သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ေဒၚေအာင္ဆန္းစုၾကည္အေပၚ အဂတိလိုက္စားမႈစဲြခ်က္ စီရင္ခ်က္ခ်ဖြယ္ရွိ 


ေဒၚေအာင္ဆန္းစုၾကည္(ယခင္မွတ္တမ္းရုပ္ပုံ)

ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲခ်က္တင္ထားတဲ့ အဂတိလိုက္စားမႈ တဒါဇင္နီးပါးထဲ က တမႈကို ဒီကေန႔ ဗုဒၶဟူးေန႔မွာ စီရင္ခ်က္ခ်ဖို႔ စီစဥ္ထားပါတယ္

ေဒၚေအာင္ဆန္းစုၾကည္အေပၚ အဂတိလိုက္စားမႈစဲြခ်က္ စီရင္ခ်က္ခ်ဖြယ္ရွိ

{{Zawgyi/Unicode}}
ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲခ်က္တင္ထားတဲ့ အဂတိလိုက္စားမႈ တဒါဇင္နီးပါးထဲ က တမႈကို ဒီကေန႔ ဗုဒၶဟူးေန႔မွာ စီရင္ခ်က္ခ်ဖို႔ စီစဥ္ထားပါတယ္။ မူလက ဒီသီတင္းပတ္ အေစာပိုင္းမွာ စီရင္ခ်က္ခ်ဖို႔ စီစဥ္ထားတာကို ဗုဒၶဟူးေန႔ကို ေရႊ႕လိုက္တဲ့ အေၾကာင္းရင္းကိုေတာ့ တရား႐ုံးက ထုတ္ျပန္ ေျပာဆိုတာ မရွိပါဘူး။

စြဲခ်က္တင္ထားတဲ့အမႈေတြကို စစ္ေဆးတဲ့အခါမွာ တံခါးပိတ္ စစ္ေဆးေလ့ရွိၿပီး သူရဲ႕ေရွ႕ေနေတြကိုလည္း သတင္းမီဒီယာေတြကို ေျပာဆိုခြင့္ စစ္ေကာင္စီ ကေန ပိတ္ပင္ထားပါတယ္။ အသက္ ၇၆ ႏွစ္ရွိ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ အခုအမႈအတြက္ အျပစ္ရွိေၾကာင္း တရား႐ုံးက ဆုံးျဖတ္ခဲ့မယ္ ဆိုရင္ေတာ့ အျမင့္ဆုံးေထာင္ဒဏ္ ၁၅ ႏွစ္ အထိခ်မွတ္ခံရႏိုင္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ႏိုင္ငံေတာ္ လွ်ဳိ႕ဝွက္ခ်က္ ေဖာက္ဖ်က္မႈ၊ ဆူပူေအာင္ လႈံေဆာ္မႈ၊ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ ေျမေနရာ အလြဲသုံးစားမႈ အပါအဝင္ စြဲခ်က္ေပါင္း မ်ားစြာနဲ႔ တရားရုံးတင္ထားၿပီး၊ ဒီအမႈေတြ အားလုံးအတြက္ အျပစ္ရွိေၾကာင္း ဆုံးျဖတ္ရင္ ေထာင္ဒဏ္ႏွစ္ ၁ဝဝ ေက်ာ္အထိ က်ခံရႏိုင္ပါတယ္။

လတ္တေလာမွာေတာ့ ကိုဗစ္ကပ္ေရာဂါ စည္းကမ္းခ်ဳိးေဖာက္မႈ၊ ဆက္သြယ္ေရး ဥပေဒ ခ်ဳိးေဖာက္မႈေတြနဲ႔ ေထာင္ဒဏ္ ၆ ႏွစ္ အျပစ္ေပးခံထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္

........................................................

ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုစွဲချက် စီရင်ချက်ချဖွယ်ရှိ

{{Zawgyi/Unicode}}
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့ အဂတိလိုက်စားမှု တဒါဇင်နီးပါးထဲ က တမှုကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စီရင်ချက်ချဖို့ စီစဉ်ထားပါတယ်။ မူလက ဒီသီတင်းပတ် အစောပိုင်းမှာ စီရင်ချက်ချဖို့ စီစဉ်ထားတာကို ဗုဒ္ဓဟူးနေ့ကို ရွှေ့လိုက်တဲ့ အကြောင်းရင်းကိုတော့ တရားရုံးက ထုတ်ပြန် ပြောဆိုတာ မရှိပါဘူး။

စွဲချက်တင်ထားတဲ့အမှုတွေကို စစ်ဆေးတဲ့အခါမှာ တံခါးပိတ် စစ်ဆေးလေ့ရှိပြီး သူရဲ့ရှေ့နေတွေကိုလည်း သတင်းမီဒီယာတွေကို ပြောဆိုခွင့် စစ်ကောင်စီ ကနေ ပိတ်ပင်ထားပါတယ်။ အသက် ၇၆ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုအမှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ် အထိချမှတ်ခံရနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော် လျှို့ဝှက်ချက် ဖောက်ဖျက်မှု၊ ဆူပူအောင် လှုံဆော်မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေနေရာ အလွဲသုံးစားမှု အပါအဝင် စွဲချက်ပေါင်း များစွာနဲ့ တရားရုံးတင်ထားပြီး၊ ဒီအမှုတွေ အားလုံးအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ရင် ထောင်ဒဏ်နှစ် ၁ဝဝ ကျော်အထိ ကျခံရနိုင်ပါတယ်။

လတ်တလောမှာတော့ ကိုဗစ်ကပ်ရောဂါ စည်းကမ်းချိုးဖောက်မှု၊ ဆက်သွယ်ရေး ဥပဒေ ချိုးဖောက်မှုတွေနဲ့ ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခံထားရပါတယ်။

XS
SM
MD
LG