သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ CNN ရုပ်သံဌာန တွေ့ဆုံ မေးမြန်းခန်း


နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် CNN မေးမြန်းခန်း (Myanmar State Counsellor Office)
နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် CNN မေးမြန်းခန်း (Myanmar State Counsellor Office)

ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ လက်ရှိ မြန်မာနိုင်ငံမှာ လုံလောက်တဲ့ တိုးတက် မှုတွေရှိနေပြီး ရှေ့လျောက် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ မလိုအပ်တော့ ဘူးလို့ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ထိပ်တန်း သတင်းမီဒီယာတခုဖြစ်တဲ့ CNN နဲ့တွေ့ဆုံမေးမြန်းခန်း မှာ ပြော ကြားလိုက် ပါတယ်။ ဒါ့အပြင် လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုလည်း ပြင်ဆင်နိုင်အောင် သူ့အနေနဲ့ ဆက်လက် ကြိုးပမ်းသွား မှာဖြစ်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

တနင်္ဂနွေနေ့က ထုတ်လွှင့်ပြသခဲ့တဲ့ အမေရိကန်အခြေစိုက် CNN ရုပ်သံဌာနက သတင်းထောက် Fareed Zakaria နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ သီးခြားတွေ့ဆုံမေးမြန်းခန်းကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂခရီးစဉ် အဆုံး မသတ်ခင် နယူးရောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲ တမ်းကိုယ်စား လှယ်ရုံးမှာ CNN သတင်းထောက် Fareed Zakaria က သီးခြားတွေ့ ဆုံမေးမြန်းခဲ့ တာပါ။

လက်ရှိမြန်မာနိုင်ငံမှာ သဘောထားတင်းမာတဲ့ စစ်အာဏာရှင်အုပ်ချုပ်တဲ့စနစ်ကနေ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေတဲ့ ကာလမှာ နိုင်ငံတကာ ဖိအားပေးမှုတွေ လိုအပ်နေသေးတယ်လို့ အများကထင်နေချိန် တဘက်မှာလည်း ပိတ်ဆို့အရေးယူမှုအားလုံးကို ရုတ်သိမ်းဖို့ အမေရိကန်ဘက်က ဒီသတင်းပတ် အတွင်းဆုံးဖြတ်ခဲ့တာဆိုတော့ တကယ်ပဲ မြန်မာနိုင်ငံအနေနဲ့ ဖိအားပေးတာမျိုး မလိုရလောက်အောင် တကယ့် တိုးတက်မှုတွေရှိနေသလားလို့ Mr. Zakaria က ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် တုန့်ပြန်တာကတော့

“ကျမတို့ လုံလောက်တဲ့ တိုးတက်မှုတွေကို လုပ်ပြီးခဲ့ပြီလို့ ထင်ပါ တယ်။ နောက်ထပ် အဆင့်တက်လှမ်းဖို့ ကျမတို့ ကြိုးစားနေတာပါ။ အားလုံးပြီး တဲ့နောက်မှာ ပိတ်ဆို့ အရေးယူမှုဆိုတာ ကျမတို့ရဲ့ လုပ်ဆောင်မှုတွေမှာ အကူအညီပေးရုံပဲ ဖြစ်ခဲ့ပါတယ်။ (အမေရိကန်) ကွန်ဂရက်က ကျမတို့မိတ်ဆွေတွေကို ကျမရှင်းပြခဲ့တာက ပိတ် ဆို့အရေးယူမှုဆိုတာ ကျမတို့ အင်အားချိနဲ့ပြီး သန်မာမှုမရှိတဲ့ အချိန်မှာ ချိုင်းထောက် လိုပဲ အထောက်အကူပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ ဒီချိုင်းထောက် ကို ဖြုတ်ြ ပီးတော့ ကိုယ်ရဲ့ကြွက်သွားတွေ သန်မာလာအောင် လုပ်ကိုလုပ်ရပါတော့ မယ်။”

ဒါပေမဲ့လည်း လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် စစ်တပ်ကို ကျော်လွန်ပြီး ဆောင်ရွက်လို့မ ရတဲ့အခြေအနေရှိနေတဲ့အချက်ကို Mr. Zakaria ကထောက်ပြီးမေးမြန်းရာ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေဆိုပါတယ်။

“ဟုတ်ပါတယ်။ စစ်တပ်ကရှိနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အနေနဲ့ တရား ဥပဒေစိုးမိုးရေးမှာ ယုံကြည်မှုအပြည့်အဝရှိနေပြီး လတ်တလော အခြေအနေ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်ဝင်နေသေးသရွေ့ ကျမတို့ ဒီဖွဲ့စည်းပုံကို လက်ခံထားပါတယ်။ ဒါပေမဲ့ လည်း ကျမတို့ ဒီဖွဲ့စည်းပုံ ကို ပြင်ဆင်ချင်ပါတယ်။ ကျမတို့ ရွေးကောက်ပွဲကာလတုန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကတိပေးခဲ့တာပါ။”

ဒါ့ပြင် ဖွဲ့စည်းပုံမှာ ဒီမိုကရေစီမရှိပဲနဲ့ ဒီမိုကရေစီ အတွက် ဆောင်ရွက်နေ ပါပြီလို့ ပြောလို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အစဉ်တစိုက်ထောက် ပြနေတဲ့ ရခိုင်ပြည်နယ်ပြဿနာကိစ္စ ကိုလည်း Mr. Zakaria ကဒေါ်အောင်ဆန်း စုကြည်ကိုမေး ခဲ့ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာ သာနိုင် ငံဖြစ်ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တဦး ဦးဆောင်နေတဲ့ နိုင်ငံမှာ မွတ်စလင်လူ နည်းစုတွေကို ညှမ်းပန်းနှိပ်စက်တာ၊ အကြမ်းဖက်တာတွေ ဘာကြောင့် ဖြစ်နေရ သလဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့

“ဒီ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကလည်း ပြီးခဲ့တဲ့ မတ်လကမှာ နိုင်ငံကို ဦးဆောင်ရ တာပါ။ ကျမဆန္ဒပြုသလို သဟဇာတဖြစ်မှု၊ နားလည်မှုနဲ့ သည်းခံခွင့် လွှတ်မှုစတဲ့ အချက်တွေဖြစ်လာဖို့ ကြိုးစားတဲ့နေရာမှာ ကျမတို့ ပြဿနာတွေ အများကြီးရှိပါတယ်။ ရခိုင်ပြည်နယ်က ပြဿနာကိုအဖြေရှာဖို့ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင် ဖွဲ့စည်းခဲ့တာကို ကြားမိမှာပါ။ အဲဒီတုန်းကလည်း ဒီလိုပဲ ပြဿနာတွေက ဘာတွေလဲ၊ ဒါတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ ရှင်မေးတဲ့မေးခွန်းတွေအတိုင်း ကျမတို့မေးခံရ ပါတယ်။ အခုလိုကြုံကြိုက်တုန်း ပြောပြရရင် ကျမတို့ရင်ဆိုင်နေရတဲ့ ဒီပြဿနာတခု တည်းမဟုတ်ပါဘူး။ ဒါပေမဲ့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီတခုတည်းကိုပဲ အာရုံစိုက်နေတာပါ။ ဒါကြောင့် ကျမတို့အနေနဲ့ ရခိုင်အကြံပေးကော်မရှင်ကို ဖွဲ့စည်း ချိန်မှာ နိုင်ငံရေးပါတီအတော်များများ ဆန့်ကျင်ခဲ့ကြပါတယ်။ အခုလဲ အကြောင်း အမျိုးမျိုးနဲ့ ဆန့်ကျင်နေတုန်းပါပဲ။ ဒါကြောင့် အခက်အခဲတွေနဲ့ ကျမတို့ရုန်းကန်နေရ ပါတယ်။”

အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ မြန်မာအပေါ်လွှမ်းမိုးမှုနဲ့ အများစိုးရိမ်နေ တဲ့ မြစ်ဆုံ ဆည်စီမံကိန်း အကြောင်းကိုလည်း Mr. Zakaria က ဒေါ်အောင်ဆန်း စုကြည်ကို မေးရာမှာတော့-

“တရုတ်ဟာ ကျမတို့ကိုလွှမ်းမိုးမှုရှိအောင် ကြိုးစားနေတယ်လို့ ကျမမထင်ပါဘူး။ ဘယ်နေရာမှာမဆို အင်အားကြီးနိုင်ငံတွေက စီးပွားရေးအရ လက်ဦးမှုရှိအောင် သူတို့စွမ်းနိုင်သလောက် ကြိုးစားကြတယ်လို့ ကျမမြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခုခေတ်ဟာ သံတမန်ရေးနည်း နဲ့ လုပ်ဆောင်တဲ့ ခေတ်ရောက်နေပါပြီ။ တရုတ်ဟာ ကျမတို့ရဲ့ အိမ်နီးချင်းနိုင်ငံပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးက တည်းက တရုတ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပြီး အဲဒီအတိုင်း ကျမတို့ ဆက်ပြီးတည်ဆောက်သွားမှာပါ။”

အမေရိကန်သမ္မတ အိုဘားမားနဲ့တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး မေးရာမှာတော့ သူ့အနေနဲ့ မစ္စတာအိုဘားမားကို လေးစားကြောင်းနဲ့ ပိတ်ဆို့အရေးယူ ထားတဲ့ ကိစ္စအပါဝင် မြန်မာနိုင်ငံဒီမိုကရေစီအ သွင်ကူးပြောင်းရေးအခြေအနေတွေ ကို ဆွေးနွေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ပြောဆိုသွားပါတယ်။

ဒါ့အပြင် အတိုက်အခံ ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာနေအိမ်အကျယ်ချုပ် ခံထားရတဲ့အခြေအနေကနေ အခု တိုင်းပြည်ရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာ ဘယ်လို ကွာခြားချက်တွေရှိခဲ့သလဲဆိုတဲ့ မေးခွန်းကိုတော့ ကွာခြားမှုသိပ် မရှိကြောင်းနဲ့ နေအိမ်အကျယ်ချုပ်ခံရထားရစဉ်မှာ ဆုံးဖြတ်ချက် အများအပြားကို ကိုယ့်ဘာသာကိုယ်ပဲ ပိုပြီးချမှတ်ခဲ့ရကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG