သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရောက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆို


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ ဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီနဲ့ တာဝန်ရှိသူတွေက တနင်္လာနေ့မှာ နိုင်ငံတော်အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“ကျမတို့နှစ်နိုင်ငံံကြား ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေးကိုတည်ဆောက်ဖို့ ကျမမျှော်လင့်ပါတယ်။ အိန္ဒိယနိုင်ငံကို ကျမ ရောက်လာတဲ့အချိန်တိုင်းမှာ ကျမတို့ နှစ်နိုင်ငံကြား ဆက်ဆံရေး ဘယ်လောက်နီးစပ်တယ်၊ ကျမတို့ရဲ့ ချစ်ကြည်ရင်းနှီးမှုဟာ အချိန်ကာလနဲ့ အခြေအနေတွေရဲ့ စမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်တည်နိုင်မယ်ဆိုတဲ့အပေါ် ဘယ်လောက်တောင် ကျမယုံကြည်တယ် ဆိုတာ ကျမ နားလည်လာလို့ပါပဲ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးဒေလီမြို့တော်မှာ အိန္ဒိယသမ္မတ Pranab Mukherjee နဲ့ တွေ့ဆုံသလို အတိုက်အခံ ကွန်ဂရက်စ်ပါတီခေါင်းဆောင် ဆိုနီယာ ဂန္ဒီနဲ့လည်း တွေ့ဆုံပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ဝန်ကြီးချုပ် မစ္စတာမိုဒီနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့ရှိပါတယ်။

မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ၊ လမ်းနဲ့တံတား ဆောက်လုပ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နေ သလို မိုင်ပေါင်း ၉၉၀ ကျော်ရှည်လျားတဲ့ နှစ်နိုင်ငံနယ်စပ်ကို ပိုပြီး စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့လည်း မျှော်လင့်ထားကြပါတယ်။

ဂိုအာမြို့မှာကျင်းပတဲ့ BRICS နဲ့ BIMSTEC ထိပ်သီးအစည်းအဝေးတွေကို တက်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံ တော်ခရီးစဉ်အနေနဲ့ နယူူးဒေလီမြို့တော်မှာ ရောက်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG