သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံ သင်္ကြန်တွင်း အရေးကြီးအစည်းဝေး ခေါ်ယူ


နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၄ ရက် သင်္ကြန်အကြတ်နေ့ ရုံးတက်စဉ်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၄ ရက် သင်္ကြန်အကြတ်နေ့ ရုံးတက်စဉ်။

သကြန်အစိုးရ ရုံးပိတ်ရက် ကာလဖြစ်ပေမယ့်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ဒီနေ့ နေ့လည်ပိုင်က အရေးကြီး အစည်းအဝေး တရပ်ကို ခေါ်ယူကျင်းပခဲ့တယ်လို့ သိရပါတယ်။ အသေးစိတ်ကို မသိရသေးပေမဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ဒုတိယ ထုတ်ပြန်ချက်ပါ နိုင်ငံရေး အကျဉ်းသားကိစ္စဖြစ်မယ်လို့ ယူဆမှုတွေရှိနေပါတယ်။ ကိုရန်နိုင်က စုံစမ်းမေးမြန်းထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မျက်စိခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မျက်စိခွဲစိတ်ကုသမှုကြောင့် အနားယူဖို့ ရှိနေပေမယ့် လည်း ဒီကနေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကြတ်နေ့မှာ နေပြည်တော်မှာ အရေးပေါ် အစည်းအဝေး တရပ် ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရုံးတက်။
ဒေါ်အောင်ဆန်းစုကြည် ရုံးတက်။

ဒီကနေ့ ကျင်းပခဲ့တဲ့ အစည်းအဝေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ရုံးတက်တာပေါ့။ အရေးကြီးကိစ္စတွေပေါ့။ အရေးကြီး ညှိနှိုင်းဖို့ အချိန် အတိုင်းအတာ အားဖြင့် အချိန်အတိုင်းအတာအားဖြင့် လုပ်ဖို့ ဆောင်ရွက်ဖို့ ကိစ္စတွေ သက်ဆိုင်ရာတွေနဲ့ ကျျနော်တို့ ညှိနှိုင်းတဲ့ အစည်းအဝေး ထိုင်တယ်ပေါ့။ အဲ့တာပါပဲ။ ကျန်တာကတော့ သူ့ အရေးကြီး လုပ်စရာ၊ ဖြတ်စရာ ကိစ္စလေးတွေ ရှိတာလေးတွေ အဲ့တာလေး decision ပေး ဖြတ်တာမျိုး လုပ်တာရှိပါတယ်။ အစည်းအဝေး တခု လုပ်တယ်။ ဟုတ်ကဲ့။ ကျန်တာကတော့ အသေးစိတ်တော့ ထုတ်ပြန်ဖို့ မရှိပါဘူး။ အစည်းအဝေး တခု လုပ်ပါတယ်။ အရေးကြီးကိစ္စရပ်ပေါ့နော်။ အဲ့တာ လုပ်တယ်။ နောက်တခုကတော့ ကျန်တဲ့ ရုံးကိစ္စ အရေးကြီးကိစ္စတွေ လုပ်တယ်ပေါ့နော်။ ဟုတ်ကဲ့ဗျ။

အရေးကြီးကိစ္စ အဲ့လိုပဲ ပြောလို့ရမယ်ခင်ဗျ။ အဲ့တာတော့ အသေးစိတ်တော့ ကျနော်တို့ ပြောလို့မရဘူးခင်ဗျ။ ဒီနေ့ သူ ၂နာရီ ၄၅မှာ ရုံးတက်တယ်ပေါ့နော်။ ပြီးရင် ခြောက်နာရီ ဆယ်မိနစ် အခုပဲ ရုံးဆင်းတယ်။ ရုံးကနေ ဆင်းသွားတယ်။

အဓိက ကတော့ သူ့မျက်စိနဲ့ပတ်သက်လို့ ပြည်သူလူထု စိတ်ပူပင်မှုတွေ မရှိအောင် အဲ့တာရယ် နောက် ကျန်တဲ့စာတွေ တချို့ရယ် စာတွေတော့ အများကြီးတော့ မဖတ်ဘူးပေါ့နော် တချို့ ရေးပြီးသား နည်းနည်းပါးပါးတော့ ဖတ်နေတယ်။ "

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ဒုတိယမြောက် ကြေညာချက်မှာတော့ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာရေး အတွက် အမြန်ဆုံးဆောင်ရွက်တဲ့နေရာမှာ သင်္ကြန်ကာလ တိုက်နေတာမို့ သြက်န်အပြီး အချိန်မှီဆောင်ရွက်မယ်လို့ ထုတ်ပြန် ထားပါတယ်။ ဒါကြောင့်လည်း အခု အရေးကြီးတိုင်ပင်ဆွေးနွေးမှုတွေဟာ သင်္ကြန်အပြီးမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်စေဖို့ ဆောင်ရွက် ချက်ဖြစ်နိုင်တယ် လို့ ယူဆမှုတွေ ရှိပါတယ်။

XS
SM
MD
LG