သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအထက်မှာ ရှိမယ်ဆိုတဲ့ ဒေါ်စု ကန် ပညာရှင် ဝေဖန်

Myanmar Elections
1/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
2/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Aung San Suu Kyi
3/13 Aung San Suu Kyi
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
4/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
5/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
6/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
7/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
8/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar Elections
9/13 Myanmar Elections
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Un puissant tremblement de terre a secoué la frontière Iran-Irak dimanche dernier, tuant plus d'une centaine de personnes et en blessant 800 dans la seule région montagneuse de l'Iran, ont déclaré les médias d'Etat, le 13 novembre 2017.
10/13 Un puissant tremblement de terre a secoué la frontière Iran-Irak dimanche dernier, tuant plus d'une centaine de personnes et en blessant 800 dans la seule région montagneuse de l'Iran, ont déclaré les médias d'Etat, le 13 novembre 2017.
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar's opposition leader Aung San Suu Kyi addresses the media at a press conference at her home in Yangon, Myanmar, Thursday, Nov. 5, 2015. Photo by Sithu
11/13 Myanmar's opposition leader Aung San Suu Kyi addresses the media at a press conference at her home in Yangon, Myanmar, Thursday, Nov. 5, 2015. Photo by Sithu
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar's opposition leader Aung San Suu Kyi addresses the media at a press conference at her home in Yangon, Myanmar, Thursday, Nov. 5, 2015. Photo by Sithu
12/13 Myanmar's opposition leader Aung San Suu Kyi addresses the media at a press conference at her home in Yangon, Myanmar, Thursday, Nov. 5, 2015. Photo by Sithu
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Myanmar's opposition leader Aung San Suu Kyi addresses the media at a press conference at her home in Yangon, Myanmar, Thursday, Nov. 5, 2015. Photo by Thar Nyunt Oo.
13/13 Myanmar's opposition leader Aung San Suu Kyi addresses the media at a press conference at her home in Yangon, Myanmar, Thursday, Nov. 5, 2015. Photo by Thar Nyunt Oo.
နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင် ရန်ကုန် နေအိမ်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာ ရှင်းလင်းပွဲ။
Previous slide
Next slide

လာမယ့်ရွေးကောက်ပွဲမှာ NLD နိုင်လို့ အစိုးရဖွဲ့ရင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို သူက လုပ်ဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်တာဟာ တရားဥပဒေစိုးမိုးရေး အယူအဆက သွေဖီ သွားတာဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ အမေရိကန် ပါမောက္ခ David Steinberg က သုံးသပ်ပြောကြားလိုက်ပါတယ်။ မီဒီယာတွေမှာ ဦးစားပေး တင်ပြနေကြတဲ့ ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အချက်ကို တုန့်ပြန် ပြီး ပါမောက္ခ Steinberg က အခုလိုသုံးသပ်လိုက်တာပါ။ ဦးကျော်ဇံသာက အပြည့်အစုံ တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့ပါတီက အနိုင်ရခဲ့ရင် အစိုးရအဖွဲ့ရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ အားလုံးကို သူကိုယ်တိုင် ဦးဆောင်ပြီး ပြုလုပ်သွားမှာဖြစ်တယ် ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ချိုးဖောက်ရာ မကျဘူးလားလို့ သတင်းထောက်တွေက မေးတဲ့ အခါကျတော့ သမ္မတအထက်က တစုံတယောက်ရှိ နေတာနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံထဲမှာ ဘာမှ မဖော်ပြထားဘူးလို့ သူက ပြောသွားခဲ့ပါတယ်။

ဒီကိစ္စကို သတင်းထောက်တွေကတော့ သမ္မတအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အရေးကြီးတဲ့ အချက်တခုအနေနဲ့ ထိပ်တန်းသတင်း အဖြစ် ဖော်ပြနေကြတာ တွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပါမောက္ခ David Steinbergက ဒါဟာ တချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တစိုက်မတ်မတ် ပြောလာခဲ့တဲ့ တရားဥပဒေ စိုးမိုးရေး ဆိုတဲ့ အယူအဆကို ပြန်လည် ဆန့်ကျင်ရာ သွေဖည်သွားရာရောက်တယ်လို့ အခုလိုပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေးကို ပြောပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် စည်းရုံးပါတယ်။ လူတိုင်းဟာ ဥပဒေအောက်မှာ ရှိရမယ်။ သမ္မတလည်း ဥပဒေအောက်မှာပဲ ရှိရမှာဖြစ်ပါတယ်။ အခု ရုတ်တရက်ပဲ အဲ့ဒီ့ဥပဒေအောက်ကနေ နေလိမ့်မယ် မဟုတ်ဘူး ဆိုတဲ့ သဘောမျိုး ပြောဆို လိုက်ပါတယ်။ ဒါဟာ သူအရင်က ပြောခဲ့တာတွေ သူယုံကြည်ပါတယ်လို့ ဆိုတာတွေနဲ့သွေဖည်နေပါတယ်။ ဘယ်သူမှ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အထက်မှာ မရှိရပါဘူး။ သမ္မတအထက် တစုံတယောက်ရှိနေတယ်ဆိုတဲ့ ကိစ္စကို ဖွဲ့စည်းပုံမှာ ဖော်ပြထားတာမျိုး မရှိဘူးဆိုတာ မှန်ပါတယ်။

ဒါပေမဲ့ဒီလို ပြဋ္ဌာန်းမထားဘူး ဆိုပေမဲ့ သူဟာ ဥပဒေအပေါ်မှာ ရှိနိုင်တယ် ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ ဖွဲ့စည်းပုံ ဥပဒေဟာ တိုင်းပြည်ရဲ့ အရေးပါဆုံး ဥပဒေပါ။ သူက ဖွဲ့စည်းပုံ ပြင်ပကနေ ဆောင်ရွက်နိုင်တယ်ဆိုတာကတော့ သူကိုယ်တိုင် ဦးစားပေးလာခဲ့တဲ့ အဆိုကို ဆန့်ကျင်ချိုးဖောက်လိုက်တာပဲလို့ ကျနော် ထင်ပါတယ်။”

ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့တယ်ဆိုရင် အနိုင်ရ ပါတီခေါင်းဆောင် အမတ်အများစုရဲ့ခေါင်းဆောင်အနေနဲ့ သူတို့အစိုးရအပေါ်မှာ လွှမ်းမိုးမှုရော မရှိနိုင်ဘူးလားခင်ဗျ။ အဲ့ဒီ့လိုလွှမ်းမိုးရင်ရော ဒါ ဥပဒေနဲ့ မညီဘူး။ ဥပဒေကို ချိုးဖောက်တယ်လို့ ဆိုရမလားခင်ဗျ။

“ရှိနိုင်ပါတယ်။ သူ့အနေနဲ့ လွှမ်းမိုးနိုင်ပါတယ်။ လွှမ်းမိုးတယ်ဆိုတာ အပေါ်က နေတာ မဟုတ်ပါဘူး။ လွှမ်းမိုးတယ်ဆိုတာ ဘယ်လိုဥပဒေပြဌာန်းချက်မျိုး အဆို ပြုရမယ်ဆိုတာ ဒါမျိုး လုပ်ရပါတယ်။ ဒါပေမဲ့ အပေါ်ကနေ နေလို့မရပါဘူး။”

ယမန်နေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောသွားခဲ့တာဖြစ်ပါတယ်။

“ကျမတို့ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြီးပါပြီ။ NLD ကို ကိုယ်စားပြုသူတယောက် သမ္မတ တာဝန်ယူဖို့အတွက် အသင့်ပြင်ထားပြီး ရှိပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေ ဆုံးဖြတ်ချက်တွေ အားလုံးအတွက် ကျမကပဲ လုပ်သွားမှာပါ။ အစိုးရအဖွဲ့ကို ကျမက ကြီးကြပ်မှာ ဖြစ်သလို ကျမတို့ NLD ရဲ့ မူဝါဒတွေနဲ့ အညီ တာဝန်ယူလုပ်ဆောင်ဖို့ သမ္မတ တယောက် ရှိပါတယ်။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ရာ မကျပါဘူး။ သမ္မတ အထက်မှာ တစုံတယောက်ရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲမှာ ပြောမထားပါဘူး။ ”

ဒီပြောဆိုချက်ကြောင့် ရွေးကောက်ပွဲအပြီးကာလမှာ တစုံတရာ ရိုက်ခတ်မှု ရှိလာလေမလားလို့ ဆိုတာကိုလည်း သုံးသပ်သူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

This item is part of
XS
SM
MD
LG