သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ ဥပေဒအက်ိဳးေဆာင္နဲ႔ VOA ေမးျမန္းခ်က္


၂၀၀၈ ဖဲြ႔စည္းပံုအရ ႏိုင္ငံေတာ္သမၼတကို ရာဇ၀တ္ေၾကာင္းနဲ႔ တရားစဲြဆိုလို႔ မရဘူးလို႔ ျပဌာန္းထားတဲ့အတြက္ သမၼတဦး၀င္းျမင့္ကို တရားစဲြဆိုမႈဟာ ဥပေဒေၾကာင္းအရ ပ်က္ျပယ္ေနတယ္လို႔ အက်ဳိးေဆာင္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဗီြအိုေအကိုေျပာပါတယ္။

၂၀၀၈ ဖဲြ႔စည္းပံုအရ ႏိုင္ငံေတာ္သမၼတကို ရာဇ၀တ္ေၾကာင္းနဲ႔ တရားစဲြဆိုလို႔ မရဘူးလို႔ ျပဌာန္းထားတဲ့အတြက္ သမၼတဦး၀င္းျမင့္ကို တရားစဲြဆိုမႈဟာ ဥပေဒေၾကာင္းအရ ပ်က္ျပယ္ေနတယ္လို႔ အက်ဳိးေဆာင္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဗီြအိုေအကိုေျပာပါတယ္။ အလားတူ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြပ္စဲြခ်က္ကိုၾကည့္ရင္လည္း လက္တေလာ ဘာမွမလုပ္ႏိုင္ေအာင္ ထိန္းသိမ္းထားလိုတဲ့ ရည္ရြယ္ခ်က္မ်ဳိးနဲ႔ လုပ္ေဆာင္တယ္လို႔ ျမင္ေၾကာင္း ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။အဂၤါေန႔က စစ္ေကာင္စီကေန ေဒၚေအာင္ဆန္းစုၾကည္အေပၚ အရင္ စဲြခ်က္တခုအျပင္ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခြဲမႈဥပေဒ ပုဒ္မ နဲ႔ ေနာက္ထပ္စဲြခ်က္တင္လိုက္ပါတယ္။ အဲဒီလို စဲြခ်က္အသစ္ မတိုင္ခင္ နာရီပိုင္းအတြင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ဳိးေဆာင္ေရွ႕ေနအျဖစ္ လိုက္ပါေဆာင္ရြက္ခြင့္ရဖို႔ ႀကိဳးပမ္းေနတဲ့ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

[Unicode Version]

ဒေါ်အောင်ဆန်းစုကြည် ဥပဒေအကျိုးဆောင်နဲ့ VOA မေးမြန်းချက်

၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတကို ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုလို့ မရဘူးလို့ ပြဌာန်းထားတဲ့အတွက် သမ္မတဦးဝင်းမြင့်ကို တရားစွဲဆိုမှုဟာ ဥပဒေကြောင်းအရ ပျက်ပြယ်နေတယ်လို့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကိုပြောပါတယ်။ အလားတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်ကိုကြည့်ရင်လည်း လက်တလော ဘာမှမလုပ်နိုင်အောင် ထိန်းသိမ်းထားလိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်ဆောင်တယ်လို့ မြင်ကြောင်း ဦးခင်မောင်ဇော်က ပြောပါတယ်။အင်္ဂါနေ့က စစ်ကောင်စီကနေ ဒေါ်အောင်ဆန်းစုကြည်အပေါ် အရင် စွဲချက်တခုအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ နဲ့ နောက်ထပ်စွဲချက်တင်လိုက်ပါတယ်။ အဲဒီလို စွဲချက်အသစ် မတိုင်ခင် နာရီပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG