဆိုင္ရာ တျခားအကူအညီေတြကိစၥ တိုးတက္မႈ ခပ္ေပ်ာ့ေပ်ာ့ရခဲ့တာေတြကို မစၥတာ Richardson က ထည့္သြင္း ေျပာဆိုသြားပါတယ္။

စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႔ သူနဲ႔ၾကားမွာ နားလည္မႈ၊ ယံုၾကည္မႈ တည္ေဆာက္ႏုိင္ခဲ့တာေၾကာင့္ Danny Fenster ကို ျပန္လႊတ္ေပးခဲ့တယ္လို႔ ယူဆေၾကာင္း မစၥတာ Richardson ကေျပာၿပီး အဲဒီအတြက္ သူ႔ဘက္္က အေပးအယူတခုခုမလုပ္ခဲ့သလို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ကလည္း ဘာမွေတာင္းဆိုခဲ့တာ မရွိဘူးလို႔ နယူးမကၠဆီကိုျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးေဟာင္းလည္းျဖစ္သူ Bill Richardson ကေျပာသြားပါတယ္။
==========================
[Unicode]
အမေရိကန် စာနယ်ဇင်းသမား Danny Fenster က မိသားစုနဲ့အတူ အချိန်ပေး နေထိုင်ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အကျဉ်းကျနေဆဲဖြစ်တဲ့ သတင်းသမားများအတွက်သာမက အကျဉ်းကျနေသူအားလုံး အတွက် သူလုပ်နိုင်သလောက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ JFK အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီကနေ့မနက်ပိုင်း ရောက်လာအပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Danny Fenster က အဲဒီလိုပြောသွားတာပါ။

သူပြန်လွတ်မယ်ဆိုတာကို ကြိုမသိခဲ့ဘဲ အဲဒီနေ့က သူ့ကို ခြေကျင်းခတ်၊ ဘာမှမမေးဖို့ မပြောဖို့မှာပြီး ကားတစီးပေါ် တင်လိုက်ပြီးတော့ အင်းစိန်ထောင်ကနေ နေပြည်တော်လေဆိပ်ကို ခေါ်သွားခဲ့တယ်လို့ ပြောပါတယ်။ လေဆိပ်ကို ရောက်အပြီး နာရီအတော်ကြာပြီးတဲ့နောက် ရဲအရာရှိတဦး ရောက်လာပြီး သူ့အပေါ် စွဲဆိုထားတဲ့ ပြစ်မှုတွေကိုပြောခဲ့သလို အဲဒါတွေအားလုံးကနေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးတယ်လို့ ပြောခဲ့တဲ့အကြောင်း Danny Fenster ကပြောပါတယ်။

သူပြန်လွတ်လာတာမှာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Bill Richardson က သူဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၄ ကြိမ် တွေ့ဆုံပြီး ပြောဆိုခဲ့တာတွေထဲမှာ Danny Fenster ကို ပြန်လွှတ်ပေးခြင်းအားဖြင့် လူသားစာနမှုဆိုင်ရာ သဘောထားကိုပြသတဲ့ လက်ဆောင်တခုဖြစ်လိမ့်မယ်လို့ တိုက်တွန်းပြောဆိုခဲ့တယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း Dann Fenster နဲ့ သူ့အဖွဲ့အစည်းဖြစ်တဲ့ Richardson Center က မြန်မာနိုင်ငံခြေစိုက် ဝန်ထမ်းတဦးဖြစ်သူ မအေးမိုးတို့ ပြန်လွတ်လာအောင် လုပ်နိုင်ခဲ့တာ၊ မြန်မာနိုင်ငံအတွက် COVID-19 နဲ့ လူသားစာနာမှုဆိုင်ရာ တခြားအကူအညီတွေကိစ္စ တိုးတက်မှု ခပ်ပျော့ပျော့ရခဲ့တာတွေကို မစ္စတာ Richardson က ထည့်သွင်း ပြောဆိုသွားပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သူနဲ့ကြားမှာ နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တာကြောင့် Danny Fenster ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ယူဆကြောင်း မစ္စတာ Richardson ကပြောပြီး အဲဒီအတွက် သူ့ဘက်က အပေးအယူတခုခုမလုပ်ခဲ့သလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဘာမှတောင်းဆိုခဲ့တာ မရှိဘူးလို့ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်သူ Bill Richardson ကပြောသွားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG