သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်ရောက်ရှိ


အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး David Stilwell (ဇူလိုင်၊ ၁၁၊ ၂၀၁၉)
အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး David Stilwell (ဇူလိုင်၊ ၁၁၊ ၂၀၁၉)

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး David Stilwell ဟာ ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိပြီးတော့ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ သက်ကယ်ပြင်ဒုက္ခသည်စခန်းအကြီးအကဲတွေတွေ အရပ်ဘက် လူ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ သီခြားစီတွေ့ဆုံစကားပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး အမေရိကန်ဘက်က တတ်နိုင်သလောက် အကူအညီပေးဖို့ မေတ္တာရပ်ခံခဲ့ကြတယ်လို့ ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရသူ Aryani က ဗွီအိုအေကို ပြောပါတယ်။ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel လည်း အခု စစ်တွေခရီးစဉ်မှာ ပါသွားပါတယ်။

ရခိုင်မြောက်ပိုင်းဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ခံစားနေရတဲ့ ကြေကွဲစရာ အဖြစ်အပျက်တွေနဲ့ အဲဒီက လူမှုအဖွဲအစည်းတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေအကြောင်း ပြောဆိုကြပြီးတော့ ပဋိပက္ခဖြစ်တဲ့ အရင်းခံ အကြောင်းရင်းတွေ ခွဲခြားဆက်ဆံမှုတွေ မလုံခြံမှုတွေကို ဖြေရှင်းရာမှာ အမေရိကန် အကူအညီပေးဖို့ သူတို့က ကမ်းလှမ်းခဲ့ပါတယ်လို့ သံရုံးပြောခွင့်ရသူ ပြောသွားတာပါ။

လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးရဲ့ အခု ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အကူအညီပေးဖို့ အမေရိကန်ရဲ့ ရေရှည်ပိုငးဖြတ်ထားချက် အလေးပေး လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန် မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဟာ အရေးပါတာကြောင့်ရော မြန်မာနိုင်ငံဟာ အင်ဒိုပစိဖိတ်ဒေသမှာ အရေးပါတဲ့ တိုင်းပြည်ဖြစ်နေတာကြောင့်ပါ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ဟာ မြန်မာခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ အစိုးရတာဝန်ရှိသူတွေ အရပ်ဘက်အဖွဲ့အစည်းနဲ့ လူမှုအဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ ရှိနေပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ဟာ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံမှာရှိမှာဖြစ်ပြီး အဲဒီနောက် အခြားဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား ထိုင်း တရုတ် တောင်ကိုရီယားတို့ကိုလည်း သွားရောက်ဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG