သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BIMSTEC နှင့် အိန္ဒိယ-မြန်မာ အနာဂတ်စီးပွားရေး ဆက်ဆံမှု အလားအလာ


ဒေါ်အောင်ဆန်းစုကြည်နှင့် BIMSTEC အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်များ။
ဒေါ်အောင်ဆန်းစုကြည်နှင့် BIMSTEC အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်များ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံ၊ Goa မြို့မှာ ကျင်းပနေတဲ့ BIMSTEC လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော် ကဏ္ဍပေါင်းစုံ ဖွံဖြိုးတိုးတက်ရေးအဖွဲ့ဝင် နိုင်ငံများရဲ့ ထိပ်သီး စည်းဝေးပွဲကို တက်ရောက်နေပါတယ်။ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဦးစားပေး လုပ်ဆောင်လိုတဲ့ ဝန်ကြီးချုပ် Narendra Modi အစိုးရဟာ သူရဲ့ အရှေ့မှာလှုပ်ရှားရေး မူဝါဒအောင်မြင်ရေး အတွက်ဆိုရင် မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတယ်ဆိုတာကို သဘောပေါက်ထားတာနဲ့အညီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီ အိန္ဒိယ ခရီးစဉ် အတွင်းမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေကို အလေးပေး ဆွေးနွေးကြဖို့ ရှိနေတာပါ။ အိန္ဒိယအစိုးရက ဦးဆောင်ဖွဲ့စည်းထားတဲ့ ဒီ BIMSTEC ထိပ်သီးစည်းဝေးပွဲရဲ့ အရေးပါမှုနဲ့ အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေတွေကို မြန်မာ့အရေး လေ့လာ သုံးသပ်သူ ဒေါက်တာ တင့်ဆွေနဲ့ ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG