သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးေရး “မျဖစ္ႏိုင္ဘူးလို႔ မေျပာႏိုင္” (ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း)


စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း

[[ ZAWGYI / UNICODE ]]

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးေရး “မျဖစ္ႏိုင္ဘူးလို႔ မေျပာႏိုင္” (ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း)

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေပၚေပါက္ေနတဲ့ ႏိုင္ငံေရးျပႆနာေတြကို ေျဖရွင္းေရး ၊ ဖမ္းဆီးခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးဖို႔ မျဖစ္ႏိုင္ဘူးလို႔ အျပတ္မေျပာႏိုင္ေၾကာင္း စစ္ေကာင္စီေျပာခြင့္ရက ေျပာလိုက္ပါတယ္။

လက္ရွိျမန္မာႏုိင္ငံရဲ႕ အက်ပ္အတည္းကုိ ေျဖရွင္းဖုိ႔အတြက္ စစ္ေကာင္စီအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆုံေဆြးေႏြးႏုိင္ပါသလားလုိ႔ ေမးျမန္းရာမွာ ႏုိင္ငံေရးမွာ မျဖစ္ႏုိင္တာဆိုလို႔ ဘာမွမရွိေၾကာင္း ေျပာခဲ့တယ္လို႔ စစ္ေကာင္စီေျပာခြင့္ရပုဂၢိဳလ္ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ကိုးကားၿပီး AFP သတင္းက ေသာၾကာေန႔မွာ ေဖာ္ျပခဲ့တာပါ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးဖို႔ မျဖစ္ႏိုင္ဘူးလို႔ မေျပာႏိုင္ေၾကာင္းလည္း ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဖမ္းဆီးအေရးယူခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးဖို႔ တိုက္တြန္းတဲ့ ႏိုင္ငံေတြရွိတယ္လို႔လည္း စစ္ေကာင္စီေျပာခြင့္ရက ေျပာေပမဲ့ ဘယ္ႏိုင္ငံေတြ ဆိုတာေတာ့ မေျပာဘူးလို႔လည္း သတင္းက ေဖာ္ျပပါတယ္။

အဂတိလိုက္စားမႈ အပါအ၀င္ စြပ္စဲြခ်က္ေပါင္းမ်ားစြာနဲ႔ ရင္ဆိုင္ေနရၿပီး ေထာင္ဒဏ္ စီရင္ခ်က္ ခ်မွတ္ခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကို မၾကာေသးခင္ကပဲ အက်ဥ္းေထာင္ကို ပို႔လိုက္တဲ့ သတင္းေၾကာင့္ ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕ ေ၀ဖန္မႈေတြလည္း ထြက္ေပၚေနတာပါ။

စစ္ေကာင္စီ ေျပာခြင့္ရကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ ေနေရးထိုင္ေရး၊ က်န္းမာေရး လိုအပ္တာေတြကို ေဆာင္ရြက္ေပးေနေၾကာင္း ေျပာပါတယ္။ ဒါေပမဲ့လည္း ျမန္မာႏိုင္ငံမွာ ေရာက္ေနတဲ့ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယား ဒု၀န္ႀကီးခ်ဳပ္လည္းျဖစ္၊ ႏိုင္ငံျခားေရး၀န္ႀကီးလည္းျဖစ္တဲ့ Prak Sokhonn နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေတြ႔ဆုံခြင့္ ေပးမွာမဟုတ္ေၾကာင္းလည္း ခရီးစဥ္ မတိုင္ခင္မွာ ကတည္းက စစ္ေကာင္စီ ေျပာခြင့္ရက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးရေး “မဖြစ်နိုင်ဘူးလို့ မပြောနိုင်” (ဗိုလ်ချုပ်ဇော်မင်းထွန်း)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရေး ၊ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ အပြတ်မပြောနိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရက ပြောလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးနိုင်ပါသလားလို့ မေးမြန်းရာမှာ နိုင်ငံရေးမှာ မဖြစ်နိုင်တာဆိုလို့ ဘာမှမရှိကြောင်း ပြောခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ကိုးကားပြီး AFP သတင်းက သောကြာနေ့မှာ ဖော်ပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ကြောင်းလည်း ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအရေးယူခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ တိုက်တွန်းတဲ့ နိုင်ငံတွေရှိတယ်လို့လည်း စစ်ကောင်စီပြောခွင့်ရက ပြောပေမဲ့ ဘယ်နိုင်ငံတွေ ဆိုတာတော့ မပြောဘူးလို့လည်း သတင်းက ဖော်ပြပါတယ်။

အဂတိလိုက်စားမှု အပါအဝင် စွပ်စွဲချက်ပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး ထောင်ဒဏ် စီရင်ချက် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးခင်ကပဲ အကျဉ်းထောင်ကို ပို့လိုက်တဲ့ သတင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာပါ။

စစ်ကောင်စီ ပြောခွင့်ရကတော့ ဒေါ်အောင်ဆန်းစုကြည် နေရေးထိုင်ရေး၊ ကျန်းမာရေး လိုအပ်တာတွေကို ဆောင်ရွက်ပေးနေကြောင်း ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့် ပေးမှာမဟုတ်ကြောင်းလည်း ခရီးစဉ် မတိုင်ခင်မှာ ကတည်းက စစ်ကောင်စီ ပြောခွင့်ရက ပြောဆိုထားပါတယ်။

XS
SM
MD
LG