သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



ဒေါ်အောင်ဆန်းစုကြည်(ယခင်မှတ်တမ်းရုပ်ပုံ)



{{Zawgyi/Unicode}}




dassk.mp3
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

.............................................

ဒေါ်အောင်ဆန်းစုကြည် အမှုအများအပြား ဒီနေ့ ဆုံးဖြတ်ချက်ချမည်

{{Zawgyi/Unicode}}
ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ရာဇဝတ်ကြောင်းအရ စွဲဆိုထားတဲ့အမှု အတော်များများကို ဒီကနေ့ သြဂုတ်လ ၁၅ ရက် တနင်္လာနေ့မှာ မြန်မာစစ်ကောင်စီ တရားရုံးကနေ ဆုံးဖြတ်ချက်ချဖို့ စီစဉ်ထားတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ သူအပေါ်ချမှတ်ထားတဲ့ အမှုတခုချင်းစီအတွက် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ထားပါတယ်။

အသက် ၇၇ နှစ် အရွယ်ရှိ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို မနှစ် နှစ်ဆန်းပိုင်း စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးပြီး အဂတိလိုက်စားမှုအပါအဝင် အနည်းဆုံး အမှုပေါင်း ၂ဝ နဲ့ စွဲချက်တင်ထားပါတယ်။ အဲဒါတွေ အားလုံးကို ဒေါ်အောင်ဆန်းစုကြည် က ငြင်းပယ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစီရင်မှု နဲ့ ပတ်သက်တဲ့ သတင်းတွေဟာ နိုင်ငံပိုင် သတင်းမီဒီယာကနေ တဆင့် အကန့်အသတ်နဲ့ သာ သိရှိခွင့်ရကြပါတယ်။

မနှစ် ဖေဖော်ဝါရီလဆန်းက စစ်အာဏာသိမ်းပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးခဲ့ပါတယ်။

XS
SM
MD
LG