သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ ဒေါ်စု ဗွီဒီယိုကနေ မိန့်ခွန်းပြောမည်


အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ ဒေါ်စု ဗွီဒီယိုကနေ မိန့်ခွန်းပြောမည်
အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ ဒေါ်စု ဗွီဒီယိုကနေ မိန့်ခွန်းပြောမည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် အောက်လွှတ်တော် အာရှနဲ့ ပစိဖိတ်ရေးရာ ကော်မတီရဲ့ ကြားနာပွဲ တရပ်မှာ ဗွီဒီယိုကတဆင့် မိန့်ခွန်းပြောဆိုဖို့ ရှိပါတယ်။

သန်ဘက်ခါ ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၂ ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲမှာ အောက်လွှတ်တော်မှာ ကျင်းပမယ့် မြန်မာပြည်ရဲ့ လျှို့ဝှက် ကန့်လန့်ကာ နောက်ကွယ်ကို ထိုးဖောက် ကြည့်ရှုခြင်း၊ ရွေးကောက်ပွဲ အတုအယောင်နဲ့ ခက်ခဲတဲ့လမ်းကြောင်း ဆိုတဲ့ ခေါင်းစဉ်ပါ ကြားနာပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုကနေ မိန့်ခွန်းပြောဆိုမှာ ဖြစ်ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အမေရိကန် ကွန်ဂရက်စ် လွှတ်တော်မှာ ပထမဆုံးအကြိမ် မိန့်ခွန်းပြောဆိုမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ်က အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကနေ ချီးမြှင့်တဲ့ ကွန်ဂရက်စ်ရှင်နယ် ရွှေတံဆိပ်ဆုကို ချီးမြှင့်ခြင်း ခံထားရပါတယ်။

မြန်မာပြည်မှာ တိုင်းရင်း လူနည်းစုတွေဖြစ်တဲ့ ကရင်၊ ကချင်နဲ့ ရှမ်းတိုင်းရင်းသားတွေအပေါ် မြန်မာအစိုးရရဲ့ စစ်တပ်ကနေ တိုက်ခိုက်နေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ကြားနာပွဲမှာ ပြောဆိုတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG